Thursday, March 25, 2010

ကလေးနယ်မှာ အပူရှိန်မြင့်တက်လာပီ----မီးကိုလဲသတိပြု

ကလေးနယ်မှာ အပူရှိန်မြင့်တက်လာပီ----မီးကိုလဲသတိပြု
ကလေးမြို့နယ် အတွင်းမှာတော့ အပူရှိန်မြင့်တက်လာပြီလို့ သိရပါတယ်။ ကလေးမြို့နယ်အတွင်းတစ်ခုထဲ မဟုတ်ပဲ မြန်မာနိုင်ငံ နဲ့အ၀ှမ်း လည်း အပူချိန်မြင့်တက်တေနေပါတယ်။ အပူရှိန်မြင့်လာတဲ့ အတွက် အပူရှိန်များရင် ဖြစ်ပွားတတ်တဲ့ ရောဂါတွေနဲ့ ဆောင်ရန်၊ရှောင်ရန်တွေ တိကျစွလိုက်နာ တတ်ဖို့ တော့လိုမယ်ထင်ပါတယ်။ နေပူရှိန်မြင့်တက်လာတာနဲ့ အတူ မီးလောင်မှုများလည်း မကြာခဏ ဖြစ်ပွားနေပါတယ်။ ၂၀၁၀ခုနှစ်မတ်လအတွင်းမှာ တမူးမြို့ နယ် ဆရာစံ ကျေးရွာ ၊နဲ့ ကနန်ကျေးရွာတွေမှာ မီလောင်မှုတွေဖြစ်ပွားခဲ့ပါတယ်။ ကလေးမြို့ ပင်လုံရပ်ကွက် အတွင်းနဲ့ ချင်းပြည်နယ်လုံခင်းကျေးရွာတို့ မှာလည်း မီးလောင်မှုတွေဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ ဟာရေရှိတဲ့ချောင်းမြောင်းတွေ ပေါလို့ မီးဘေး ကာကွယ်ဖို့ အတွက် ရေကိစ္စ အဆင်ပြေပေမယ့်. ကိုယ့်ရပ်ကွက် ၊ကိုယ့်လမ်းတွေဟာ မီးသတ်ကားအလွယ်တကူဝင်နိုင်ဖို့လဲ လိုတယ်ဆိုတာ မီးသတ်ဋ္ဌာနမှ ပြောပြပါတယ်။ ကလေးမြို့ ပေါ်ရပ်ကွက်တွေ အတွင်းမှာ ရောင်းချ နေတဲ့ တိတ်တိတ်ပုန်းဓါတ်ဆီဆိုင်တွေကို လည်း မြို့ ပြင်ထုပ်ဖို့ တော့ လိုမယ်ထင်ပါတယ်လို့ ဒေသခံတွေပြောပြပါတယ်။ မီးဆိုတာ.....မလောင်ခင်.....တားထားမှကိုး ....ဒါမှမဟုတ်ရင်ဖြင့်....။ ။

Tuesday, March 23, 2010

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကလေးမြို့တွင်ကျင်းပ

ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကလေးမြို့တွင်ကျင်းပ

ရွှေလက်များ လူငယ်စာပေပရဟိတအဖွဲ့မှ ဦးဆောင်ကျင်းပသည့်
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ်အခမ်းအနား
ကို 21.3.2010 (တနင်္ဂနွေနေ့)တွင် မင်္ဂလာဥယျာဉ်ရပ်ကွက်၊
မင်္ဂလာဥယျာဉ်ကျောင်းတိုက်တွင် ကျင်းပခဲ့ကြောင်း သိရပါသည်။ ကလေးမြို့တွင်
ပထမဆုံးအကြိမ်ကျင်းပခြင်းဖြစ်ပြီး 2006 ခုနှစ်တွင် တမူးမြို့တွင်
ကျင်းပခဲ့ဖူးကြောင်း သိရသည်။ ၄င်းပွဲသို့ ကလေးမြို့ခံ
စာပေသမားများဖြစ်သော ဆရာသန်းရွှေဦး(ကလေး)၊ ဆရာမြရွက်၊
ဆရာမောင်ယဉ်အောင်(ကလေးမြို့)၊ ဆရာမောင်ကိုမောင်(ကလေး)တို့နှင့်
ရွှေလက်များလူငယ်စာပေပရဟိတအဖွဲ့ဝင်များဖြစ်သော ဆရာ သော်တာစံ(ကလေး)၊ ဆရာ
ဇွဲဆုပန်(ဆားလင်းကြီး)၊ ဆရာ လင်းဖွဲ့အိမ်၊ ဆရာသူရ(ကလေး)၊ ဆရာ လမင်းအို၊
ဆရာ မိုဃ်းဇက်သော်၊ ဆရာ မောင်မှိုင်းရီ(ဘူမိ)၊ ဆရာ
ကြယ်စင်ရောင်(ဘူမိ)နှင့် အဖွဲ့ဝင်စာပေ၀ါသနာရှင်များတက်ရောက်ကြပြီး
ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် စာပေစကားများပြောကြားခြင်း၊
ကဗျာများရွတ်ဖတ်ခြင်းများကို ပြုလုပ်ကြပြီး မြို့ပေါ်မှ
စာပေ၀ါသနာရှင်များတက်ရောက်နားထောင်ကြကြောင်း သိရပါသည်။
အထူးအစီအစဉ်အနေဖြင့် ရန်ကုန်မြို့မှ တာဝန်ဖြင့်ရောက်ရှိလာသော ကဗျာဆရာ
မြတ်ဝေ မှ အမှတ်တရ ကဗျာရွတ်ဖတ်ပေးခဲ့ကြောင်းလည်း သိရပါသည်။ ၄င်းပွဲကို
စူပါကော်ဖီမစ် မှ
စပွန်ဆာပေးခဲ့ပြီးအောင်မြင်စည်ကားသိုက်မြိုက်စွာပြီးဆုံးခဲ့ကြောင်းပါခင်ဗျာ။

Friday, March 19, 2010

အနှိပ်မှားလို့ ကတော့ “နာ”သွားမယ် ကလေးနယ်ကလူတွေသတိထား

အနှိပ်မှားလို့ ကတော့ “နာ”သွားမယ် ကလေးနယ်ကလူတွေသတိထား

ကလေးမြို့နယ်မှာ စီဒီအမ်အေ လို့ဖုန်းလေးတွေချပေးလိုက်ပါတယ်။ ဒီဖုန်းတွေကို အမျိုးအစားအလိုက် ၅-သိန်းတန်ဖုန်းနဲ့ ၁၅သိန်းခွဲ တန်ဖုန်းလို့ ခေါ်ကြတယ်။ ဒီဖက်ဒေသ က လူတွေက တော့ အနီးဖုန်းနဲ့ အဝေးဖုန်းတဲ့ ။ ကလေးမြို့ ကနေ အနီးဝန်းကျင်ဒေသတွေကို ပဲ ယူသွားလို့ ရတယ်ဆို ရင်တော့ အနီးဖုန်း--ငါးသိန်းတန်၊ မြန်မာနိုင်ငံတစ်နိုင်ငံလုံး သွားလေရာကိုယူသွားလို့ ရမယ်ဆိုရင်တော့ ၁၅သိန်းခွဲတန်--အဝေးဖုန်း ပေါ့ ။ဒီလိုခေါ်ကြတယ် ။ ဒီလို ဖုန်းတွေရလာတော့ လက်ကိုင်ဖုန်းလေးတွေနဲ့ ဟိုခေါ်လိုက် ဒီခေါ်လိုက်နဲ့ ။။ ပြောစရာမရှိတော့လည်း “ဟေ့သူငယ်ချင်း ထမင်းစားပီးလား ။လက်ဖက်ရည်ဆိုက်က စောင့်နေမယ်။ ” ဒီလိုဖုန်းကောတွေနဲ့ပဲ အချိန်ကုန်ကြတယ်။ ဘာပဲပြောပြော ဒီလိုဝယ်ထားတာ ဒီလိုကြွားချင်လို့ လို့ ပြောမယ်ဆိုရင်လဲ ရပါတယ်။ ဒါပေမယ့် ကလေးမြို့ က ဟဲန်ဖုန်းသမားတွေ ဖုန်းခေါ်မယ်ဆိုရင်တော့ အောက်မှာဖေါ် ပြထားတဲ့ သတင်းလေးကို ဖတ်စေချင်ပါတယ်။။။တော်တော်ကြာ အနှိပ်မှားလို့ ဒေါ်လာဆောင်နေရ အုန်းမယ်ဗျာ။။။

GSM ဖုန်းများအနေဖြင့် အခြားနံပါတ် ဂဏန်းကိုးလုံးပါသော ပြည်တွင်းဖုန်းများသို့ ဆက် သွယ်ခေါ်ဆိုရာတွင် မှားယွင်းစွာ ရှေ့ဂဏန်းတစ်လုံး ပိုနှိပ်မိပါက နိုင်ငံခြားခေါ်ဆိုမှု (oversea call) စာရင်းဝင်သွားတတ်သည်ဟု GSM Care Centre မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ “ဖုန်းနံပါတ် ပိုနှိပ်မိတိုင်းတော့ နိုင်ငံခြားခေါ်ဆိုမှု (oversea call) စာရင်းဝင်သွားနိုင်တာတော့ မဟုတ်ပါဘူး။

အဓိကကတော့ ဖုန်းနံပါတ် ရှေ့ဂဏန်းတွေကို ပိုနှိပ်မိတယ်ဆိုရင် oversea call ၀င်သွားတတ်တာပါ။ ဖုန်းနံပါတ် နောက်ဆုံးဂဏန်းတွေ ပိုနှိပ်မိမယ်ဆိုရင် oversea call မ၀င်နိုင်ပါဘူး။ တချို့လုပ်ငန်းရှင်တွေဆီ တစ်ခါတစ်ရံဖုန်းဘေလ်ကြွေးကျန်ရှိသေးတယ်ဆိုပြီး စာရောက်လာလို့ ဖုန်းရုံးကိုသွားမေးကြည့်တဲ့အခါ နိုင်ငံခြားခေါ်ဆိုမှု(call)ဖြစ်နေတာကိုမကြာ ခဏကြုံနေကြရတယ်။ အဲဒါတွေကလည်း ဖုန်းနံပါတ်ရှေ့ဂဏန်း(ဥပမာ -၀၉ မှာ ၀၀၉)ဆိုပြီး ပိုနှိပ်မိတာကြောင့်ဆိုတာ တွေ့ရတယ်။ ဒီအဖြစ်တွေကိုစီးပွားရေးလုပ်ငန်းရှင်တွေတော်တော် များများက ကြုံတွေ့နေရပြီး ဖုန်းရုံးကို ဘယ်လိုမှ ဖြေရှင်းလို့ မရတော့ဘဲ နိုင်ငံခြား ခေါ်ဆိုမှု (oversea call)အတွက် ကျသင့်ငွေကို ရှင်းပေးရပါတယ်” ဟု၎င်းက ပြောသည်။မိုဘိုင်းဖုန်း (GSM)ပြည်တွင်းခေါ်ဆိုမှုအတွက် ကျသင့်ငွေမှာ ၁ မိနစ် ကျပ် ၅၀ဖြစ်ပြီး ပြည်ပခေါ်ဆိုမှုအ တွက် ကျသင့်ငွေမှာ နိုင်ငံအလိုက် ကွာခြားသွားကြောင်း ၂၀၁၀ ခုနှစ် မတ်လ ၁၈ ရက်နေ့ ထုတ် Popular News ဂျာနယ်တွင်ဖော်ပြထားပါသည်။
ဂျီအက်စ်အမ် ဆိုပေမယ့်လဲ ....စီဒီအမ်အေ မှာလည်း ဒီလိုဖြစ်တတ်ပါတယ်နော။။။

၂၀၁၀ မောင်ချောနွယ်ကဗျာဆု ဟုခေါ်ဆိုပေးအပ်မည်။

၂၀၁၀ မောင်ချောနွယ်ကဗျာဆု


ရန်ကုန်အခြေစိုက် လူငယ်ကဗျာဆရာများ စုစည်း၍ ၂၀၀၉ သြဂုတ်လမှ ၂၀၁၀ ဇူလိုင်လအတွင်း မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြခဲ့သော ကဗျာများအား ဖတ်ရှုပြီး `၂၀၁၀ မောင်ချောနွယ်ကဗျာဆု´ ရွေးချယ် ချီးမြှင့်သွားရန်
စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။ ကဗျာဆုအမ `မောင်ချောနွယ်ကဗျာဆု´ဟု အမည်သတ်မှတ်ရခြင်းမှာ ပုဂ္ဂိုလ်ရေးခင်မင်ရင်းနှီးမှု၊ ပုဂ္ဂိုလ်ရေးကိုးကွယ်မှုကြောင့် မဟုတ်ဘဲ ကဗျာဆရာမောင်ချောနွယ်၏ ကဗျာဆရာဘ၀ဖြတ်သန်းမှုနှင့် အနုပညာဖန်တီးမှုများကို ဂုဏ်ပြုအောက်မေ့သောအားဖြင့် သူ၏ကလောင်အမည်အား ကဗျာဆုခေါင်းစဉ်အဖြစ် ရွေးချယ်သတ်မှတ်ထားခြင်းဖြစ်ပါ သည်။ ကဗျာဆုစာရင်းဝင်နိုင်သည့်ကဗျာများ ၂၀၀၉ သြဂုတ်လမှ ၂၀၁၀ဇူလိုင်လအတွင်း မဂ္ဂဇင်းများတွင် ပုံနှိပ်ဖော်ပြသည့် ခေတ်ပြိုင်ကဗျာများ-

(၁)ခေတ်ပေါ်ကဗျာ

(၂)ဘာသာစကားကဗျာ

(၃)နီယိုမော်ဒန်ကဗျာ

(၄)ပို့စ်မော်ဒန်ကဗျာ

(၅)စကားပြေကဗျာ

(၆)ကောလော့ဂ်ျကဗျာ အားလုံး ကဗျာဆုစာရင်းဝင်ကဗျာဖြစ်နိုင်ပါသည်။

ကဗျာများ ပဏာမရွေးချယ်မည့်စနစ်

မဂ္ဂဇင်းကဗျာများအား ကဗာဆရာ ၁၀ ဦးပါဝင်သည့်`မောင်ချောနွယ်ကဗျာဆု´ ရွေးချယ်ရေးအဖွဲ့မှ လစဉ်ရွေးချယ်ဖတ်ရှုသွားပါမည်။ ဆုရွေးချယ်ရေးအဖွဲ့အပြင် အနယ်နယ်အရပ်ရပ်ရှိ ကဗျာအသိုင်းအ၀ိုင်းမှ
ကဗျာဆရာများ ကျယ်ကျယ်ပြန့်ပြန့်ပါဝင်ရွေးချယ်နိုင်စေရန် စီစဉ်ဆောင်ရွက် ထားပါသည်။ အောက်ပါကဗာအသိုင်းအ၀ိုင်းမှ လစဉ်စိတ်ကြိုက်ရွေးချယ်ထားသည့် ကဗျာများအား အမည်ပူးတွဲဖော်ပြပါ ကဗျာဆရာ (သို့မဟုတ်)
အခြားသင့်တော်မည့် ဒေသခံကဗျာဆရာတစ်ဦးက တာဝန်ယူ၍ ရန်ကုန်ရှိ `မောင်ချောနွယ်ကဗျာဆု´ ရွေးချယ်ရေးအဇွဲ့ထံသို့ ၃ လ တစ်ကြိမ် ဆက်သွယ်ပေးပို့သွားရန် မေတ္တာရပ်ခံပါသည်။

၁။မန္တလေး ကဗျာဆရာ စံငြိမ်းဦး (၀၉၂၁-၃၀၅၀၄)
၂။ပျဉ်းမနား၊တောင်ငူ ကဗျာဆရာ အိုအောင် (၀၆၇-၂၁၆၅၈)
၃။မုံရွာ ကဗျာဆရာမင်းဆွေနှစ်(၀၉၂၁-၃၁၅၀၀)
၎။ပခုက္ကူ ကဗျာဆရာကေမျိုးငြိမ်း
၅။ပြင်ဦးလွင်၊ လားရှိုး ကဗျာဆရာနွယ်စိမ်းဝေ(၁၈၅-၂၂၂၁၁)
၆။ကလော၊ အောင်ပန်း ကဗျာဆရာနိုင်မွန်အောင်သွင်
၇။ပြည် ကဗျာဆရာတိုးနှောင်မိုး(၀၅၃-၂၂၃၅၀)
၈။ပဲခူး ကဗျာဆရာခရမ်းပြာထက်လူ(၀၅၂-၂၁၈၆၆)
၉။မကွေး၊ တောင်တွင်း ကဗျာဆရာရာမျိုး(၀၆၃-၆၀၇၉၀)
၁၀။ပုသိမ်၊ လပွတ္တာ၊ ဟင်္သာတ ကဗျာဆရာမြတ်ခိုင်ဦး(၀၉၈၅-၈၀၆၁၉)
၁၁။မြိတ်၊ ထားဝယ် ကဗျာဆရာပိုင်
၁၂။လွိုင်ကော် ကဗျာဆရာဥတ္တရာအောင်(၀၉၅၂-၄၁၃၄၈)
၁၃။ရန်ကုန် ကဗျာဆရာမည်သူမဆို

ဆုရွေးချယ်ရေးအဖွဲ့
***************
လစဉ်ရွေးချယ်ထားသည့်ကဗျာများနှင့် အထက်ပါကဗျာအသိုင်းအ၀ိုင်းမှ ပေးပို့သည်.ကဗျာများအားလုံး စုစည်း၍ဆုရွးချယ်ရေးအဖွဲ့ဝင် ကဗျာဆရာ ၁၀ ဦးက အမှတ်ပေးစနစ်၊အမှတ်တူလျှင်မဲစနစ်အသုံးပြု၍ ၃ လတစ်ကြိမ်အကြိုက်ဆုံးဆန်ကာတင်ကဗျာ ၆ ပုဒ်ရွေးချယ်သွားပါမည်။
၃ လ လျှင် ၆ ပုဒ် နှုန်းဖြင့် ၁၂ လအ ကြာတွင် နောက်ဆုံးဆန်ကာတင်ကဗျာ ၂၄ ပုဒ် ရရှိလာသည့်အခါ ဆုရွေးချယ်ရေးအဖွဲ့က အမှတ်ပေး/မဲစနစ်ဖြင့် `မောင်ချောနွယ်ကဗျာဆု´ရ ကဗျာအား အတည်ပြုရွေးချယ်သွားမည်ဖြစ်ပါသည်။

ဆုချီးမြှင့်ပွဲအခမ်းအနား
******************
`မောင်ချောနွယ်ကဗျာဆု´ချီးမြှင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့၌ ၂၀၁၀ -စက်တင်ဘာလ ၃ ရက်တွင် ကျင်းပသွားပါမည်။ ဆုရကဗျာဆရာအား `မောင်ချောနွယ်ကဗျာဆု´ လက်မှတ်၊ အထိမ်းအမှတ် ပန်းပုတစ်ခုနှင့် ဆုကြေးငွေ အနည်းဆုံး ကျပ် (၁) သိန်း ချီးမြှင့်သွားပါမည်။
ဆုရွေးချယ်ရေးအဖွဲ့
*****************
ရန်ပုံငွေအခြေအနေပေါ်မူတည်၍ ကဗျာဆရာနာမကျန်းထောက်ပံ့ငွေ၊လူမှုရေးထောက်ပံ့ငွေများလည်း ပေးအပ်သွားရန် ရည်ရွယ်ထားပါသည်။

`မောင်ချောနွယ်ကဗျာဆု´ အလုပ်အမှုဆောင်အဖွဲ့
*******************************
`မောင်ချောနွယ်ကဗျာဆု´ အလုပ်အမှုဆောင်အဖွဲ့ကို အောက်ပါအတိုင်းဖွဲ့စည်းထားပါသည်။
ဆုရွေးချယ်ရေးကော်မတီ ကဗျာဆရာ ၁၀ ဦ
****************** ****************
ဘဏ္ဍာထိန်း
********
လူဇော်သစ်၊ သူရနီ၊ မောင်မင်းစိုး
စာရင်းထိန်း
*********
အောင်ရင်ငြိမ်း၊ ကေမျိုးငြိမ်း၊ မာန်ထက်သာ
သတင်းမှတ်တမ်း
**********
မင်းသက်ဇဉ်၊ Aမွန်၊ ဖွဲ့သီသစ်၊ လူပအောင်
ပြန်ကြားရေး
************
အောင်ရင်ငြိမ်း၊ ဇော်လူစိမ်း၊ အဇ္ဇျတ္တ
ရန်ပုံငွေကောက်ခံရေး
***************
မာန်ထက်သာ၊ ကေမျိုးငြိမ်း၊ ချစ်တိုးနွယ်၊ လင်းသဏ်ညီ၊ စိုးမင်းအောင်၊ Aမွန်

ရန်ပုံငွေကောက်ခံရေး
***************
မောင်ချောနွယ်ကဗျာဆု အလုပ်အမှုဆောင်အဖွဲ့များအနေဖြင့် ၂၀၀၉ ဒီဇင်ဘာလမှစ၍ ၁ လ လျှင် ရန်ပုံငွေ ၁၀၀၀ ကျပ် ပုံမှန်ထည့်ဝင်သွားရန် သတ်မှတ်ထားပါသည်။
ကဗျာဆုရွးချယ်ချီးမြှင့်နိုင်ရေး၊ အခမ်းအနားကျင်းပနိုင်ရေး၊ သတင်းမှတ်တမ်းတင် ဗီဒီယိုရိုက်ကူးရေး၊ ဗီစီဒီအခွေများ ဖြန့်ဝေနိုင်ရေးအတွက် ရန်ပုံငွေတောင့်တင်းခိုင်မာမှုရှိရန် လိုအပ်ပါသည်။ ထို့ကြောင့်နောက်ဆက်တွဲအမည်ပါ `မောင်ချောနွယ်ကဗျာဆု´ ရွေးချယ်ရေး အမာခံအဖွဲ့ဝင်များ အနေဖြင့် ၁ လ လျှင် ၁၀၀၀ ကျပ် သို့မဟုတ် ၅၀၀ ကျပ် နှုန်းအနေဖြင့် ရန်ကုန်ရှိ အလုပ်အမှုဆောင်အဖွဲ့၊ ရန်ပုံငွေကောက်ခံရေးအဖွဲ့ဝင်များထံသို့
စာရင်းဇယားနှင့်တကွ ၁ လ တစ်ကြိမ်ထည့်ဝင်သွားကြပါရန် မေတ္တာရပ်ခံနှိုးဆော်အပ်ပါသည်။ ကဗျာဆုချီးမြှင့်ခြင်းကို စိတ်ဝင်စားသည့်အခြားမည်သူမဆို မိမိတို့စေတနာအလျှောက် ရန်ပုံငွေများ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
သတင်းပြန်ကြားရေး
*************
မောင်ချောနွယ်ကဗျာဆု ဆန်ကာတင်စာရင်းဝင် ကဗျာများအား ပုံနှိပ်မီဒီယာမှားမှတဆင့် အသီပေးကြေညာသွားပါမည်။ ရန်ပုံငွေကောက်ခံရရှိမှု အခြေအနေများကို စာရင်းထိန်း နှင့် သတင်းပြန်ကြားရေး အဖွဲ့များမှတဆင့် အမာခံအဖွဲ့ဝင်များထံသို့ ၃ လ တစ်ကြိမ် ရှင်းလင်းပေးပို့ သွားပါမည်။
ရန်ပုံငွေဆက်သွယ်လှူဒါန်းရန်
*********************
ကေမျိုးငြိမ်း (၀၁-၃၈၆၈၉၁)
မာန်ထက်သာ (၀၉၅၀-၃၈၉၇၂)
ဇော်လူစိမ်း (၀၉၅၃-၂၀၈၆၈၊ ၀၁-၇၂၇၂၉၄)
ချစ်တိုးနွယ ( ၀၁-၆၉၁၃၇၀)
လင်းသဏ်ညီ (၀၁-၃၈၆၈၉၁၊၀၁- ၅၁၉၃၁၈)
စိုးမင်းအောင် (၀၁-၃၈၆၈၉၁၊၀၁-၅၅၇၄၄၈-၃၂၀၄)
Aမွန် (၀၁-၃၈၆၈၉၁)
(တာဝန်ခံ)
သတင်းပြန်ကြားရေး
မောင်ချောနွယ်ကဗျာဆု အလုပ်အမှုဆောင်အဖွဲ့
ရန်ကုန်မြို့။
`မောင်ချောနွယ်ကဗျာဆု´ ဖြစ်မြောက်ရေး အမာခံအဖွဲ့ဝင်များ
ဆက်လက်ဖော်ပြပါမည် ဟု မြစ်သာ လွင်ပြင်မှ သိရှိရပါသည်။
*****ကမကထ လုပ်ကြတဲ့ အထဲ ကလေး၊ တမူး ၊ ကလေးဝ နယ်ဖက်က တစ်ယောက်မှမပါဘူး နော်။။ကလေးမြို့ က စာပေသမားများ ...ဘယ်ချောင်ကြားရောက်နေကြ ပါလိမ့် ။။။ကိုမြစ်သာတို့ မြို့မှာ လည်း ကဗျာဆရာတော့ ပေါ တယ်လို့ ပြောတာပဲဗျာ ။***** (ကိုမြစ်သာ ရဲ့ စကားချပ်လေးပါ ။)

Tuesday, March 16, 2010

၁၄ စင်းမြောက် ရွှေဆံပင်တံတား ရန်ကုန်မဟာပွဲရုံမိသားစုကလှူဒါန်း

၁၄ စင်းမြောက် ရွှေဆံပင်တံတား ရန်ကုန်မဟာပွဲရုံမိသားစုကလှူဒါန်း

အလောင်းတော် ကဿပသွားလမ်း ရွှေဆံပင်တံတားများကို တံတားဖြစ်မြောက်ရေး ဦးဆောင်နာယက ဆရာတော် ဦးဝေပုလ္လ (ဓမ္မာစရိယာ) ဥဘတောဝိဘင်္ဂဓရနှင့် ဒေသခံနာယက ဆရာတော်များ၊ ဒါယကာ၊ ဒါယိကာမများ ပူးပေါင်းဆောင်ရွက်တည်ဆောက် လျက်ရှိရာ အလျား ၃ဝပေ၊ အကျယ် ၁၆ ပေ သံကူကွန်ကရစ် တံတားကြီးကို ရန်ကုန်မြို့ မဟာမြိုင်ပွဲရုံ ဦးချိန်၊ ဒေါ်ကြင်ဆိုင် မိသားစုက ကုသိုလ်ယူ တည်ဆောက်လျက်ရှိ ကြောင်းသိရှိရသည်။ အလောင်းတော် ကဿပ သွားရာလမ်း ဖြစ်သည့် ရွာသစ်၊ ရင်ပေါင်တိုင်၊ ဆင်ဆွယ်ရွာ လမ်းအရှည် ငါးမိုင်နှင့် တံတားငါးစင်းအတွက် ယင်းမာပင်မြို့နယ် ဆင်စွယ်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ တေဇသာရ (သဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ၊ ဒါယိကာမများ။ ရန်ကုန်မြို့နေ ဒေါ်ခင်မာဦး၊ သမီး မရီရီခန့်မိသားစုတို့ကလည်း နဝကမ္မ အလှူတော်ငွေများ လှူဒါန်းသွားကြောင်း သိရှိရသည်။

Thursday, March 4, 2010

ကိုရီးယားရောက် ကလေးသားများအသင်း ဖွဲ့ စည်း ထားသည်ဟုသိရှိရ

ကိုရီးယားရောက် ကလေးသားများအသင်း ဖွဲ့ စည်း ထားသည်ဟုသိရှိရ
တောင်ကိုရီးယားနိုင်ငံရောက် ကလေးသားများ အသင်းကိုဖွဲ့ စည်းထားသည်ဟု ကိုရီးယားရောက် ကလေးသားများ အသင်းမှ တင်ထားသော ၀က်ဆိုက်မှ တဆင့် သိရှိရပါတယ်။ ဒီအသင်းလေးကို ကုသိုလ်ဒါန ပြုလုပ်ရန်နှင့် ကိုရီးယားရောက် ကလေးသားအချင်းချင်းကူညီရိုင်းပင်းနိုင်ရန် ဖွဲ့စည်းထူထောင်ခဲ့တယ်လို့ ကလေးသား ကိုဖိုးလုံးက ပြောပြပါတယ်။ ကိုရီးယားရောက်ကလေးမြို့ သားများမှ စုစည်း၍ လစဉ် အလှူငွေကောက်ခံပြီး ရန်ကုန်မြို့ ရှိ ကလေးကျောင်း၊ကလေးမြို့ နေသာကျောင်း၊ အခြားလူမူ့ ရေး နှင့် ပရဟိတ အသင်းအဖွဲ့ များအား လှူဒါန်းမှူ့ ပြုလုပ်နိုင်ရန် ရည်ရွယ်၍ ကိုရီးယားနိုင်ငံနှစ်ကူးပိတ်ရက်(ဆောလ်နာမ်)၌ ကလေးသားများ၏ ရိုးရာအစဉ်အလာမပျက်ကျွန်တော်တို့ ၏လက်တွေအားလုံးလေထဲကိုမြှေက်၍ အောင်မြင်စွာဖွဲ့ စည်းနိုင်ခဲ့ပါတယ်လို့ အဆိုပါ ၀က်ဆိုက်မှာ ဖေဖေါ်ဝါရီလ (၁၆)ရက်နေ့ ပို့စ် မှာ ဖေါ်ပြထားပါတယ်။ ကလေးသားတွေရဲ့ လစဉ်လှူဒါန်းမှု အသီးသီးကိုလည်း ဖေဖေါ်ဝါရီလ (၂၈) ရက်နေ့ ပို့စ် မှာ အောက်ပါအတိုင်းဖေါ်ပြထားပါတယ်။
Sunday, February 28, 2010
လစဉ်အလှူငွေကောက်ခံရရှိခြင်း
ကျနော်တို့  ကလေးမိသားစု(ကိုရီးယား)မှ ၂လပိုင်းကောက်ခံရရှိငွေများမှာ

1. ကိုသိန်းလင်း =၃၀၀၀၀ ဝမ်
2. ကိုဘီဂျေး =၃၀၀၀၀ ဝမ်
3. ကိုအောင်မြင့် ဌေး =၃၀၀၀၀ ဝမ်
4. ကိုမြင့် ဝေ(အဲစ) =၃၀၀၀၀ ဝမ်
5. ကိုအောင်ဆန်းလွင် =၁၅၀၀၀ ဝမ်
6. ကိုဝေယံဦး =၃၀၀၀၀ ဝမ်
7. ကိုပြည့် ဖြိုး =၂၀၀၀၀ ဝမ်
8. ကိုအောင်ရဲဝင်း(မန်းချီး)=၃၀၀၀၀ ဝမ်

စုစုပေါင်း =၂၁၅၀၀၀ ဝမ်တိတိကိုကောက်ခံရရှိပါသည်။

လစဉ်ကောက်ခံရရှိငွေများကို ကလေးကျောင်း(ရန်ကုန်)၊နေသာကျောင်း(ကလေးမြို့ ) ၊ဆွမ်းလောင်းအသင်းများနှင့် အခြားပရဟိတအသင်းအဖွဲ့ များအား လှူဒါန်းသွားပါမည်။အလှူဒါနပြုလုပ်ဆောင်ချက်များအား သာဓုအာနုမောဓနာခေါ်ဆိုနိုင်ရန် ဓာတ်ပုံများဖြင့်ပြန်လည်ဖော်ပြသွားပါမည်ဖြစ်ကြောင်း နိဗ္ဗာန်အကျိုးမျှော်၍ ဖော်ပြအပ်ပါသည်။

လစဉ်ပဒေသာပင်အလှူငွေများကို အောက်ပါဘဏ်အကောင့် များသို့ ထည့် ဝင်လှူဒါန်းနိုင်ပါသည်။

IBK 473-021290-01-014 aung myint htay

KB 847901-01-322525 aung myint htay

NongHyup 130-50-200-4537 aung myint htay
Posted by aungmyinthtay at 10:13 AM 0 comments
Labels: ကိုရီးယား
ကမ္ဘာအရပ်ရပ်က ကလေးမြို့ ၊ကလေးဝ၊ တမူးနဲ့ချင်းတောင်၊ ယောဒေသက အပေါင်းအသင်းများ လည်းအခုလို အဖွဲ့ အစည်းတွေ ရှိတယ်ဆိုရင် ဖေါ်ပြပေးဖို့ ကိုမြစ်သာ က လိုချင်ပါတယ်လို့ ပြောပါရစေ။ မေးလိပ်စာက တော့ myitthar.news@gmail.com ကိုဆက်သွယ်ပေး ပို့ ကြပါဗျာ။

Tuesday, March 2, 2010

ထင်းခုပ်စားဖို့ ကောင်းသူများရဲ့ သတင်းပဒေသာ..........(၁)

သတင်းသမားဆိုတာ ကိုယ်ရေးတဲ့ အချက်အလက်တွေကို တာဝန်ယူရပါတယ်။ ကိုမြစ်သာ ဟာ သတင်းသမား ဆိုတာထက် သတင်းကိုချစ်မြတ်နိုးတဲ့ သူ တစ်ယောက်အနေနဲ့ တော့ သတင်းတွေကို ဖော်ပြ လျှက်ပါပဲ ။ ဒါပေမယ့် မြန်မာနိုင်ငံအတွင်းမှာ ရှိတဲ့ အချက်အလက်တွေထက် မြစ်သာလွင်ပြင်မှာ ရှိတဲ့ သတင်းတွေ ကိုသာ ဦးစားပေးဖေါ်ပြခဲ့ပါတယ်။ အခြား အခြား သောနယ်များ မှ သတင်းတွေကို ဘယ်လိုမှ မဆန်း စစ်တတ်ပေမယ့် မြစ်သာလွင်ပြင်မှာ ရှိတဲ့ သတင်းတွေကိုတော့ သေသေချာချာလေ့ လာ ဆန်းစစ်တင်ပြလျှက်ရှိပါတယ်။ အခါ အားလျော်စွာ သတင်းတွေကို တတ်နိုင်သလောက်စုဆောင်းတင်ပြ နေပေမယ့် .. .. အချို့ သော မီဒီယာများ အတွင်းမှ သတင်း တွေထဲ က အမှားတွေကိုပါ တွေ့ လာကြရပါတယ်။ ကိုယ်ပိုင်ပိုင်နိုင်နိုင် မသိပဲ ဖေါ်ပြခဲ့တဲ့ သတင်းတွေကို တော်တော်များများ သတိထားမိလာပါတယ် ။ အထူးသဖြင့် ဂျာနယ်တော်တော်များ များမှာ ရေးသားနေတဲ့ သတင်းသမားတွေ ထဲက စုန်းပြူး သတင်းသမားအမည်ခံ သတင်းလုပ်စား သူများရဲ့သတင်းတွေကို တွေ့ရ များလာပါတယ်။ ယောင်ဝါး ၀ါး သတင်းများ ဟာ စာဖတ်ပရိတ်သတ်ကို ပါစော်ကားမော်ကားလုပ်တယ်လို့ လဲခံစားရပါတယ်။ သတင်းတစ်ပုဒ်ရဲ့မူလ တန်ဖိုး ဖြစ်တဲ့ သတင်းဟာ တိကျသေချာမှု ဆိုတဲ့ တန်ဖိုး ကို အလေးမထား ကြတာတွေ သိလာရတော့ တော်တော်စိတ်ပျက်လာပါတယ်။ စာနယ်ဇင်းဆရာကြီး တစ်ဦးက ပြောဖူးပါတယ် ၊ထမင်းတစ်လုပ်အတွက်တော့ ထင်းခုပ်စားလို့ ရပါသေးတယ်တဲ့ ။ ထမင်း တစ်လုပ်အတွက် သတင်းတစ်ပုဒ်ကို ဖြစ်သလိုရေး ကြတဲ့ သူတွေအတွက် ပရိတ်သတ်များ သိအောင်စုဆောင်းတင်ပြ ဖို့ .........ထင်းခုပ်စားဖို့ ကောင်းသူများရဲ့သတင်းပဒေသာ .......လို့ ခေါင်းစဉ်တပ်ကာ တင်ပြသွားပါ့မယ်။

ထင်းခုပ်စားဖို့ ကောင်းသူများရဲ့ သတင်းပဒေသာ..........(၁)

ကိုမြစ်သာ ဈေးကွက်ဂျာနယ်ကို အွန်လိုင်းကနေတဆင့်ဖတ်မိပါတယ် ။အဲဒီထဲက ဒေသတွင်းသတင်းစုံ ဆိုတဲ့ ထဲက သတင်းတစ်ပုဒ်ကို အောက်ပါအတိုင်း ဖတ်မိပါတယ်။

နေသာပညာဒါန မဂ္ဂဇင်း ၁၅နှစ်ပြည့်အတွက် စာမူဖိတ်ခေါ်

ကလေးမြို့ ဗိုလ်ချုပ်လမ်းနေသာ ပညာဒါနခရီး ၁၅နှစ်ပြည့် အထိမ်းအမှတ်အဖြစ် စာမူစာအုပ်အပြင်အဆင် ကောင်းမွန်သေသပ်စွာ ထုတ်ဝေမည်ဖြစ်သဖြင့်နယ်မှ ကလောင်ရှင်များ အပါအဝင် မည်သူမဆို ဝတ္ထုဆောင်းပါး၊ ကဗျာ၊ စာမူများ၊ အကန့်အသတ်မရှိ ပေးပို့နိုင်ပြီး ရွေးချယ် အသုံးပြုသော စာမူများအား ထိုက်တန်စွာ ဥာဏ်ပူဇော်ခ ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် မရွေးချယ်သော စာမူများအား ပြန်လည်ပေးပို့မည်မဟုတ်သဖြင့် လက်ခံမိတ္တူထားရှိပြီးမှ ပေးပို့ရန် နေသာခေတ်မီစာကြည့်တိုက် အလုပ်အမှု ဆောင်အဖွဲ့မှ ကြော်ငြာရှင်မခေါ်ပဲ ဈေးကွက်ဝင်အဆင့်ထိ ရန်ကုန်တွင် အပ်နှံထုတ်ဝေမည်ဖြစ်ကြောင်း သိရသည်။ စာမူများကို ၂ဝ၁ဝ မတ် ၃၁ ရက်နေ့ နောက်ဆုံးထား၍ နေသာပညာဒါနမဂ္ဂဇင်း၊ နေသာစာကြည့်တိုက်၊ ဗိုလ်ချုပ်လမ်း၊ ကလေးမြို့၊ ဖုန်း-ဝ၇၃-၂၁၂၄၈ သို့ ပေးပို့နိုင်ကြောင်း သိရသည်။
သန်းညို့


ဒီသတင်းတွေထဲက အချက်အလက်တွေကို သေသေချာချာ မေးမြန်း ကြည့်တော့ နေသာစာကြည့် တိုက်က ဒီလိုပြန်ဖြေခဲ့ပါတယ်ဗျာ။
ဆရာတို့ခင်ဗျား၊ ကွန်မန့်မဟုတ်ပါဘူး။ ရှင်းချက်ပါ။ ကျွန်တော်က နေသာစာကြည့်တိုက်ကော်မတီအတွင်းရေးမှူးနဲ့ တွဲဖက်စာကြည့်တိုက်မှူးပါ။ ကျွန်တော်တို့အနေနဲ့ စာမူခ ထိုက်တန်စွာချီးမြှင့်ဖို့ ဆုံးဖြတ်ချက်ချမှတ်ရခြင်းမရှိသေးပါ။ ကြောငြာရှင်မခေါ်ဘဲထုတ်ဝေဖို့လည်း မဖြစ်နိုင်ပါ။ အနည်းဆုံး ဒေသတွင်းစီးပွားရေးလုပ်ငန်းတွေလောက်တော့ ခေါ်မှာသေချာပါတယ်။ နောက် စာမူကန့်သတ်ရက်က ၂၀၁၀ခုနှစ် မတ်လ (၁၅)ရက်ပါ။ ဖုန်းနံပါတ်ကတော့ 073-21468 နဲ့ 22644 တို့ဖြစ်ပါတယ်။ မှားနေလို့ပါ။ ကျေးဇူးတင်ပါတယ်။
အောင်ဆန်းလင်း
အဲလိုကွန်မန့်တင်ထားတယ်။ ဖတ်လိုက်ဦး။
http://www.zaygwet.com/local_news_detail.php?id=304

အဲဒီလို ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဘာတွေဘယ်လိုမှားနေတယ်ဆိုတာ စာဖတ်သူသိလောက်ပါပြီး ။ စာကြောင်း ရေ သုံးကြောင်းလောက်ပါတဲ့ သတင်းတစ်ခု ဟာ..........ဒီလိုပဲဖြစ်သင့်ပါသလားဗျာ ။

Monday, March 1, 2010

.ကလေးတစ်မြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာ တပေါင်းပွဲ

စတိုင်ပြောင်းသွားတဲ့ ...............ကလေးတစ်မြို့နယ်လုံးဆိုင်ရာ ရွှေဘုံသာ တပေါင်းပွဲ
ကလေးမြို့ နယ်မှာ တပေါင်းပွဲဆို ရွှေဘုံသာတပေါင်းပွဲရယ်လို့ ပြောစရာမလိုပါဘူး ။ တစ်မြို့နယ်လုံးဆိုင် ရာကိုး ။ ဟိုး ယခင်ကတော့ ဇတ်ပွဲတွေ ဘာတွေနဲ့ ၊ အားကစားဆိုရင်လဲ ဘောလီဘောပွဲ ဆိုတာ .....အို.....ကောင်းမှ ကောင်း။ တိုင်းလက်ရွေးစင်ဆိုတာတွေ အထိ။ မကွေးတိုင်းက နေ မြန်မာလက်ရွေးစင်ဖြစ်သွားတဲ့ သူ၊ စစ်ကိုင်းတိုင်းက နေမြန်မာ လက်ရွေး စင်ဖြစ်သွားတဲ့သူ ... အောတိုက်လို့။ ဘောလီဘောပွဲ ကြည့်မယ်ဆိုရင်တောင် ၀င်ကြေးနဲ့ ကြည့်ရတာ ။ နောက်တော့ ဘယ်လိုက ဘယ်ပုံဖြစ်သွားရယ်လို့ မသိပါဘူး .....အဲဒီဘောလီဘောပွဲတွေလည်း မရှိတော့ဘူး။ နောက်တော့ ထပ်ပေါ်လာတာက ရွှေဘုံသာ ဘောလုံးပွဲ ။ စည်စည်ကားကားရှိ ကြသလိုပါပဲ .....ဒီရွှေဘုံသားဘောလုံးပွဲ မှ ပြိုင်ပွဲ မ၀င်ဖူးရင် ဘောလုံးအဆင့်အတန်းမရှိသလောက်....။အခုတော့ (၁၀) ကြိမ်မြောက် ရှိပြီ ဆိုမှ မလုပ်တော့ဘူး။ ဘာလို့ ဒီလိုတွေဖြစ်လာတာလဲဆိုတာ .....ကိုမြစ်သာ တင်မက ကလေးမြို့ ကလူတွေအားလုံးစိတ်ဝင်တစားရှိလှပါတယ်။ ဒါပေမယ့် သို့ပေမယ့်ပေါ့ လေ........။ ဒီနှစ်ရွှေဘုံသားပွဲမှာတော့ ဘောလုံးဝါသနာရှင်လူငယ်တွေ စုစည်း ပြီး ဂိုးကျင်း ဘောလုံးပွဲလေး ကျင်းပခဲ့ပါတယ်။
ကလေးမြို့ မှာ လူပျို နဲ့လူအို အတူတူ ပဲတဲ့ ဗျာ......
ကဲထူးဆန်းသွားမလား ........။ဆက်ဖတ်ကြည့်လိုက်ပါ။ သတင်းခေါင်းစဉ် ဖတ်ပြီး တော့လည်းခေါင်းကုတ် မနေပါနဲ့ဗျာ။ဒီလိုဗျ.......။ တပေါင်းလပြည့် နေ့မှာ ရွှေဘုံသာ ဘုရားပွဲရှိပါတယ်။ ဒီနှစ်မှာ ဘောလုံးပွဲမလုပ်ဖြစ်တာနဲ့ ဒေသခံဘောလုံးဝါသနာ ရှင်လေးတွေက နေ ဂျပန်ဂိုးကျင်း ဘောလုံးပွဲလေး ဖြစ်အောင်ကျင်းပခဲ့ပါတယ်။ တပေါင်းလပြည့်နေ့မှာ တော့ ဖိုင်နယ် ကစားမဲ့ပွဲပေါ့ဗျာ ။အဲဒီပွဲမစတင်မှာပဲ ...ကလေးမြို့အတွင်းက စီးပွားရေးလုပ်နေတဲ့ အသက်မကြီး တကြီး လူလတ်ပိုင်းတွေ က အိမ်ထောင်ကျပြီးသား သူများနဲ့ အိမ်ထောင်မကျ သေးတဲ့  သူတွေ တစ်ဖက် စီခွဲပီးတော့ ဘောလုံးပွဲတစ်ပွဲ ကန်ခဲ့ပါတယ်။ ဒီဘောလုံးပွဲ ကို လူပျိုနဲ့လူအို ဆိုပြီး နှစ်ဖက် ခွဲ ကန်ခဲ့ပါတယ်။ ပွဲရဲ့ အနိုင်အရှုံး ဟာ ဂုဏ်သိက္ခာ နဲ့သက်ဆိုင်နေတဲ့ ပွဲပေ မို့လည်း အကြိတ်အနယ် ရှိလှပါတယ်။ ဒါပေမယ့် ဘောလုံးကန်တတ်တဲ့ သူတွေပါဝင်သလို မကန်တတ်တဲ့ သူတွေလဲ ပါဝင်ပါတယ် ။အသက်အရွယ်အရ လူလတ်ပိုင်းတွေဆိုတော့လည်း သူတို့ ရဲ့ဗိုက်ရွှဲရွှဲ တွေကိုသယ် ဆောင်ရင်း ပြေးလွှားကစားရတာမို့ တော်တော်ခက်ခက်ခဲခဲ ကစားကြရပါတယ်။ ဘာပဲပြောပြော မနိုင်လို့က တော့ တစ်နှစ်ပတ်လုံးအပြောခံ ကြရမှာမို့ လည်း ကြိုးစားပမ်းစားကစားကြသည်ပေါ့ဗျာ။ ပထမ ပိုင်းမှာတော့ လူအိုအသင်းက ငါးဂိုးနှစ်ဂိုးနဲ့ အနိုင်ရရှိနေပါတယ် ။ဒုတိယပိုင်းမှာ လူပျိုတွေက ပိုအားထည့်လာခဲ့ သလား ၊ကြက်ကန်းပဲဆန် အိုးတိုသလား ။ လူအိုတွေက ပဲပါဝါကျ သွားသလား တော့မသိပါဘူး ။ ဒုတိယ ပိုင်းအပြီး မှာ ပဲ တစ်ဖက်နဲ့ တစ်ဖက် ခုနှစ်ဂိုး စီသရေ ဖြစ်သွားပါတော့တယ်။
ဒုတိယ ပွဲအနေနဲ့ တော့ ဘောလုံးသမားတွေ စုပေါင်းပြုလုပ်တဲ့ ဂျပန်ဂိုးကျင်း ပွဲကိုဆက်လက်ကျင်းပခဲ့တယ်လို့ သိရပါတယ်။ ဘာပဲပြောပြော ရွှေဘုံသာ ကတော့ စတိုင်အမျိုးမျိုး ပြောင်းနေတော့ တာပါပဲလို့ ဒေသခံတွေက ပြောနေကြပါတယ်ဗျာ။