Saturday, July 11, 2009

ကလေးမြို့ ၀ါတွင်း ဥပုဒ်နေ့ တရားပွဲများ

ကလေးမြို့ ၀ါတွင်း ဥပုဒ်နေ့ တရားပွဲများ

ကလေးမြို့တွင် ဗုဒ္ဓဘာသာဝင်များ သည် ၀ါတွင်းကာလတွင် ဘုန်း ကြီးကျောင်းများသို့ သွားရောက်ဥပုဒ်ယူသူများ စည်ကားလျှက်ရှိ ပါသည်။ဘုန်းကြီးကျောင်းများတွင်လည်း အထူးတရားပွဲများ ကျင်းပ လျှက်ရှိပါသည်။ ကလေးမြို့ပေါ်ရှိ ကျောင်းတစ်ကျောင်းမှ နာမည်ကြီး ဆရာတော် တစ်ပါးမှ ဒီနှစ် ၀ါတွင်းသုံးလ ဥပုဒ်နေ့များတွင် ခေတ်နှင့်အညီ တရားတော်များကို အပိုင်းလိုက် (စီးရီးလိုက်) ဟောမည်ဟု သိရှိရပါသည်။ ကိုရီးယားဇတ်လမ်းတွဲကဲ့သို့ အပိုင်းလိုက် ဟောကြားမည် ဖြစ်ကြောင်း ကြားသိရပါသည်။

Friday, July 10, 2009

ဂျီတော့တွေဂျီမေးတွေနဲ့ပလီသေးတာပေါ့ကွယိ

အခုတလောမှာ အင်တာနက်တွေလိုင်မကောင်းကြတော့ အင်တာနက်နဲ့ ကြင်ယာဖက်ရှာမယ်ဆိုတဲ့ ကိုကိုမောင်မောင် ဦးလေးကြီးတွေ ညီမလေးတွေကော၊မမတွေပါ ၊အဒေါ်ကြီးတွေပါ အဆင်မပြေဖြစ်နေကြတယ်လို့သိရပါတယ်။ဂျီမေးနဲ့ပလီပေးကြတဲ့ကောင်မလေးတွေလဲ လိုင်းမကောင်းလို့ ထိုင်းကျောင်းသွားရမလားဖြစ်နေတယ်။ဘာပဲပြောပြော ဖြစ်အောင်သုံးနေကြတဲ့သူတွေကိုတော့ လေးစားစရာပါ၊။ငါးမိနစ် စကားပြောစာရိုက်ဖို့အရေး တစ်နာရီ၊နာရီဝက်လောက်စောင့်နေရပါတယ်။ အဲလိုင်းကောင်းသွားကြမှ ဂျီမေးနဲ့ ပလီသေးကြသေးတာပေါ့ကွယ်၊၊၊၊၊၊။

Wednesday, July 8, 2009

သွေးလွန်တုပ်ကွေးတဲ့ဗျို့

ကလေးမြို့မှာတော့သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံဟာ အလှုပေးတဲ့အိမ်လို လူတွေကိုစည်ကားသလားမမေးနဲ့။ ပြည့်ညပ်နေတာပဲ။ ကလေးမြို့ပေါ်မှာဒီနှစ်အဖြစ်များတယ်လို့သိရ တယ်။ရွာကဟာတွေဆိုလဲ အရင်ကမဖြစ်ခဲ့ပါဘူး၊ ဒီနှစ်တော့ သူတို့လဲမလွတ်ဘူးဗျ။ ပြန်သွားလိုက်ကြတာ ကာယကံမေတ္တာကား နဲ့ တစ်နေ့ကိုတစ်ယောက်နှုန်းလောက်ပါပဲ။ ကလေးနယ်တင်မဟုတ်ဘူးဗျ ၊ ဂန့်ဂေါနယ်ကမြို့ပေါ်ကပါလာကြတယ်လို့သိရတယ်။ ဦးဇင်းလေးတစ်ပါးလဲသွေးလွန်တုပ်ကွေးက အနိစ္စ တရားကို ပြောပြ ဟောပြသွားသေးတယ်လို့သိရတယ်။ သက်ဆိုင်ရာတွေက တော့ကာကွယ်မှု့တွေ အသိပညာပေးမှု့တွေလုပ်နေတယ်လို့သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာဖြစ်ခဲ့ပြီး အခု၂၀၀၉ခုနှစ်မှာဖြစ်ပြန်ပါတယ်။ အကူအညီလိုရင် နေသာ ဘုန်းတော်ကြီးကျောင်းမှာရှိတဲံ့ ဖုန်းနံပါတ် ၀၇၃-၂၁၄၆၈ နဲ့ ၀၇၃--၂၂၆၄၄ ကိုဆက်သွယ်ရင် သွေးလှူရှင်အသင်းကိုဆက်သွယ်လို့ ရတယ် ၊ အောက်ဆီဂျင်ဗူး အခလွတ် အလှု ပေးတယ်၊ အဲနောက်ဆုံး လူနာတင်ယဉ်နဲ့ နာရေးကူညီမှု့ ကားလဲ ရှိတာကိုးဗျ၊ ။။နေမယ်ဆိုလဲသတိရ ၊ သေမယ်ဆိုလဲသတိရပေါ့။ လူဘ၀ ဟာ ကံစီမံရာအတိုင်းသွားရတာကိုး ။ ဘာပဲပြောပြော ဆေးရုံမှာလဲဖတ်ဖတ်ကိုမောနေအောင်လုပ်နေကြတဲ့ ကျမ္မာရေးဝန်ထမ်းတွေကိုတော့ ကျေးဇူးတင်ကြရမယ်။။။။။။။။။။။။။ဝန်နဲ့အားမြားနဲ့လေး မမျှတော့လဲ......................