Wednesday, July 8, 2009

သွေးလွန်တုပ်ကွေးတဲ့ဗျို့

ကလေးမြို့မှာတော့သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံဟာ အလှုပေးတဲ့အိမ်လို လူတွေကိုစည်ကားသလားမမေးနဲ့။ ပြည့်ညပ်နေတာပဲ။ ကလေးမြို့ပေါ်မှာဒီနှစ်အဖြစ်များတယ်လို့သိရ တယ်။ရွာကဟာတွေဆိုလဲ အရင်ကမဖြစ်ခဲ့ပါဘူး၊ ဒီနှစ်တော့ သူတို့လဲမလွတ်ဘူးဗျ။ ပြန်သွားလိုက်ကြတာ ကာယကံမေတ္တာကား နဲ့ တစ်နေ့ကိုတစ်ယောက်နှုန်းလောက်ပါပဲ။ ကလေးနယ်တင်မဟုတ်ဘူးဗျ ၊ ဂန့်ဂေါနယ်ကမြို့ပေါ်ကပါလာကြတယ်လို့သိရတယ်။ ဦးဇင်းလေးတစ်ပါးလဲသွေးလွန်တုပ်ကွေးက အနိစ္စ တရားကို ပြောပြ ဟောပြသွားသေးတယ်လို့သိရတယ်။ သက်ဆိုင်ရာတွေက တော့ကာကွယ်မှု့တွေ အသိပညာပေးမှု့တွေလုပ်နေတယ်လို့သိရပါတယ်။ ၂၀၀၅ ခုနှစ်မှာဖြစ်ခဲ့ပြီး အခု၂၀၀၉ခုနှစ်မှာဖြစ်ပြန်ပါတယ်။ အကူအညီလိုရင် နေသာ ဘုန်းတော်ကြီးကျောင်းမှာရှိတဲံ့ ဖုန်းနံပါတ် ၀၇၃-၂၁၄၆၈ နဲ့ ၀၇၃--၂၂၆၄၄ ကိုဆက်သွယ်ရင် သွေးလှူရှင်အသင်းကိုဆက်သွယ်လို့ ရတယ် ၊ အောက်ဆီဂျင်ဗူး အခလွတ် အလှု ပေးတယ်၊ အဲနောက်ဆုံး လူနာတင်ယဉ်နဲ့ နာရေးကူညီမှု့ ကားလဲ ရှိတာကိုးဗျ၊ ။။နေမယ်ဆိုလဲသတိရ ၊ သေမယ်ဆိုလဲသတိရပေါ့။ လူဘ၀ ဟာ ကံစီမံရာအတိုင်းသွားရတာကိုး ။ ဘာပဲပြောပြော ဆေးရုံမှာလဲဖတ်ဖတ်ကိုမောနေအောင်လုပ်နေကြတဲ့ ကျမ္မာရေးဝန်ထမ်းတွေကိုတော့ ကျေးဇူးတင်ကြရမယ်။။။။။။။။။။။။။ဝန်နဲ့အားမြားနဲ့လေး မမျှတော့လဲ......................

No comments:

Post a Comment