သြဂုတ် (၁၁) ရက်၊ ယနေ့ နံနက် (၂) နာရီခွဲခန့်တွင် ရန်ကုန်၌ ငလျင်လှုပ်ခတ်ခဲ့သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။
“မနေ့ညက လှုပ်သွားတာ။ စက္ကန့်ပိုင်းလောက်ဆိုပေမယ့် ကန်ထရိုက်တိုက်တွေပေါ်မှာ နေတဲ့သူတွေအကုန်လုံး ငလျင်လှုပ်တာကို ခံစားမိကြတယ်။ လန့်ပြီး တိုက်ပေါ်က ဆင်းပြေးကြရတာ။ တော်တော်နဲ့ ပြန်တက်မအိပ်ရဲကြဘူး” ဟု တာမွေမြို့နယ်၌ နေထိုင်သူတဦးက ပြောသည်။
အိန္ဒိယရေပိုင်နက်အတွင်းရှိ အက်ဒမန်ကျွန်းအနီးကို ဗဟိုပြုကာ အင်အားရစ်ချက်တာစကေး (၇.၆) အဆင့်ရှိ ငလျင်တခု ယမန်ညက လှုပ်ခတ်သွားခဲ့ပြီး ယင်းငလျင်၏ အဖျားခတ်မှုကို ရန်ကုန်၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ကြရ ခြင်းဖြစ်သည်။
အိန္ဒိယသမုဒ္ဒရာအတွင်းမှ လှုပ်ခတ်မည့် အဆိုပါငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆူနာမီဖြစ်ပွားနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနမှ သတိပေးချက်များ ပေါ်ထွက်ခဲ့သော်လည်း ယင်းသတိပေးချက်ကို ယနေ့ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။
No comments:
Post a Comment