နာရီကိုပဲ ငါတို့ပိုင်တယ်
အချိန်ကို ငါတို့မပိုင်ဘူး ယိုကို
အလိုက်သိတယ်ဆိုတာ
အသိတွေ လိုက်လာတာပဲ မဟုတ်လား
ငါတို့နိုင်ငံမှာ ဖြစ်တဲ့နာဂစ်
မင်းရဲ့ ရက်ရောလှတဲ့
သဟသိဿိက အလှူဒါန
ငါတို့သာဓုခေါ်ပါစေ
ပြောလို့သာ ပြောရတာ
ငါဟာ
ဒီလောက ဇာတ်ခုံပေါ်က
အညတရ ကဗျာသမားတစ်ယောက်ပါ ယိုကို
ယိုကိုရေ
လောကအကျိုးကို ထမ်းပိုးနေတုန်း
အမှတ်မထင်ပျောက်ဆုံးသွားခဲ့တဲ့
မင်းရဲ့ မှတ်တမ်းတင် ကင်မရာလေး
ဘယ်နေရာမှာများ ပုန်းအောင်းနေလေမလဲ
အို....မိတ်ဆွေတို့
တာဝန်သိသိ သစ္စာရှိရှိနဲ့
ကိုယ့်သိက္ခာကို အရောင်တင်ပြီး
နိုင်ငံဂုဏ်ကို မြှင့်တင်ပေးကြပါ
ဘာပဲဖြစ်ဖြစ်ပေါ့
မင်းရဲ့ ပျိုမျစ်လတ်ဆတ်တဲ့ သံစဉ်လှိုင်းတွေ
အရှေ့တိုင်းမှ အနောက်တိုင်းထိ
ပေါက်ပေါက်မြောက်မြောက်ရှိပါစေကွာ
ယိုကိုရေ
ဒီမှာ ညီမလေးယိုကိုရဲ့
အလုပ်ကောင်းရင်တော့
ကံကောင်းတာပေါ့ကွာ
လောလောဆယ်တော့
အလုပ်ကိုပဲ ငါတို့ပိုင်တယ်
ကံကို ငါတို့မပိုင်သေးဘူး ယိုကို။
သော်တာစံ(ကလေး)
3.2.2009
This comment has been removed by the author.
ReplyDeleteနာရီကိုပဲ ငါတို့ပိုင်တယ်
ReplyDeleteအချိန်ကို ငါတို့မပိုင်ဘူး ယိုကို
အလိုက်သိတယ်ဆိုတာ
အသိတွေ လိုက်လာတာပဲ မဟုတ်လား။
အလုပ်ကောင်းရင်တော့
ကံကောင်းတာပေါ့ကွာ
လောလောဆယ်တော့
အလုပ်ကိုပဲ ငါတို့ပိုင်တယ်
ကံကို ငါတို့မပိုင်သေးဘူး။
စာသားလေးတွေ မိုက်တယ်။ အဟုတ်။
ကဗျာလေး ကောင်းတယ် နော်။