၁၄ စင်းမြောက် ရွှေဆံပင်တံတား ရန်ကုန်မဟာပွဲရုံမိသားစုကလှူဒါန်း
အလောင်းတော် ကဿပသွားလမ်း ရွှေဆံပင်တံတားများကို တံတားဖြစ်မြောက်ရေး ဦးဆောင်နာယက ဆရာတော် ဦးဝေပုလ္လ (ဓမ္မာစရိယာ) ဥဘတောဝိဘင်္ဂဓရနှင့် ဒေသခံနာယက ဆရာတော်များ၊ ဒါယကာ၊ ဒါယိကာမများ ပူးပေါင်းဆောင်ရွက်တည်ဆောက် လျက်ရှိရာ အလျား ၃ဝပေ၊ အကျယ် ၁၆ ပေ သံကူကွန်ကရစ် တံတားကြီးကို ရန်ကုန်မြို့ မဟာမြိုင်ပွဲရုံ ဦးချိန်၊ ဒေါ်ကြင်ဆိုင် မိသားစုက ကုသိုလ်ယူ တည်ဆောက်လျက်ရှိ ကြောင်းသိရှိရသည်။ အလောင်းတော် ကဿပ သွားရာလမ်း ဖြစ်သည့် ရွာသစ်၊ ရင်ပေါင်တိုင်၊ ဆင်ဆွယ်ရွာ လမ်းအရှည် ငါးမိုင်နှင့် တံတားငါးစင်းအတွက် ယင်းမာပင်မြို့နယ် ဆင်စွယ်ကျောင်းတိုက် ပဓာန နာယကဆရာတော် ဘဒ္ဒန္တ တေဇသာရ (သဒ္ဓမ္မဇောတိကဓဇ)နှင့် တပည့်ဒါယကာ၊ ဒါယိကာမများ။ ရန်ကုန်မြို့နေ ဒေါ်ခင်မာဦး၊ သမီး မရီရီခန့်မိသားစုတို့ကလည်း နဝကမ္မ အလှူတော်ငွေများ လှူဒါန်းသွားကြောင်း သိရှိရသည်။
No comments:
Post a Comment