မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင်မိုးရွာသွန်းနေပြီး မိုးလေ၀သဌာနမှ ဧပြီလအတွင်း မုန်တိုင်းငယ် ဖြစ်ပေါ်နိုင်ကြောင်းထုတ်ပြန်
မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင်မိုးရွာသွန်း နေပြီး မိုးလေ၀သဌာနမှ ဧပြီလအတွင်း မုန်းတိုင်းငယ်ဖြစ်ပေါ်နိုင်ကြောင်းထုပ်ပြန်ထားတယ်လို့ ..မြစ်သာလွင်ပြင်မှ သတင်းရရှိပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်းဒေသများမှာ ၂၀၁၀-ခုနှစ် မတ်လ (၂၇) ရက်နေ့ မှစတင်ပြီး မိုးရွာသွန်းမှု များရှိခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမြောက်ပိုင်း ဒေသ က မြစ်ကြီးနား မှစတင်ကာ ကလေးမြို့ ၊ တမူးဒေသနဲ့ ယောနယ်၊ မြန်မာနိုင်ငံအလယ်ပိုင်း က မုံရွာမြို့ တွေမှာပါ မိုးရွာသွန်းမှု တွေ ကြုံ တွေ့ ခဲ့ ရတယ်လို့ သိရပါတယ်။ မတ်လ (၃၁) ရက်နေ့ ညနေပိုင်းမှာဆိုလည်း မြန်မာနိုင်ငံ ရဲ့ နေပြည်တော်မှာ လည်း လေပြင်းတိုက်ခတ်မှုတွေ ကြုံ တွေ့ ခဲ့ ရတယ်လို့ သိရပါတယ်။
“တညနေလုံး ကောင်းကင်ကြီးက နီနေရာ ကနေ ညနေ ၆ နာရီလောက် ကျတော့ မိုးရော၊ လေရော ကျလာတယ်။ လေတိုက်တာ တော်တော် ပြင်းတယ်။ မိုးနဲ့လေ တွဲလာတော့ လေတချက် ဝေ့တိုင်း အဆောက် အဦတွေမှာ တ၀ုန်းဝုန်းနဲ့ အသံတွေ ထွက်လာတယ်” လို့ နေပြည်တော်မှ ၀န်ထမ်းတစ်ဦးမှ အွန်လိုင်းမှ ဆက်သွယ်ပြော ပြေခဲ့ပါတယ်။
မိုးလေ၀သနှင့် ဇလဗေဒ ဌာနက အဆိုပါ မိုးသက်လေပြင်းသည် တနာရီလျှင် မိုင် ၃၀ မှ ၃၅ မိုင်အတွင်း တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး တချိန်တည်း၌ မန္တလေးတွင်လည်း မိုးသက်လေပြင်းများ ကျရောက်ခဲ့တယ်လို့ ပြောပြပါတယ်။
“အိန္ဒိယကနေ တရုတ်ကို ဖြတ်သန်းတဲ့ မြောက်ပိုင်းလေစီးကြောင်းကြောင့် ဒီလို မိုးသက် လေပြင်းတွေ ကျတာပါ။ ဒါကြောင့် မြန်မာနိုင်ငံအထက်ပိုင်း နေရာတွေမှာ မိုးထစ်ချုန်းရွာမယ်လို့ မိုးလေ၀သက တရားဝင် ခန်းမှန်းချက် ထုတ်ပြန်ထားတယ်။ ဒါပေမယ့် လေစီးကြောင်းက နည်းနည်းလေး နိမ့်သွားတော့ နေပြည်တော်နဲ့ မြန်မာနိုင်ငံအလယ်ပိုင်း နေရာတွေအထိ မိုးသက်လေပြင်းတွေ ကျလာတာပါ။ ဒါ မုန်တိုင်း ရာသီအစရဲ့ လက္ခဏာလို့လည်း ပြောလို့ ရပါတယ်” ဟု မိုးလေ၀သဌာန အရာရှိတဦးက ပြောခဲ့တယ်လို့ အွန်ုလိုင်းဝက်ဆိုက်တစ်ခု တွင်ဖေါ်ပြထားပါတယ်။
ဧပြီလအတွင်း ဘင်္ဂလားပင် လယ်အော်တွင် မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်နိုင်ကြောင်း မိုးလေ၀သနှင့် ဇလလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။မိုးလေ၀သနှင့် ဇလဗေဒညွှန် ကြားမှုဦးစီးဌာန၏ ဧပြီလအတွက် ခန့်မှန်းချက်တွင် ဘင်္ဂလားပင် လယ်အော်တောင်ပိုင်း၌ လေဖိအား နည်းရပ်ဝန်းတစ်ကြိမ်ဖြစ်ပေါ်နိုင်ပြီး အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ မုန်တိုင်း ငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားခြင်းဖြစ်သည်။ လို့ လည်း အလဲဗင်းမီဒီယာ ၀က်ဆိုက်
မှာလည်း ဖေါ်ပြထားပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment