၁၃၇၁-ခုနှစ် နေသာကျောင်းတိုက်၏ ပထမဆုံးအကြိမ်တရားစခန်း ကိုယခုနှစ်သင်္ကြန်ကာလတွင် ဖွင့်လှစ်မည်
ကလေးမြို့ နေသာဘုန်းကြီးကျောင်းတိုက်ရဲ့ သင်္ကြန်တွင်း ပထမအကြိမ် တရားစခန်းပွဲ ကို ၂၀၁၀-ခုနှစ်--ဧပြီလ (၁၃)ရက်နေ့မှ စ၍ (၁၈)ရက်အထိ .ဖွင့်လှစ်မည်ဟုသိရရှိရပါတယ်။ အဆိုပါ တရားစခန်းတွင် တရားပြဆရာတော်အဖြစ် အရှင်ဥာဏ၀ုဒ္ဒိ (မုံရွေး ) ပြုလုပ်ပေးမယ်လို့သိရပါတယ်။ စခန်းဝင်ယောဂီများ ကို ဧပြီလ (၁၂)ရက် ညနေ(၄)နာရီမှ စတင်လက်ခံနေရာချထားပေး မယ်လို့ သိရပါတယ်။ ဧပြီလ (၁၈)ရက်နေ့ မနက် အာရုံ အဟာရ သုံးဆောင်ပြီး ပါက တရားစခန်း သိမ်းမယ်လို့ သိရပါတယ် ။ တရားစခန်းဝင်ယောဂီများအနေနဲ့ မနက် (၄း၃၀ ) မှ စတင်၍ ည(၈)နာရီအထိ တစ်ရက်လျှက် (၇) ကြိမ် တရား အလုပ်လုပ်ရမယ်လို့ သိရှိရပါတယ်။ အဆိုပါအချိန်များ အားလုံးတိုင်းလိုလိုမှာ ပြင်ပမှ အချိန်ပိုင်းယောဂီများ လည်း တရားလာရောက်ထိုင်နိုင်ပါတယ်လို့ သိရပါတယ်။
နေသာကျောင်းတိုက်ဟာ ကလေးမြို့ ဗိုလ်ချုပ်လမ်း ဘေးမှာတည်ရှိပြီး ညောင်ပင်သာ ရပ်ကွက်မှာ တည်ရှိကာ ပညာဒါနသင်တန်း ၊ ကာယကံမေတ္တာ နာမှုကူညီမှု ၊ အောက်စီဂျင်အလှု၊ သွေးအလှု ၊ စာကြည့်တိုက် စသော လုပ်ငန်းများ ဖြင့် ဖြင့် အောင်မြင်ကျော်ကြားသော ဘုန်းကြီးကျောင်းတစ်ကျောင်းဖြစ်တယ်လို့လည်း သိရှိရပါတယ်ဗျာ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment