ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းကိုမူ စာပေစိစစ်ရေးမှ တရားဝင် စုံစမ်းသိရှိရခြင်းမရှိပါ။
သို့သော် ဇူလိုင်လ ၁၂-၁၈ ရက်နေ့ ရက် စွဲဖြင့်ထုတ်ဝေခဲ့သော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၃၄ မှ Concept နှင့် Process ဆောင်းပါးပါ အကြောင်းအရာအချို့နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်းပါးကို ဆောင်းပါးရှင်အောင်ထွဋ်ကရေးသားထားခြင်း ဖြစ်သည်။ The Voice ဂျာနယ်ကို Myanmar Partners Think Tank Group မှ ထုတ်ဝေခြင်းဖြစ်ပြီး Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိကြောင်းသိရသည်။
The Voice ဂျာနယ်သည် မေလအတွင်းကလည်း သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် 7 Days News ဂျာနယ် သတင်းထောက်တို့၏ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုကြောင့် ဂျာနယ်အားတစ်ပတ်ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရဖူးသည်။
အဲဂလိုအဲဂလို...www.news-eleven.com...မှာ ဖတ်ရှုလိုက်ရပါတယ်။
Thursday, July 22, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment