ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၃)
မနေ့က ဇူလိုင်လ((၂၅)ရက် အလင်းစက်တွေက မိုးရေစက်တွေနဲ့အပြိုင်ခုန်ဆင်းခဲ့တဲ့နေ့တစ်နေ့ပါ။ အုံ့ ဆိုင်းနေတဲ့ကောင်းကင်ဟာ ၀န်းကျင်တစ်ခိုလုံးဖြစ်ပါတယ်။ အဲဒီမနက်မှာပဲ ကလေးမြို့ ရဲ့ မြို့မဈေးအရှေ့မှာ ရွှေနန်းတော်ဖိနပ်လုပ်ငန်းမှာ မြို့ပေါ်က သီလရှင်ကျောင်းတိုက်(၅)တိုက်မှာရှိတဲ့ဆရာလေးသီလရှင် အပါး (၁၁၀) ကို ဖိနပ်လှုဒါန်းမဲ့ပွဲရှိပါတယ်။ မနက်ခင်းရဲ့ မိုးစက်တွေထဲမှာ ဆရာလေးတွေ ထီးကိုယ်စီ နဲ့ရောက်ရှိ လာခဲ့ပါတယ်။ မိုးစက်လေးတွေ တဖြည်းဖြည်းပဲ စဲသွားများ လို့မျှော်လင့်ရင်း မိုးရေစက်တွေကြားကပဲ အလှုပွဲကိုပြုလုပ်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီပွဲမှာ ကလေးမြို့ မြို့မဈေး ကအလှုရှင်တွေပါဝင်ခဲ့ပြီး စာရေးကိရိယာနဲ့ အခြား အလှုပစ္စည်းများကို လှုဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ လှုဒါန်းမှု အစုစုကို အလှုရှင်များရဲ့ ပြောပြချက်အရတော့ ကာလတန်ဖိုး (၇)သိန်းခန့်ရှိလိမ့်မယ်လို့ သိခဲ့ရပါတယ်။
အရွယ်မလွန်ခင်ချစ်တဲ့ အချစ်နဲ့ ၀ါမ၀င်ခင်က မင်္ဂလာပွဲ --- ဂျီတီစီ (ကလေးမြို့ )
အလှုပွဲကို မိုးစက်တွေနဲ့အတူရေစက်သွန်းချခဲ့ပြီး ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းတစ်ဦးရဲ့ အရွယ်လွန်ခါနီးတဲ့အချစ်တွေက ၀ါကျွတ်အောင်စောင့်မရလို့ ၀ါမ၀င်မှီမှာပဲ အပြေးအလွှားနဲ့ မင်္ဂလာပွဲ ပြုလုပ်ခဲ့လို့ မြစည်တော်သာသနာ့ရိပ်သာကို ခရီးဆက်ခဲ့ရပါတယ်။ ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းကြီးကတော့ ဂျီတီစီက ဆရာမ ဒေါ်ဖြူဖြူသန့် ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ထောင်ဖက်ကလည်း အရင်က ကလေးဂျီတီစီမှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး တီးတိန်မြို့မှာ ရှိတဲ့ စက်မှုကျောင်းတစ်ကျောင်ကို ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဆွေမျိုးမိတ်သင်္ဂဟ များနဲ့ သူငယ်ချင်းအပေါင်းသင်းများ လာရောက်ခဲ့ကြပါတယ်။ ကလေးဂျီတီစီမှာ ရှိတဲ့ အပျိုကြီးများ အဖြစ် ဆက်လက်ခံယူနေတဲ့ ဆရာမ ဒေါ်သန္တာနဲ့ ဆရာမ ဒေါ်ဥသြ တို့ တော့ အားကျတဲ့မျက်လုံးများ မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ရှာပါတယ်ဗျာ။
နေ့လည်ခင်းမှာတော့ သူမဟုတ်သလိုပဲ နေမင်းကြီက ပြူထွက်လာခဲ့ပါတယ်။ ကလေးမြို့ ရဲ့မိုးရာသီဆိုတာကို တကယ်ပဲလက်စွမ်းပြနေတာလားတော့ မသိတော့ပါဘူး။
Sunday, July 25, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment