Saturday, July 24, 2010

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၆ မြို.နယ်တွင် ချင်းတိုးတက်ရေးပါတီ(စီပီပီ)လှုပ်ရှားလာလေပြီ

ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၆ မြို.နယ်တွင် ချင်းတိုးတက်ရေးပါတီ(စီပီပီ)လှုပ်ရှားလာလေပြီ
၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ချင်းတိုးတက်ရေးပါတီ(စီပီပီ)က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းမြို့နယ် ၆ မြို.နယ်တွင်ရုံးခွဲများဖွင့်လှစ်ပြီးပါတီ ဆိုင်းဘုတ်များတင်နေပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်း အဓိကယှဉ်ပြိုင်မည့် စီပီပီက ချင်းပြည်နယ် ဖလမ်းမြို. နှင့် စစ်ကိုင်းတိုင်း တမူး၊ ကလေးမြို့တို့တွင်ပါတီ အလုပ်အမှုဆောင်ကော်မီတီများကို မကြာသေးခင်ကဖွဲ့စည်းလိုက်ပြီးရုံးခွဲများကိုလည်းဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ထို့နောက် စစ်ကိုင်းတိုင်း အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့တွင်လည်း ယခုလ၁၂ ရက်နေ့၊ အလားတူ ကလေးမြို့တွင်လည်း ဇူလိုင်လ (၇)၇က်နေ့ ကစီပီပီအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း၊ သိရပါသည်။
စီပီပီမှ လာမည့်သြဂုတ်လ ၁၃ နှင့် ၁၄ရက်များတွင် ပါတီညီလာခံ ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းမှ လာမည့် ပါတီခေါင်းဆောင်အသစ်များ ရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။
စီပီပီသည် ချင်းပြည်နယ်တောင်းပိုင်းဒေသများတွင်လည်း မြို့ နယ်အဆင့် ပါတီ ကော်မီတီကိုလည်း ဖွဲ့ စည်းပြီး ဖြစ်ကြောင်း၊ ပါတီ၏ဆိုင်းဘုတ်များကိုလည်း မြို့ နယ်ပါတီရုံးများတွင် တင်ထားပြီးဖြစ်ကြောင်းသိရသည်။ကန်ပလက်မြို့ နယ်။ မင်းတပ် မြို့ နယ် ၊ပလက်ဝမြို့ နယ် ၊ဟားခါးနှင့်ထန်တလန်မြို့ နယ်..တို့တွင်လည်း ပါတီတာဝန်ရှိသူမျး အသီးသီးတာဝန်ပေးထားသည်ဟုသိရပါသည်။
ဟားခါးမြို့ပေါ်တွင် လူထုစည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီကြောင်းသိရသည်။

No comments:

Post a Comment