Thursday, July 22, 2010

မြို့လေးရဲ့ နေ့စဉ်မဟုတ်သောမှတ်တမ်း (သို့မဟုတ်) ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ..

မြို့လေးရဲ့ နေ့စဉ်မဟုတ်သောမှတ်တမ်း (သို့မဟုတ်) ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၁)
ဒီနေ့ ဇူလိုင်လ(၂၂)ရက်ပေါ့ဗျာ..။ ADSL ဆိုတဲ့ အင်တာနက်လိုင်းတွေမကောင်းလို့ .မြို့ပေါ်က အင်တာနက်ဆိုင်တချို့မှာ ဂျီတော့ ဖို့ ခက်နေကြပါတယ်တဲ့။ ဒီမြို့ လေးက ခေတ်လူငယ်များကလည်း ..တစ်ရက်..တစ်ရက် တော့လိုက်..ရမှာ နေသာထိုင်သာရှိသကိုး။ ဘာပဲပြောပြော ...ကလေးမြို့မှာ ..အင်တာနက်ဆိုင် (၁၂)ဆိုင်လောက် ရှိလာပါပြီ ဒါပေမယ့် ..အင်တာနက်ဆိုင်ပေါလာတာနဲ့ အမျှ လူငယ်တွေရဲ့ အွန်လိုင်းအသုံးပြု မှုကလည်း ဂျီတော့ပရုံသက်သက်ကနေ ...တက်လာသင့်ြ့ပီလို့ ..အင်တာနက်အသုံးပြုသူ အသိုင်းအ၀ိုင်းမှာ ပြောကြဆိုကြရှိလာပါတယ်။ အင်တာနက်ဆိုင်တချို့မှာတော့...ညစ်ညမ်း ၀က်ဆိုက်နဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆိုက်တွေကို အသုံးမပြုဖို့ ..ကြည့်ရှု့ခြင်းမပြုဖို့ ကြော်ညာစာတွေကပ်ထားတာကို တွေ့ခဲ့ရပါတယ်....။

No comments:

Post a Comment