ဝါတွင်းကာလ...ကလေးမြို့ ....
ဝါတွင်းကာလအတွင်းမှာတော့ ယောဆရာတော် ဟာ ကလေးမြို့သို့ ကြွရောက်တော်မူပြီး ၀ိသုဒ္ဓါရုံ စာသင်တိုက်တွင်း ဥပုဒ်အပတ်စဉ် တရားများဟော သွားမယ်လို့ သိရပါတယ်။ ကလေးမြို့မှာတော့ မိုးလေးတဖြိုင်ဖြိုင်နဲ့ မန္တလေး-ဂန့်ဂေါ-ကားလမ်းတွေမှာတော့ လိုင်းကားတွေဟာ ချောင်းရေတွေကို စောင့်ဆိုင်းမောင်းနှင်နေရပါတယ်လို့သိရပါတယ်။ အလက(၂)၊ အောင်သစ္စာ၊ ကလေးမြို့ ၊မှာလည်း သြဂုတ်လ (၁)ရက်နေ့က ဆရာကန်တော့ပွဲ ကျင်းပခဲ့တယ်လို့သိရပါတယ်။ ၀ါဝင်ကာလမှာတော့ မြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများနဲ့ ကလေးမြို့နဲ့ (၆)မိုင်အကွာမှာရှိတဲ့ ရေဆန်ကျွန်းဘုရားမှာတော့ ဧည့်သည်များနဲ့ စည်ကားခဲ့တယ်လို့သိရပါတယ်ဗျာ။
Monday, August 2, 2010
Subscribe to:
Post Comments (Atom)
No comments:
Post a Comment