ကမ္ဘာက စိတ်ဝင်စားတဲ့ မြန်မာ့ရွေးကောက်ပွဲ နိုဝင်ဘာ(၇)ရက်နေ့ တွင်ကျင်းပမည်
ကမ္ဘာာတစ်ဝှမ်းက စိတ်ဝင်စားတဲ့ မြန်မာ့ရွေးကောက်ပွဲကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ (၇)ရက်နေ့တွင်ကျင်းပသွားမည်ဟု သြဂုတ်လ (၁၃)ရက်နေ့ နေ့လည်(၁၁)နာရီသတင်းတွင် နေပြည်တော် မြန်မာ့အသံမှ ကြေညာသွားသည်ဟုသိရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ အမိန့်ကြော်ငြာစာအမှတ်(၉၈/၂၀၁၀) နှင့်ထုပ်ပြန်ခဲ့ခြင်းဖြစ်သည်ဟုသိရှိရပါသည်။ ရွေးကောက်ပွဲကော်မရှင်၏ ထုပ်ပြန်ချက်များအရ မဲဆန္ဒနယ်အတွက်ကိုယ်စားလှယ်လောင်းများ အမည်စာရင်တင်သွင်းခြင်းကို သြဂုတ်လ (၁၆) ရက်နေ့မှ စတင်၍ သြဂုတ်လ(၃၀) ရက်နေ့ အတွင်း တင်သွင်းနိုင်ပြီး ၊ ကိုယ်စားလှယ်လောင်းပယ်ဖျက်ခြင်းနှင့်ရုပ်သိမ်းခြင်းများကို စက်တင်ဘာလ (၃)ရက်နေ့တွင် ပြုလုပ်နိုင်ပြီး စက်တင်ဘာလ (၆)ရက်မှ (၁၀) ရက်နေ့အထိ ကိုယ်စားလှယ်လောင်းများကို စီစစ်သွားမည်ဟု နေပြည်တော်မြန်မာ့ အသံ၏ ကြေညာချက်များ အရ သိရှိလိုက်ရပါသည်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment