Tuesday, August 17, 2010

ကိုမြစ်သာသိစေချင်တဲ့ ဂျာနယ်လစ်တို့ အကြောင်း..

ကိုမြစ်သာသိစေချင်တဲ့ ဂျာနယ်လစ်တို့ အကြောင်း..
ဆရာတဇောင်းနီရေ ..ပြောချင်တာကို..သေချာအောင်ပြောပါ..နှစ်ယောက်စလုံးမှားတာမှမဟုတ်တာဗျာ...တစ်ယောက်ယောက်တော့ မှားနေပြီပေါ့။ ဒီလိုအချက်အလက်တွေမမှားသင့်ပါဘူး..ဆိုတာလောက်ပဲဖြစ်သင့်ပါတယ်။ ဒါကိုဗျာ...ဆရာတဇောင်းနီက..ဂျာနယ်လစ်အားလုံးလိုလိုမှားနေတယ်ဆိုပြီး..တွယ်လိုက်တာတော့ မကောင်းဘူးလေဗျ...တော်တဲ့ဂျာနယ်လစ်တွေရှိသလို...ခပ်ရှော်ရှော်ဂျာနယ်လစ်တွေရှိပါတယ်..ဒါကိုအားလုံးကို ၀ါးလုံးသိမ်းနဲ့ ရမ်းတာကို တော့ခွင့်မပြုချင်ဘူးဗျာ..။ ဂျာနယ်လစ်တွေရဲ့ ဘ၀ ဂျာနယ်လစ်တွေရဲ့ အခက်အခဲဆိုတာ မီဒီယာထဲမှာလုပ်ကိုင်နေကြတဲ့ အချင်းချင်းတွေသာခံစားနားလည်လို့ ရပါတယ်။ ဂျာနယ်လစ်တွေရဲ့ ဘ၀ကို ရေးပြတယ်ဆိုတာ သနားဖို့ ၊ လွမ်းစရာကောင်းဖို့ .. မဟုတ်ပဲ ဒါလေးတွေများသိခဲ့ရင် ပိုများနားလည်ပေးနိုင်မလားဆိုပြီး ရေးပြတာပါဗျာ။
ဟုတ်ကဲ့ ..နားမလည်ရင်မရေးနဲ့ ဆိုတဲ့ပုံစံခွက်ကြီးဆိုတာကိုပြန်ပြောချင်ပါတယ်။ စာရေးတယ်ဆိုတာကိုဖိုးသိလုပ်တယ်လို့ စာရေးဆရာကြီး တစ်ယောက်ကပြောဖူးတယ်ဗျ.။ မမှန်ရင်မမှန်တဲ့ အကြောင်းကိုဒဲ့ရေးပေါ့ဗျာ။ ဒါပေမယ့် ...ပုံစံခွက်ကြီးထဲဆိုတာ ဘာကိုပြောတာလဲဗျ....။ ဆရာတဇောင်းနီရေးတာက တခြားသူတွေကိုပါ ချပြ ဖို့ အတွက် ဘလော့မှာတင်တယ်ဗျာ။ ဆရာ့စာကိုဖတ်တဲ့ ပရိတ်သတ်ရှိသွားပြီ ။ဆရာရေးတဲ့စာကိုဆရာတာဝန်ယူပေးရမယ်။ စာဖတ်ပရိတ်သတ်က သိချင်တာ ဘယ်အချက်အလက်ကမှန်တယ် ။ဘယ်ဟာကဖြင်မှန်တယ် ၊ ဘယ်ဟာက ဖြင့် မှားတယ် ။ ဒီလိုပြောပေးရမယ် လို့ ကျွန်တော်ထင်ပါတယ်။ ခင်ဗျားစာကိုဖတ်တဲ့ သူတွေက ဘယ်သတင်းက ဘယ်လိုမှားနေတယ်ဆိုတာကိုလဲသိချင်ကြမှာပဲလေ။ စာတစ်ပုဒ် ၊သတင်းတစ်ပုဒ် ..ဆိုပါတော့ ..သတင်းတစ်ပုဒ်ကိုရေးတော့မယ်ဆိုရင် ရေးသားတဲ့ သတင်းသမားက အရင်တုန်းက ဆိုရင်ဘယ်လို အခုတော့ဘယ်လိုဆိုတာ တွေကို လက်ရှိဖြစ်ပေါ်နေတဲ့ အချက်အလက်တွေသာမက အဖြစ်အပျက်နဲ့ ပါတ်သက်တဲ့ သတင်းရဲ့ ဘက်ဂရောင်း ကိုထည့်ပေးလေ့ရှိပါတယ်။ စာဖတ်ပရိတ်သတ်အသင့် စားသုံးနိုင်ဖို့ စေတနာထားပြီး ရေးသားကြပါတယ်။ ဆရာက မသိဘူးဆိုရင်လဲ ဆရာ့စာဖတ်ပရိတ်သတ်အတွက် သိသင့်သိထိုက်တဲ့ အချက်အလက်လေးတွေပါရှာ ကြံ ပြီးရေးသင့်ပါတယ်။ စေတနာလေးထည့်ပေးသင့်တယ်လို့ မြင်ပါတယ်။ ဆရာ့ ဆောင်းပါးမှ မှားနေတဲ့အချက်အလက်ကို သိပါစေလေဆိုတဲ့ စေတနာ မပါဘူးထင်ပါတယ် ။ ***နိုင်ငံသစ်အတွက် စတုတ္ထမဏ္ဍိုင်ကို ကျွန်တော်တို့ ပြည်သူများ မည်သို့ ယုံကြည်ရပါမည်နည်း။ *** ဆိုတဲ့ အမေးကိုပဲ တွေ့ လိုက်ရပါတယ်။ ***ကျွန်တော်တို့ အရည်အသွေး ညံ့ဖျင်သောကြောင့် အရည်အသွေး ညံ့သော သတင်းသမားတို့ လုပ်စားရနေခြင်း ဖြစ်ပါကြောင်း လက်ခံလိုက်ရပါတော့သည်။*** လို့ အားပျက်ဖွယ် အားလျော့ဖွယ် ရေးထားတာကို ကျွန်တော်ပြန်ဖြေလိုက်ပါတယ်။
ဂျာနယ်လစ်တွေထဲမှာလည်း လုပ်စားတာရှိသလို တကယ်ကိုကြိုး ကြိုး စားစားနဲ့လုပ်နေတဲ့ သူတွေရှိနေပါသေးတယ်။ စိတ်ချပါ အဲလို လုပ်စားတဲ့ ဂျာနယ်လစ်တွေကိုလည်း ပရိတ်သတ်ကြီးက တစ်ရက်ရက်ကြရင် သူ့ ဒဏ် ခတ်ကြမှာပါ.။ မပူပါနဲ့ .။ သူ့ သမိုင်း ကသူ့ ကိုရေးသွားမှာပါပဲ...။ ရေရှည်ရပ်တည်လို့မရပါဘူး။
သတင်းတွေကို တကယ်တန်းသွားရောက်၊လေ့လာ အမြဲမပြတ်စုံစမ်း ၊ အချက်အလက်တွေရှာဖွေ ရေးသားနေသူတွေရှိသလို ယခင်နှစ်က ဂျာနယ် တွေတစ်ထပ်ကြီး ကိုရှေ့ ချပြီး ၊ ဘယ်လဆိုရင် ဘယ်သတင်း ၊ ဘယ်ရာသီဆိုရင်တော့ ဘယ်လိုသတင်း ၊ ယခင်ယခင်နှစ်ဂျာနယ်များနဲ့ သတင်းလိုက်ပြီး ရေးသားတဲ့သူတွေလဲ ရှိပါတယ်။ အချက်အလက်ဆိုတာ တချို့ ကပြန်လည်ကိုးကား၍ ရတတ်ပေမယ့် လက်ရှိကာလအခြေအနေကို လိုက်ပြီး ရေးသားကြပါတယ်။ ၂၀၀၉ခုနှစ်ဟာ ၂၀၁၀-ခုနှစ်နဲ့ ဘာမှ မဆိုင်တော့ပါဘူး. ။
နောက်တစ်နည်းက ဂျာနယ်ကြီးတွေမှာ ပါလာတဲ့အချက်အလက်ကို သူများနောက်ကလိုက်ရေး တဲ့နောက်ကျသတင်းများ နဲ့ စုဆောင်းရေးသားတဲ့ သတင်းသိုး များကို တင်ပြနေတဲ့သူတွေရှိသေးပါတယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကို စာဖတ်ပရိတ်သတ်က ဆုံးဖြတ်သွားကြတာချည်းပဲပါ။ သတင်းတစ်ခုရဲ့ အသက်ဟာ အချက်အလက်မှန်ကန်မှု နဲ့ အဖြစ်အပျက်တစ်ခုကို အဖြစ်အပျက်အတိုင်း တင်ပြရပါမယ့် ။ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်ကို ချုံ့ ခြင်း၊ ချဲ့ ခြင်းများ ကင်းရှင်းရပါမယ်။ ခေတ်စကားနဲ့ ပြောတယ်ဆိုရင် ဖွ တယ်ဆိုတဲ့ သတင်းတွေကို သတင်းထောက် တွေ ရှောင်ကျဉ် ရမယ် ဆိုတာ စာနယ်ဇင်းကျင့်ဝတ်မှာ ပါ တယ်ဗျ။ သတင်းတစ်ခုရဲ့ အချက်အလက်မှန်ကန်ရေးဆိုတာကို နောက်များဆက်ချင်ပါသေးတယ်ဗျာ။။။

No comments:

Post a Comment