ကလေးမြို့ မှာအင်တာနက်ဆိုင်တွေဟာ အပြိုင်အဆိုင်ဖြစ်လာပါတယ်။ဘာလို့လဲဆိုတော့ အရင်က ip star လိုင်းတွေနဲ့ သာ အသုံးပြုရတဲ့ အင်တာနက်ဆိုင် နှစ်ဆိုင်ပဲရှိပြီး ကလေးမြို့ က နေ ၃ မိုင်ဝေးတဲ့ တာဟန်ုးဆိုတဲံ့ ရပ်ကွက်ဖက်မှာပဲရှိတာကိုး။ အင်တာနက်အသုံးပြုတဲ့ သူတွေဟာလည်း တာဟန်ရပ်ကွက်မှာအများဆုံး နေထိုင်တဲ့ ချင်းလူမျိုးအများဆုံး ပါပဲ ။ ချင်းလူမျိုးတွေဟာ နိုင်ငံ ခြားကိုထွက်ပြီးအလုပ် လုပ်တဲံ့ သူအရေအတွက်များလှပါတယ်။သူတို့ဟာနိုင်ငံခြားမှနေထိုင်ကြတဲ့ သူတို့ှေဆွမျိုးတွေဆီကိုဆက်သွယ်ရာမှာအသုံးပြုကြတာမျာပါတယ်။ အခု၂၀၀၈ခုနှစ်နောက်ပိုင်းမှာအင်တာနက်အသုံးပြုသူအရေအတွက်ဟာများပြားလာခဲ့သလိုအင်တာနက်ဆိုင်အရေအတွက်ဟာလဲ များလာခဲ့ပါတယ်။
အခုဆိုအင်တာနက်ဆိုင်အရေအတွက် ၈ဆိုင်လောက်တောင် ဖြစ်လာခဲ့ပါတယ်။ အသုံးပြုခ ဟာလည်း ၅၀၀ ကျပ်အထိ ကျဆင်းလာပါတယ်။ အပြိုင်အဆိုင်ဆွဲံ ဆောင်မှု့ တွေကို လဲပြုလုပ်လာခဲ့ပြီး တချို့ ဆိုင်တွေဆို မင်ဘာနဲ့ အသုံးပြုရင် လျှော့ ယူကြတယ်လို့ သိရပါတယ်။ အင်တာနက်ဆိုင်အတွင်းကိုလည်း အဲယားကွန်းအေးအောင်ပြုလုပ်လာကြပါတယ်။
အပြိုင်အဆိုင်တွေများလာတော့ ၀န်ဆောင်မှု့ ပိုပြီးကောင်းအောင်လုပ်ကြရပါတယ်။ လိုင်းကောင်တဲ့ဆိုင်မှာလူများတာကတော့သေချာပါတယ် လို့ Hyper Link (ဟိုင်ပါလင့်)အင်တာနက်ဝန်ဆောင်မှု့ မှ ကိုမားမန်က ပြောကြားခဲ့ပါတယ်၊။လူငယ်အတွင်းမှာလဲအသုံးပြုတဲ့သူတွေပေါလားပြီးတချို့ လိင်ပိုင်းဆိုင်ရာ ၀က်ဆိုက်တွေကြည့်တာတွေ့ ရတယ်။ အဲဒါ ကိုဆိုင်တွေကထိမ်းပေးရမှာ ၊ ဆိုင်မှာက မိန်းကလေးအရေအတွက်လဲမျာလာပြီလေ အဲဒါဆိုတော့ ယဉ်ကျေးမှု့ အရထိမ်သိမ်းပေးသင့်တယ်။အင်တာနက်ဆိုင်ဟာလည်းလူကြီးလူငယ် ယောကျာင်္း၊ မိန်မ မရွေးအသုံးပြု နိုင်တဲ့ဆိုင်ဖြစ်လာမှာပါဟု အင်တာနက်အသုံးပြုသူတစ်ဦးကပြောကြားခဲ့ပါကြောင်း၊။။။
Saturday, May 30, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment