Sunday, May 31, 2009
မြို့အ၀င်မှာ သေဆုံးနေသောအလောင်းကို ပိုင်ရှင်သိရပြီဟုသိရ
ကလေးမြို့ အ၀င် ကလေး-ကလေးဝလမ်းဘေးတွင်သေဆုံးနေသော သူအားပိုင်ရှင်သိရပြီလို့ ကလေးမြို့ ရဲစခန်းမှ နယ်ထိန်တပ်ဖွဲ့ ၀င်တစ်ဦးဆီမှသိရပါတယ်။ဘာကြောင့်သေနေတယ်ဆိုတာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့ ကစုံစမ်းဖေါ်ထုပ်နေတယ်လို့သိရပါတယ်။အဲဒီဖြစ်ရပ်ဟာ မေလနောက်ဆုံးအပတ်ထဲမှာဖြစ်ခဲ့တာလို့သိရပါတယ်။ ကလေးမြို့ အ၀င်လမ်းဟာ အပင်တန်းများနှင့် လှပပြီး ကလေးမြို့ ကဒေသခံတွေရဲ့ အပန်းဖြေ သောနေရာတစ်ခုဖြစ်ပြီး ကျမ္မာရေးအတွက်လမ်းလျှောက် ကြသောနေရာလဲဖြစ်ပါတယ်။ပူအိုက်လွန်းတဲ့နွေရာသီဆိုရင် လမ်းဘေးကအုတ်ခုံလေးတွေမှာ မြို့ ကလူတွေနဲ့ များနေတတ်ပါတယ်။ မြို့ ထဲ ကကောင်လေးတွေ ၊ကောင်မလေးတွေအတွက်မြို့ အပြင်ထွက်ပြီး ဆိုင်ကယ်စီးတဲ့နေရာဖြစ်ပါတယ်။ ကလေးမြို့ ရဲ့ ဒေသခံတွေဟာ တခြားဒေသ ကိုသွားရင်အဲဒီနေရာလေးကိုအမြဲသတိရတတ်တယ်လို့သိရပါတယ်။တကယ်လို့လျှပ်စစ်မီးသာရလို့ ကတော့ မြို့အ၀င်မီးတန်း လေးနဲ့ ကလေးမြို့ဝင်လေးဟာသာသာဖြစ်နေမှာလို့ ကလေးကမြို့သူမြို့သားတွေ မျှော်လင့်နေကြတယ်လို့သိရပါကြောင်းပါဗျာ၊။။။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment