Saturday, May 30, 2009

၂၄မိုင်ကွာဝေးသောကလေး-ကလေးဝကားလမ်းတွင် မြေကာနံရံ များတည်ဆောက်နေပြီး တံတားများလည်းပြင်ဆင်ရန်လိုအပ်

ကလေး-ကလေးဝ ကားလမ်းသည် ၂၄မိုင်သာကွာဝေး သော်လည်း လမ်းခရီးအကွေ့ အကောက်များပြားပြီး မြစ်သာမြစ်ဘေးကိုကွေ့ ပတ်ဖောက်ထားကာ တံတားများလည်းများလှပါတယ်ဗျ၊ အဲဒီလိုမြစ်ဘေးမှာ တည်ဆောက်ထားတဲ့ လမ်းဖြစ်တာနဲ့ အညီ ကားလမ်းတွေ ဟာ မြစ်ထဲမှာ ပဲ့ပါသွားတာတွေ ရှိပါတယ်၊အဲဒီလိုပဲ့ပါသွားတဲ့ မြေသားတွေနေရာကို အခုမြေကာနံရံတွေ တည်ဆောက်နေပါတယ်။ အဲဒီလိုတည်ဆောက်နေတာ ပြည်သူဆောက်လုပ်ရေးကဖြစ်ပါတယ်။ တကယ်တမ်းက အဲဒီလမ်းပိုင်းဟာ BRTF ဆိုတဲ့ အိန္ဒိယနိုင်ငံ က အဖွဲ့ ရဲ့ ချစ်ကြည်ရေးအရ တည်ဆောက်ပေးနေတဲ့ လမ်းမကြီးရဲ့ အစိပ်အပိုင်းတစ်ခုပါ။ ဒါပေမယ့်မြန်မာအင်ဂျင်နီယာတွေက ကူညီပါဝင်ဆောင်ရွက်နေပါတာ၊ အဲဒီလိုမြေကာနံရံတွေတည်ဆောက်ပေးနေပေမယ့် လမ်းတွေကတော့သွားလာရတာမဆိုးပါဘူး၊ ဒါပေမဲ့-----
တံတားတွေရဲ့ အခြေအနေက ကောင်းမွန်ခြင်းမရှိသေးပါဘူး၊ တံတားတွေက ကွငိးလမ်းရှိပေမယ့် မိုးရွာသွားတဲ့အခါ အဲဒီကွငိးလမ်းတွေက သွားမရတော့ပါဘူး၊ အဲဒီတော့ ကျွန်တော်တို့ ကလဲတံတားတွေပေါ်က အရဲစွန့် ပြီးမောင်းရပါတယ် ကျိုးကြသွားရင်တော့ တံတားတန်ဖိုး ကို ပေးလျှော်ကြရမှာပဲ ၊ ဒါပေမယ်မတတ်နိုင်ပါဘူး အဲဒီတံတားတွေပေါ်ကပဲသွားကြရတာပါပဲ၊ လို့ ကလေး-ကလေးဝကားသမား တစ်ဦးကပြောပါတယ်၊မိုးတွင်းအခါမှာတော့ မုံရွာ၊မန္တလေး ကလာတဲ့ ကုန်စည်အများစုဟာ ရေကြောင်းကပဲ လာကြရတာပါ၊ ဒါကြောင့် ကလေး-ကလေးဝကားလမ်းဟာ မိုးရာသီအတွက်အလွန်အရေးကြီးပြီး အသုံးဝင်တဲ့လမ်းပါ၊အခုလိုမိုးရာသီအစ မှာ ပြုပြင်မှု့ တွေလုပ်ထားမယ်ဆိုရင် ဒေသခံတွေအတွက်ရော ကုန်စည်စီးဆင်းမှု့ အတွက်ရော အလွန်အဆင်ပြေမယ်လို့သိရပါကြောင်းပါဗျာ၊။။။

No comments:

Post a Comment