နံရိုးများရဲ့ သီဝရီ
-------------------------------
x နေကြမ်းကြမ်းလေကရမ်းရမ်း
သဲပွင့်တွေကောင်းကင်တခုလုံးပြည့်
တံလျှပ်တွေမြေတပြင်လုံးဆုံး
မိုးမချုံးလျှပ်မပြက်နဲ့
အဲဒီမျှော်လင့်ချက်ဒေသထဲမှာ
မင့်နဲ့ငါက သုံးနာရီခွဲကွာတယ် --------
x ငါ့အနီးအနားကလူ
အီဂျစ်လား ပါလစ်စတိုင်းလား
အာဖဂန်လား အီရန်လား
ဘင်လာဒင်လား ဖါတာလား
မင်းဖျားနေလား လွမ်းနေလား
လား ---- ပေါင်းများစွာနဲ့ တနေ့တခြားကြီးထွားလာတဲ့
ဝေးကွာခြင်းကြားမှာ
မင့်နဲ့ငါက ကိန္နရီမောင်နှံ ချောင်းခြားနေသလိုမျိုး -------
x ဟိုးတချိန်တုန်းကရော ဧဒင် ထဲမှာ
ကဝေ ကတဲ့ညရှိဖူးလား
အိပ်မက်ထဲမှာရောကလီယိုပါထရာ မင်းဖြစ်နေလား
တထောင့်တညပုံပြင်ထဲကိုရော မင်းရောက်နေလား
ကြည်ကြည်နူးနူးစကားတွေထဲမှာ
သားကရော စကားပြောတပ်နေပြီလား
သစ္စာပန်းတွေဝေနေအောင်ပန်ထားသလား
ယုံကြည်ချက်မြားက ငါ့လက်အပျက်နေ့မှာ
ပစ်မှတ်ကလွဲနေခဲ့ပြီ--------
x ဒီလိုနဲ့
အိမ်အပြန် အိပ်တန်းတက်မှာ
မျှော်လင့်ချက်က နာရီစက်ပျက်နေတယ်
ပညတ်တော် သစ်သီးကချိုမြနေခဲ့သတဲ့
အလာဒင် မီးခွက်ကပဉ္စလက်ဆန်ဆန်ဖန်တီးလို့
အို ----! ဧ၀ ရယ်--- ကြည့်စမ်းပါအုံး
မင်းနံရိုးတွေ ပျောက်ဆုံးကုန်ကြတာများ
ယုံတောင်မယုံဘူး
ငါ့မှာတော ထွေးမရ မျိုမကျနဲ့ရယ်--------
ရွှေလင်းထန်
Saturday, October 10, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment