Saturday, October 10, 2009

မုတ်သုံဆုတ်ခွါပေမယ့် ။။။။။။။မုန်တိုင်းက ကျန်သေးတယ်လို့ The Myanmar Post ဂျာနယ် ကပြောတယ်

၂၀၀၉ ခုနှစ် မုတ်သုံရာသီတစ် ခုလုံး ဖောက်ပြန်မှုဖြစ်ခဲ့ပြီး မုန်တိုင်း တစ်ကြိမ်နှင့်အတူ မုတ်သုံ စတင်ဝင် ရောက်ခဲ့ပြီး မုတ်သုံ ပြန်ပျောက်သွား သောဖြစ်စဉ်နှင့် ပစိဖိတ် သမုဒ္ဒရာ တွင် စတင်ဖြစ်ပေါ်နေသော အယ်လ်နီညို၏ အကျိုးဆက်ကြောင့် မုတ်သုံ ဆုတ်ခွာမှု အချိန်စောခဲ့သော်လည်း ပင်လယ် ရေမျက်နှာပြင် အပူချိန်မြင့် တက်မှုကြောင့် ပုံမှန်မဟုတ်သော မိုးများ အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာအထိ ရွာသွန်း နိုင်သလို မုန် တိုင်းများလည်းဖြစ်ပေါ်နိုင်သည်ဟု မိုးလေ၀သနှင့် ဇလဗေဒပညာရှင် ဒေါက်တာ ထွန်းလွင် (ညွှန်ကြားရေးမှူး ချုပ်-ငြိမ်း) က ဆိုသည်။

မုတ်သုံရာသီအစကတည်းက ဖောက်ပြန်သော ရာသီဥတုအခြေ အနေကို တွေ့ခဲ့ရပြီး မုန်တိုင်းတစ် ကြိမ်အဖြစ် မုတ်သုံစတင်ဝင်လာပြီး ပြန်ပျောက်သွားကြောင်း၊ ထို့အပြင် မုတ်သုံရာသီတစ်လျှောက်တွင် မိုး တိမ်တောင်များဖြစ်ပေါ်ပြီး မကြာ ခဏမိုးသီးများကြွေကျခြင်း၊ မိုးကြိုး ပစ်ခြင်း၊ မြန်မာနိုင်ငံအထက်ပိုင်းနှင့် မြောက်ပိုင်းတွင် မိုးနည်းခြင်းတို့သည် သမားရိုးကျဖြစ်စဉ်များမဟုတ်သလို ပင်လယ်ရေမျက်နှာပြင်အပူချိန်သည် ၂၆ ဒသမ ၅ စင်တီဂရိတ်သို့ ရောက် ရှိနေခြင်းကြောင့် အပူပိုင်းမုန်တိုင်း များ မိုးနှောင်းကာလတွင် ဖြစ်ပေါ် လာနိုင်သဖြင့် သတိထားရန်လိုအပ် ကြောင်း ဒေါက်တာထွန်းလွင်က ဆက်လက်ပြောကြားသည်။

“အခု အယ်လ်နီညိုဖြစ်နေတဲ့ အတွက်ကြောင့် မုန်တိုင်း ဖြစ်ပေါ်မှုလျော့နည်းသွား နိုင်ပေမယ့် တကယ်လို့ ဖြစ်ပေါ်လာပါကအပူပိုင်း မုန်တိုင်းတွေဖြစ်ပေါ်လာ နိုင်တယ်။ အဲဒီလိုဖြစ်ရ ခြင်းအကြောင်းအရင်းက တော့ မုန်တိုင်းဖြစ်ပေါ်တဲ့ အကြိမ်ရေများတုန်းကဆို ရင် မုန်တိုင်းတွေဟာ အင် အားပြင်းတဲ့အဆင့်မရောက် ဘဲအင်အားလျော့နည်းပြီး အကြိမ်ရေနည်းလာတဲ့အခါ ပြင်းထန်တဲ့ မုန်တိုင်းကြီး တွေဖြစ်ပေါ်လာနိုင်တယ်။ အဲဒီအတွက်ကြောင့် မုန်တိုင်းဖြစ်နေ ရင် မုန်တိုင်းသတင်းကုန်းတွင်းပိုင်းသို့ ၀င်ရောက်ပါက မုန်တိုင်းသတိပေး ချက်ကို အရောင်များနဲ့ ကြေညာ ရင်လည်း အရောင်ပေါ်မူတည်၍ အခြေအနေ ကွဲကွဲပြားပြားသိရန်လို အပ်ပြီး မုတ်သုံအထွက်စောခဲ့သော် လည်း မုန်တိုင်းနဲ့ပတ်သက်ပြီးအထူး သတိပြုရန်လိုအပ်ပါတယ်” ဟု ဒေါက် တာထွန်းလွင်က ပြောကြားသည်။

“တကယ်လို့ မုန်တိုင်းဖြစ်ပေါ် ပြီဆိုရင် မုတ်သုံကြောင့်မဟုတ်ဘဲ မုန် တိုင်းကြောင့် မိုးတွေရွာနိုင်ပါတယ်။ အဲဒီမိုးတွေဟာဆိုရင်မြစ်ဝကျွန်းပေါ် ဒေသနဲ့ မြန်မာနိုင်ငံမြောက်ပိုင်းနဲ့မြေ လတ်ပိုင်းတွေမှာကြုံတွေ့နိုင်ပြီးတော့ အချိန်ကာလတစ်ခုအနေနဲ့ပြောမယ် ဆိုရင်လာမယ့် ဒီဇင်ဘာအထိ ကြုံ တွေ့နိုင်ခြေရှိတယ်”ဟုဆိုသည်။

ယခုနှစ်ကြုံတွေ့ခဲ့ရသော မုတ် သုံရာသီတစ်လျှောက်လုံးတွင် လေ ဆင်နှာမောင်းဖြစ်ပေါ်မှုသည်ဒေသ တချို့၌ ကြုံတွေ့ခဲ့ရသလို မိုးတိမ် တောင်ဖြစ်ပေါ်မှုများ များခဲ့သဖြင့် မိုးကြိုးပစ်ခြင်းများလည်း အရင်က ထက်ပိုများခဲ့သဖြင့် မိုးလေ၀သနှင့် ဆိုင်သောသတင်းအချက်အလက်များ ကိုအမြဲတမ်းသတိပြုရန် လိုအပ်လျက် ရှိပြီး တရားဝင်ခန့်မှန်းသတင်းထုတ် ပြန်ချက်များကို ရေလုပ်ငန်းလုပ် ကိုင်နေသူများ၊ ကမ်းရိုးတန်းဒေသ တစ်လျှောက်တွင် နေထိုင်သောသူ များက ၂၀၀၉ ခုနှစ် မကုန်ခင်အထိ အထူးသတိထားသင့်သည်ဟု ဆို သည်။ လှိုင်လှိုင်ဝင်း

No comments:

Post a Comment