Wednesday, February 10, 2010

ချင်းပြည်နယ်၌ လူလေးဦးတွင် A(H1N1) တွေ့ရှိ လေးဦးစလုံး ရောဂါသက်သာနေသည်ဟုသိရပြီး အဆိုပါကျေးရွာတွင် နောက်ထပ်ဖြစ်ပွားမှု မရှိသေး

ချင်းပြည်နယ်၌ လူလေးဦးတွင် A(H1N1) တွေ့ရှိ လေးဦးစလုံး ရောဂါသက်သာနေသည်ဟုသိရပြီး အဆိုပါကျေးရွာတွင် နောက်ထပ်ဖြစ်ပွားမှု မရှိသေး

ကမ္ဘာ့လူတုပ်ကွေးရောဂါ လူနာသစ် လေးဦးကို ချင်းပြည်နယ် ဖလမ်းမြို့နယ် လင်းလက်ကျေးရွာ တွင် စတင်တွေ့ရှိခဲ့ကြောင်း သိရှိရပါသည်။
လူနာလေးဦးမှာ ကျန်းမာရေး ကောင်းမွန်လျက်ရှိကာ အဆိုပါ ကျေးရွာတွင် နောက်ထပ်ဖြစ်ပွားခြင်း မရှိသေးဟု သတင်းရရှိပါသည်။
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် အတွင်းရှိ လင်းလက်ကျေးရွာတွင် ဖျားခြင်း၊ လည်ပင်းနာခြင်း၊ ချောင်းဆိုးခြင်းလက္ခဏာများ ကလေး လူကြီး အချို့တွင် ဖြစ်ပွားလျက်ရှိ သည်ဟု သတင်းရရှိကြောင်း သိရသည်။
ထိုသို့ သတင်းရရှိခဲ့သောကြောင့် ချင်းပြည်နယ် ဟားခါးမြို့မှ အထူးကုဆရာဝန်ကြီးများ ပါဝင်သော ရောဂါကာကွယ်နှိမ်နင်းရေး အဖွဲ့စေလွှတ်ခဲ့ကာ လူနာလေးဦး တွင် New Influenza A(H1N1) ရောဂါပိုးတွေ့ရှိကြောင်း စစ်ဆေးအတည်ပြုနိုင်ခဲ့သည်ဟု သတင်းထုတ်ပြန်ချက်များအရ သိရှိရပါသည်။
အဆိုပါ လူနာများကို သက်ဆိုင်ရာကျေးရွာတွင် သီးခြားခွဲခြား ထားရှိခဲ့ကြောင်း၊ ထိုသို့ လူနာများ အား သက်ဆိုင်ရာကျေးရွာတွင် သီးခြားခွဲခြားထားရှိခဲ့ပြီး ကုသမှုခံစေလျက် လူနာများနှင့် အနီးကပ်ထိ တွေ့မှုရှိသူများကိုလည်း သီးခြားထားစေကာ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ယခုအခါ A(H1N1) ရောဂါ ကူးစက်ခံသူ အဆိုပါ လူနာလေးဦး သည် ကျန်းမာရေး အခြေအနေ ကောင်းမွန်လျက်ရှိသည်ဟု သိရပါ သည်။အဆိုပါကျေးရွာသည် ဖလမ်း- ရိဒ်ခေါဒါ ကားလမ်းပေါ်ရှိ တွီးဘွယ်ကျေးရွာမှ ခြောက်မိုင် ခုနစ်မိုင် ခန့်သွားရသော ကျေးရွာတစ်ရွာဖြစ် သည်ဟုသိရပါသည်။
တွီးဘွယ်ကျေးရွာသည် ဖလမ်း မြို့မှ မိုင် ၄၀ ခန့်ကွာဝေးသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရှိရပါသည်။
ရောဂါကာကွယ် နှိမ်နင်းရေး အဖွဲ့သည် ယခုနှစ် ဇန်န၀ါရီ လ ၂၆ ရက်နေ့တွင် သွားရောက်ခဲ့ ကြောင်းသိရသည်။
ဇန်န၀ါရီလ ၂၈ ရက်နေ့တွင် ပြန်ရောက်ခဲ့ကာ နောက်ထပ်ရောဂါ ကာကွယ်ရေးအဖွဲ့များလည်း သွားရောက်လျက်ရှိသည်ဟု ဖလမ်းမြို့ ပြည်သူ့ဆေးရုံသို့ တယ်လီဖုန်းနှင့် မေးမြန်စဉ် တာဝန်ကျသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိပြီး ရိဒ်ခေါဒါမြို့ နယ်ခွဲသည်နယ်စပ်ကုန်သွယ်ရေး ပြု လုပ်ရာ ဒေသတစ်ခုဖြစ်ကြောင်း သိရ သည်။
ယင်းသို့ နယ်စပ်ကုန်သွယ် ရေးပြုလုပ်ရာဒေသတစ်ခုဖြစ်ပြီး အိန္ဒိယနိုင်ငံနှင့် နယ်စပ်ကုန်သွယ် ရေးပြုလုပ်လျက်ရှိသည်ဟု သိရှိရပါ သည်။
အဆိုပါချင်းပြည်နယ်ရိဒ်ခေါဒါ မြို့နယ်ခွဲသို့ ဖလမ်းမြို့မှ သွား ရောက်၍ရသလို တီးတိန်မြို့မှ လည်းသွားရောက်နိုင်သည်ဟု သိရပါသည်။

No comments:

Post a Comment