Sunday, February 7, 2010

မြို့မုံရွာ သမိုင်း အဘိဓာန် ရေးသားပြုစုမည်

မြို့မုံရွာ သမိုင်း အဘိဓာန် ရေးသားပြုစုမည်

မြို့မုံရွာ သမိုင်း အဘိဓာန်ကို အရှင်ရေ၀တ(သာသနာ့ပျိုးခင်း) ရေးသားပြုစုမည်ဖြစ်ကြောင်း မုံရွာ စာပေရောင်းရင်းများထံမှ သိရသည်။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း)သည် လာမည့်မတ်လတွင် မုံရွာ စာပေနှင့် စာနယ်ဇင်းအဖွဲ့၊ မုံရွာမီဒီယာအဖွဲ့များနှင့် ဆွေးနွေးညှိနှိုင်းတိုင်ပင်ရန် ရောင်ခြည်သစ်မျက်မမြင်ပရဟိတသင်တန်းကျောင်းတွင် လာရောက်တွေ့ဆုံမည်ဖြစ်ကြောင်း သိရသည်။ သို့အတွက် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် ရန်ကုန်တွင် နည်းပြတာဝန်ထမ်းဆောင်နေသော အရှင်ရေ၀တအား ဖုန်းဖြင့် ဆက်သွယ်မေးမြန်းလျှောက်ထားရာ ဟုတ်မှန်ကြောင်း မိန့်ကြားသည်။ မုံရွာ အဘိဓာန်ရေးသားရခြင်း ရည်ရွယ်ချက်ကို လျှောက်ထားရာ ““အရှေ့လယ်တီတိုက်၊ အုတ်ကန်တောရစာသင်တိုက်၊ မဟာဇောတိကတိုက်နှင့် နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်များရဲ့ ဂုဏ်ကျေးဇူးကို ဆပ်လိုတာရယ်၊ မုံရွာနဲ့ ပတ်သက်တဲ့ သမိုင်းအချက်အလက်တွေ တစ်စုတည်း ရှိစေချင်တာရယ်၊ နောက်နောင် မှီငြမ်းကိုးကားရာ စာအုပ်တစ်အုပ်အဖြစ်ရှိစေချင်တာရယ်ကြောင့် ရေးသားရဖို့ ဖြစ်လာတာ““လို့ မိန့်ကြားသည်။ ဘယ်လိုပုံစံနဲ့ ရေးသားမည်လဲ ဟု လျှောက်ထားရာ ယင်းက “စွယ်စုံကျမ်းပုံစံတော့ ၀င်အောင် ရေးရမယ်။ မုံရွာရဲ့ တည်နေရာကစလို့ နောက်ခံသမိုင်းများအပါအ၀င် ဘာသာရေး၊ လူမှုရေး၊ ပညာရေး၊ စီးပါားရေး၊ ကျန်းမာရေး၊ စာပေအနုပညာ၊ ယဉ်ကျေးမှုဓလေ့ထုံးစံစတဲ့ ယနေ့ ဖွံ့ဖြိုးတိုးတက်မှုများအထိပါ ပါဝင်အောင် ရေးမှာဖြစ်တယ်““ဟု မိန့်ဆိုသည်။ အချိန်ကာလသတ်မှတ်ထားမှုကို တော့ 2 နှစ်ခွဲခန့် အချိန်ယူမှာဖြစ်တယ်လို့လည်း သိရသည်။ အဓိကကတော့ စာအုပ်စာတမ်းလိုအပ်နေသေးလို့ ပတ်သက်စပ်ဆက်တဲ့ စာအုပ်စာတမ်းတွေ စာဆောင်းနေကြောင်း သိ၇သည်။ မုံရွာနှင့်ပတ်သက်သော စာအုပ်စာတမ်းများ၊ ကို လှူဒါန်းလိုပါက ၁။ ကိုမျိုးမင်းဦး၊ ဦးမြသွေးလက်ဘက်ရည်ဆိုင်၊ မာဃလမ်း၊ မုံရွာမြို့။ ၂။ ဦးမျိုးဝင်း၊ ရွှေတေးသံစာပေ၊ မုံရြွျာမို့။ ၃။ ဦးလွင်ချန်ဖြိုး၊ စီးပွားရေးတက္ကသိုလ်၊ မုံရွာမြို့။ ၄။ အရှင်ရေ၀တ(သာသနာ့ပျိုးခင်း) ပဲခူးဆောင်၊ လက်ထောက်အဆောင်မှူး၊ နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ်၊ ကမ္ဘာအေး။ ရန်ကုန်မြို့၊ ဖုန်း 095025409 တို့သို့ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment