ရွှေဆံပင် ဆရာတော်မှ ဦးဆောင်သော အလောင်းတော်ကဿပ ဘုရားဖူးအဖွဲ့ ဒုတိယအကြိမ် ဘုရားဖူးထွက်မယ်လို့ သိရ
ရွေဆံပင်ဆရာတော်မှ ဦးဆောင်သော အလောင်းတော်ကဿပ ဘုရားဖူး အဖွဲ့ ဒုတိယ အကြိမ် ဘုရားဖူး ထွက်မယ်လို့ သိရပါတယ်။ ဒုတိယ အကြိမ်ကို ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှာ ရန်ကုန်မြို့ က နေ စတင်ထွက်မယ်လို့ သိရပါတယ်။ တခြား ဘုရားဖူးအဖွဲ့ တွေလို အကျိုးအမြတ်ကို မကြည့် ပဲ လုပ်ပေးတာ မဟုတ်ပဲ ရန်ကုန်နဲ့ တခြား မြို့ တွေက ဆံပင်အလှူ ရှင်တွေကို လမ်းစရိတ်သက်သာစွာနဲ့ လိုက်ပါနိုင်အောင်စီစဉ်ပေးထားတဲ့ ကုသိုလ်ယူဘုရားဖူး ပို့ ပေးခြင်းဖြစ်ပါတယ်။ ပထမအကြိမ် မှာတော့ ရွှေဆံပင်လမ်း ကိုဖြတ်သန်းကြရင်း မိမိရဲ့ ဆံပင်တွေကို အလှူဒါန ပြုထား တဲ့လမ်းကို ကိုယ်တိုင် မြင်တွေ့ ကြရသလို ၊ ဆရာတော်ရဲ့ မပြီး သေးတဲ့ လမ်း၊ တံတား ဆောက်လုပ်ရေး တွေကိုပါ လေ့လာ ခဲ့ကြရတယ်လို့ သိရပါတယ်။ ဆရာတော်ရဲ့ တကယ်လုပ်နေတဲ့ လမ်း၊ တံတားလုပ်ငန်းတွေ ကို မြင်ပြီး တကာမ တစ်ဦး( ဒေါ်သန်းသန်းနု--တာမွေ(၃)ရပ်ကွက်။။ရန်ကုန်မြို့ ကလို့ သိရပါတယ်) က ဆို ၀မ်းသာလွန်းလို့ ဒါန စိတ်တွေဖြစ်ပေါ်ကာ ငါးမူးသား ရွှေလက်ကောက်တရံကို ချက်ချင်း ချွတ်လှူခဲ့တယ်လို့ သိရပါတယ်။ တကယ်ဆိုတော့ ယင်းမာပင်မြို့ နယ်အတွင်း က ဒေသခံ (၅၀၀၀၀)လောက်သွားလာနေတဲ့လမ်းဖြစ်ပါတယ်။ ဒေသခံတွေမှာ လမ်းမကောင်းတော့ တွေ့ ကြုံ ရတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ၊ ဒုက္ခတွေကို ဆရာတော်က သက်သာစေချင်တဲ့ ဆန္ဒနဲ့ လမ်းတံတား တွေ ကောင်းမွန်အောင်ဆောင်ရွက်ပေးနေခဲ့တယ်လို့ သိရပါတယ်။ လမ်းတံတားတွေ ကောင်းမွန်ဖို့ နိုင်ငံတော်ကလည်း အားတက်သရော ဆောင်ရွက်နေသလို ဆရာတော်ကလည်း တတ်နိုင်သလောက် လမ်းတံတားတွေ ကို ဖောက်လုပ် ပြုပြင်နေအုန်းမှာ ပဲလို့ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment