ကျုပ်တို့မြို့မှာ ...ဒါမျိုးတွေကရှိသေးတယ်....
ရွှေလက်များရဲ့စာမူခ..တဲ့ဗျ...Monday, May 31, 2010 နေ့ရက်စွဲနဲ့တင်ထားတာကို ပြန်လည်ဝေမျှလိုက်ပါတယ်ဗျာ..။
ကလေးမြို့ကနေ ရန်ကုန်မြို့ကို သွားရောက်လည်ပတ်တဲ့ ကလေးမြို့ ဆိုတဲ့ ကဗျာဆရာ တစ်ယောက်ဟာ ရန်ကုန်ရောက်တုန်းရောက်ခိုက် ကလေးသားကဗျာဆရာစစ်စစ်တွေရဲ့ စာမူခများစွာကို ကိုယ်ကျိုးအတွက် သုံးစွဲခဲ့ကြောင်း သူကိုယ်တိုင်ဂုဏ်ယူပြောဆိုချက်အရ သိရပါတယ်။ အဲဒီ ခံလိုက်ရတဲ့ကဗျာဆရာတွေထဲမှာ ရွှေလက်များက သူရ(ကလေး)နဲ့ သော်တာစံ(ကလေး)တို့ ပါဝင်ပါတယ်။
ကလေးမြို့ ကဗျာဆရာဟာ ကလေးက ကဗျာဆရာကြီးငယ်တို့ရဲ့ စာမူခ နှစ်သောင်းနီးပါးရယ်။ ပိတောက်ပွင့်သစ် မဂဇင်းက ရွှေလက်များကို လှူလိုက်တဲ့ စာအုပ်တွေရယ်၊ မန္တလေးအိုက်ကွန်မဂ္ဂဇင်းက ကဗျာဆရာတစ်ယောက်ကိုပေးလိုက်တဲ့ စာအုပ်တွေကို ကိုယ်ကျိုးအတွက်ပဲ အလွဲသုံးစားလုပ်တဲ့အကြောင်း သူကိုယ်တိုင်ပြောစကားအရသိရပါတယ်ခင်ဗျာ။
ကဗျာဆရာများ သက်တော်ရာကျော်ရှည်ပါစေ။
လို့...ရွှေလက်များဆိုတဲ့ ဘလော့စပေါ့ဆိုက်မှာ..ရေးသားထားတာကိုဖတ်လိုက်ရပါတယ်ဗျို့....
http://shwelettmyar.blogspot.com/ အဲဒီလင့်မှာသွားဖတ်လို့ ရပါတယ်။
Tuesday, July 27, 2010
Sunday, July 25, 2010
ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၃)

မနေ့က ဇူလိုင်လ((၂၅)ရက် အလင်းစက်တွေက မိုးရေစက်တွေနဲ့အပြိုင်ခုန်ဆင်းခဲ့တဲ့နေ့တစ်နေ့ပါ။ အုံ့ ဆိုင်းနေတဲ့ကောင်းကင်ဟာ ၀န်းကျင်တစ်ခိုလုံးဖြစ်ပါတယ်။ အဲဒီမနက်မှာပဲ ကလေးမြို့ ရဲ့ မြို့မဈေးအရှေ့မှာ ရွှေနန်းတော်ဖိနပ်လုပ်ငန်းမှာ မြို့ပေါ်က သီလရှင်ကျောင်းတိုက်(၅)တိုက်မှာရှိတဲ့ဆရာလေးသီလရှင် အပါး (၁၁၀) ကို ဖိနပ်လှုဒါန်းမဲ့ပွဲရှိပါတယ်။ မနက်ခင်းရဲ့ မိုးစက်တွေထဲမှာ ဆရာလေးတွေ ထီးကိုယ်စီ နဲ့ရောက်ရှိ လာခဲ့ပါတယ်။ မိုးစက်လေးတွေ တဖြည်းဖြည်းပဲ စဲသွားများ လို့မျှော်လင့်ရင်း မိုးရေစက်တွေကြားကပဲ အလှုပွဲကိုပြုလုပ်ခဲ့တာကို တွေ့လိုက်ရပါတယ်။ ဒီပွဲမှာ ကလေးမြို့ မြို့မဈေး ကအလှုရှင်တွေပါဝင်ခဲ့ပြီး စာရေးကိရိယာနဲ့ အခြား အလှုပစ္စည်းများကို လှုဒါန်းခဲ့တယ်လို့ သိရှိရပါတယ်။ လှုဒါန်းမှု အစုစုကို အလှုရှင်များရဲ့ ပြောပြချက်အရတော့ ကာလတန်ဖိုး (၇)သိန်းခန့်ရှိလိမ့်မယ်လို့ သိခဲ့ရပါတယ်။
အရွယ်မလွန်ခင်ချစ်တဲ့ အချစ်နဲ့ ၀ါမ၀င်ခင်က မင်္ဂလာပွဲ --- ဂျီတီစီ (ကလေးမြို့ )
အလှုပွဲကို မိုးစက်တွေနဲ့အတူရေစက်သွန်းချခဲ့ပြီး ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းတစ်ဦးရဲ့ အရွယ်လွန်ခါနီးတဲ့အချစ်တွေက ၀ါကျွတ်အောင်စောင့်မရလို့ ၀ါမ၀င်မှီမှာပဲ အပြေးအလွှားနဲ့ မင်္ဂလာပွဲ ပြုလုပ်ခဲ့လို့ မြစည်တော်သာသနာ့ရိပ်သာကို ခရီးဆက်ခဲ့ရပါတယ်။ ကိုမြစ်သာတို့ရဲ့ သူငယ်ချင်းကြီးကတော့ ဂျီတီစီက ဆရာမ ဒေါ်ဖြူဖြူသန့် ဖြစ်ပါတယ်။ သူ့ရဲ့ အိမ်ထောင်ဖက်ကလည်း အရင်က ကလေးဂျီတီစီမှာ ကျောင်းဆရာတစ်ဦးဖြစ်ပြီး တီးတိန်မြို့မှာ ရှိတဲ့ စက်မှုကျောင်းတစ်ကျောင်ကို ကျောင်းအုပ်ကြီး အဖြစ် ပြောင်းရွှေ့ ရမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီပွဲမှာ ဆွေမျိုးမိတ်သင်္ဂဟ များနဲ့ သူငယ်ချင်းအပေါင်းသင်းများ လာရောက်ခဲ့ကြပါတယ်။ ကလေးဂျီတီစီမှာ ရှိတဲ့ အပျိုကြီးများ အဖြစ် ဆက်လက်ခံယူနေတဲ့ ဆရာမ ဒေါ်သန္တာနဲ့ ဆရာမ ဒေါ်ဥသြ တို့ တော့ အားကျတဲ့မျက်လုံးများ မင်္ဂလာပွဲကိုတက်ရောက်လာတဲ့ သူငယ်ချင်းတွေကို နှုတ်ဆက်ရှာပါတယ်ဗျာ။
နေ့လည်ခင်းမှာတော့ သူမဟုတ်သလိုပဲ နေမင်းကြီက ပြူထွက်လာခဲ့ပါတယ်။ ကလေးမြို့ ရဲ့မိုးရာသီဆိုတာကို တကယ်ပဲလက်စွမ်းပြနေတာလားတော့ မသိတော့ပါဘူး။

Saturday, July 24, 2010
ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်း ၆ မြို.နယ်တွင် ချင်းတိုးတက်ရေးပါတီ(စီပီပီ)လှုပ်ရှားလာလေပြီ

၂၀၁၀ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့်ချင်းတိုးတက်ရေးပါတီ(စီပီပီ)က ချင်းပြည်နယ်နှင့် စစ်ကိုင်းတိုင်းအတွင်းမြို့နယ် ၆ မြို.နယ်တွင်ရုံးခွဲများဖွင့်လှစ်ပြီးပါတီ ဆိုင်းဘုတ်များတင်နေပြီဖြစ်ကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်း အဓိကယှဉ်ပြိုင်မည့် စီပီပီက ချင်းပြည်နယ် ဖလမ်းမြို. နှင့် စစ်ကိုင်းတိုင်း တမူး၊ ကလေးမြို့တို့တွင်ပါတီ အလုပ်အမှုဆောင်ကော်မီတီများကို မကြာသေးခင်ကဖွဲ့စည်းလိုက်ပြီးရုံးခွဲများကိုလည်းဖွင့်လှစ်ခဲ့ကြခြင်းဖြစ်သည်။
ပြီးခဲ့သည့်ဇွန်လ ၂၉ ရက်နေ့က ချင်းပြည်နယ် ဖလမ်းမြို့နယ်၊ ထို့နောက် စစ်ကိုင်းတိုင်း အိန္ဒိယ-မြန်မာနယ်စပ်၊ တမူးမြို့တွင်လည်း ယခုလ၁၂ ရက်နေ့၊ အလားတူ ကလေးမြို့တွင်လည်း ဇူလိုင်လ (၇)၇က်နေ့ ကစီပီပီအလုပ်အမှုဆောင် အဖွဲ့ဝင်များကို ရွေးချယ်ခဲ့ပြီး ဖြစ်ကြောင်း၊ သိရပါသည်။
စီပီပီမှ လာမည့်သြဂုတ်လ ၁၃ နှင့် ၁၄ရက်များတွင် ပါတီညီလာခံ ကျင်းပပြုလုပ် မည်ဖြစ်ပြီး ယင်းမှ လာမည့် ပါတီခေါင်းဆောင်အသစ်များ ရွေးချယ်သွားမည်ဖြစ် ကြောင်း သိရသည်။
စီပီပီသည် ချင်းပြည်နယ်တောင်းပိုင်းဒေသများတွင်လည်း မြို့ နယ်အဆင့် ပါတီ ကော်မီတီကိုလည်း ဖွဲ့ စည်းပြီး ဖြစ်ကြောင်း၊ ပါတီ၏ဆိုင်းဘုတ်များကိုလည်း မြို့ နယ်ပါတီရုံးများတွင် တင်ထားပြီးဖြစ်ကြောင်းသိရသည်။ကန်ပလက်မြို့ နယ်။ မင်းတပ် မြို့ နယ် ၊ပလက်ဝမြို့ နယ် ၊ဟားခါးနှင့်ထန်တလန်မြို့ နယ်..တို့တွင်လည်း ပါတီတာဝန်ရှိသူမျး အသီးသီးတာဝန်ပေးထားသည်ဟုသိရပါသည်။
ဟားခါးမြို့ပေါ်တွင် လူထုစည်းရုံးရေးလုပ်ငန်းများကို စတင်လုပ်ဆောင်နေပြီကြောင်းသိရသည်။

Friday, July 23, 2010
မြို့လေးရဲ့ နေ့စဉ်မဟုတ်သောမှတ်တမ်း (သို့မဟုတ်) ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၂ )

နေ့စဉ်မဟုတ်သောလို့ ခေါင်းစဉ်မှာရေးထားခဲ့ပေမယ့် အခုတော့ ဒီပို့စ် ကိုတော့နေ့ရက်အစဉ်လိုက်တင်လိုက်ပါတယ်ဗျာ။
ဒီကနေ့ ဇူလိုင်လ(၂၃)ရက်နေ့..မှာတော့ ..ADSL ..အင်တာနက်လိုင်းတွေ ကောင်းသွားပါတယ်။ လူ့ဘ၀ ဆိုတာ..အင်တာနက်လိုင်းတွေလိုပဲဗျ..။ တက်လိုက်ကျလိုက်နဲ့ ။ ထူးထူးခြားခြားမရှိပေမယ့် ညနေပိုင်း မှောင်ရီရိုးလောက်မှာတော့ ကလေးမြို့မှာမိုးတော်တော် လေးသည်းလိုက်တယ်ဗျ။ မိုးမရွာလို့ စိုက်ရေးပျိုးရေးကိစ္စတွေ ပူပင်ရမယ့် တာဝန်က အေးသွားတာပေါ့ဗျာ။ ဒီနှစ်မိုးရာသီမှာ ကလေးမြို့ ဟာ သွေးလွန်တုပ်ကွေးဒဏ်ကို သိပ်မခံစားလိုက်ရပါဘူး။ ဒါပေမယ့်. လူကြီးတော်တော်များများတော့ ..ဆင်တုပ်ကွေး...ဆိုတဲ့ ဒဏ်ကိုတော်တော်ခံလိုက်ရကြပါတယ်။ သုံးရက်လောက်ဖျားပြီး ရင် ညောင်းညာ ကိုက်ခဲပြီး ကျန်ခဲ့တဲ့ တုပ်ကွေးတစ်မျိုးပါတဲ့။ အဆစ်အမြစ်တွေ ကိုက်ခဲမှု ဒဏ်ကိုတော့ခံစားကြရပါတယ်တဲ့။ တုပ်ကွေးရောဂါ ကိုတစ်နိုင်ငံလုံး အထိတ်တလန့်ဖြစ်နေချိန်မှာ ကလေးမြို့ ကတော့ အေးအေးဆေးဆေး ပါပဲလို့ သိရပါတယ်ဗျာ။

Thursday, July 22, 2010
မြို့လေးရဲ့ နေ့စဉ်မဟုတ်သောမှတ်တမ်း (သို့မဟုတ်) ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ..
မြို့လေးရဲ့ နေ့စဉ်မဟုတ်သောမှတ်တမ်း (သို့မဟုတ်) ကိုမြစ်သာသိလိုက်ရတဲ့...ကလေးမြို့က ...အဖြစ်အပျက်ကလေးများ....(၁)
ဒီနေ့ ဇူလိုင်လ(၂၂)ရက်ပေါ့ဗျာ..။ ADSL ဆိုတဲ့ အင်တာနက်လိုင်းတွေမကောင်းလို့ .မြို့ပေါ်က အင်တာနက်ဆိုင်တချို့မှာ ဂျီတော့ ဖို့ ခက်နေကြပါတယ်တဲ့။ ဒီမြို့ လေးက ခေတ်လူငယ်များကလည်း ..တစ်ရက်..တစ်ရက် တော့လိုက်..ရမှာ နေသာထိုင်သာရှိသကိုး။ ဘာပဲပြောပြော ...ကလေးမြို့မှာ ..အင်တာနက်ဆိုင် (၁၂)ဆိုင်လောက် ရှိလာပါပြီ ဒါပေမယ့် ..အင်တာနက်ဆိုင်ပေါလာတာနဲ့ အမျှ လူငယ်တွေရဲ့ အွန်လိုင်းအသုံးပြု မှုကလည်း ဂျီတော့ပရုံသက်သက်ကနေ ...တက်လာသင့်ြ့ပီလို့ ..အင်တာနက်အသုံးပြုသူ အသိုင်းအ၀ိုင်းမှာ ပြောကြဆိုကြရှိလာပါတယ်။ အင်တာနက်ဆိုင်တချို့မှာတော့...ညစ်ညမ်း ၀က်ဆိုက်နဲ့ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဆိုက်တွေကို အသုံးမပြုဖို့ ..ကြည့်ရှု့ခြင်းမပြုဖို့ ကြော်ညာစာတွေကပ်ထားတာကို တွေ့ခဲ့ရပါတယ်....။

စား--သတိ၊ သွား--သတိ။..အော်......ရေးလဲ..သတိပါလား။
ပြည်တွင်းအပတ်စဉ်ထုတ် ဂျာနယ်တစ်စောင်ဖြစ်သည့် The Voice ဂျာနယ်အား ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားကြောင်း သိရှိရပါသည်။
ယင်းကဲ့သို့ ထုတ်ဝေခွင့်ယာယီရပ်ဆိုင်းခံရခြင်းနှင့်ပတ်သက်၍ မည်သည့်အကြောင်းကြောင့် ထုတ်ဝေခွင့် ယာယီရပ်ဆိုင်းထားခြင်းဖြစ်ကြောင်းကိုမူ စာပေစိစစ်ရေးမှ တရားဝင် စုံစမ်းသိရှိရခြင်းမရှိပါ။
သို့သော် ဇူလိုင်လ ၁၂-၁၈ ရက်နေ့ ရက် စွဲဖြင့်ထုတ်ဝေခဲ့သော The Voice ဂျာနယ် အတွဲ ၆ အမှတ် ၃၄ မှ Concept နှင့် Process ဆောင်းပါးပါ အကြောင်းအရာအချို့နှင့်ပတ်သက်၍ ယခုကဲ့သို့ ထုတ်ဝေခွင့်ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါဆောင်းပါးကို ဆောင်းပါးရှင်အောင်ထွဋ်ကရေးသားထားခြင်း ဖြစ်သည်။ The Voice ဂျာနယ်ကို Myanmar Partners Think Tank Group မှ ထုတ်ဝေခြင်းဖြစ်ပြီး Living Color မဂ္ဂဇင်းကိုလည်း ထုတ်ဝေလျက်ရှိကြောင်းသိရသည်။
The Voice ဂျာနယ်သည် မေလအတွင်းကလည်း သရုပ်ဆောင်ထက်ထက်မိုးဦးနှင့် 7 Days News ဂျာနယ် သတင်းထောက်တို့၏ ပြဿနာဖြစ်ပွားမှုနှင့် ပတ်သက်၍ ဖော်ပြခဲ့မှုကြောင့် ဂျာနယ်အားတစ်ပတ်ထုတ်ဝေခွင့် ရပ်ဆိုင်းခံခဲ့ရဖူးသည်။
အဲဂလိုအဲဂလို...www.news-eleven.com...မှာ ဖတ်ရှုလိုက်ရပါတယ်။

Subscribe to:
Posts (Atom)