Sunday, August 16, 2009

ယိုကိုအတွက် အိတ်ဖွင့်ကဗျာ

နာရီကိုပဲ ငါတို့ပိုင်တယ်
အချိန်ကို ငါတို့မပိုင်ဘူး ယိုကို
အလိုက်သိတယ်ဆိုတာ
အသိတွေ လိုက်လာတာပဲ မဟုတ်လား

ငါတို့နိုင်ငံမှာ ဖြစ်တဲ့နာဂစ်
မင်းရဲ့ ရက်ရောလှတဲ့
သဟသိဿိက အလှူဒါန
ငါတို့သာဓုခေါ်ပါစေ

ပြောလို့သာ ပြောရတာ
ငါဟာ
ဒီလောက ဇာတ်ခုံပေါ်က
အညတရ ကဗျာသမားတစ်ယောက်ပါ ယိုကို

ယိုကိုရေ
လောကအကျိုးကို ထမ်းပိုးနေတုန်း
အမှတ်မထင်ပျောက်ဆုံးသွားခဲ့တဲ့
မင်းရဲ့ မှတ်တမ်းတင် ကင်မရာလေး
ဘယ်နေရာမှာများ ပုန်းအောင်းနေလေမလဲ
အို....မိတ်ဆွေတို့
တာဝန်သိသိ သစ္စာရှိရှိနဲ့
ကိုယ့်သိက္ခာကို အရောင်တင်ပြီး
နိုင်ငံဂုဏ်ကို မြှင့်တင်ပေးကြပါ

ဘာပဲဖြစ်ဖြစ်ပေါ့
မင်းရဲ့ ပျိုမျစ်လတ်ဆတ်တဲ့ သံစဉ်လှိုင်းတွေ
အရှေ့တိုင်းမှ အနောက်တိုင်းထိ
ပေါက်ပေါက်မြောက်မြောက်ရှိပါစေကွာ

ယိုကိုရေ
ဒီမှာ ညီမလေးယိုကိုရဲ့
အလုပ်ကောင်းရင်တော့
ကံကောင်းတာပေါ့ကွာ
လောလောဆယ်တော့
အလုပ်ကိုပဲ ငါတို့ပိုင်တယ်
ကံကို ငါတို့မပိုင်သေးဘူး ယိုကို။

သော်တာစံ(ကလေး)
3.2.2009

Wednesday, August 12, 2009

သီတဂူ အထွေထွေဆေးရုံ (ကလေးမြို့) အလှုရှင်များလိုအပ်သေး

ကလေးမြို့က ဗုဒ္ဓဘာသာ သီတဂူ ဆေးရုံကြီး ကို နှစ်ထပ်ဆေးရုံကြီး အဖြစ် တည်ဆောက်တော့မယ်လို့သိရပါတယ်။ ဒီဆေးရုံကြီး ကိုစက္ခုဒါနဆေးရုံကြီး အဖြစ်ရည်ရွယ်ရာ ကနေ အထွေထွေရောဂါကု ဆေးရုံကြီး အဖြစ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် ခဲ့တာပါ။ အခုဆို နှစ်ထပ်ဆောင်အဖြစ် တိုးမြင့်ဆောင်ရွက်မယ် လို့ တည်ဆောက်ရေးကော်မတီ အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။။ အလှူငွေဲ ကောက်ခံထားသည်ထက်ပိုမို ကုန်ကျမှာမို့ အလှုငွေ တွေလဲ ထပ်မဲ လိုအပ်မှာဖြစ်ပါတယ်။ရပ်နီးရပ်ဝေး မှာရှိတဲ့ အလှုရှင်တွေ လှုကြမယ်ဆိုရင်တော့ ကလေးမြို့က မဟာသန္တာရုံး ဘုန်းကြီးကျောင်းကို ဆက်သွယ်လှုဒါန်း ကြပါလို့ နိုးဆော်အပ်ပါတယ်။။
ချင်းတောင်တွင် အလေ့ကျပေါက်သေသော သစ်ခွမျိုးများ စီးပွားဖြစ် စိုက်ပျိုးလာ

ချင်းပြည်နယ်တောတောင်များ၌ အလေ့ကျပေါက်သည့် သစ်ခွမျိုးများကို မကွေးတိုင်း၊ ဂန်.ဂေါ၊ ကျောက်ထုမြို.နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ဒေသခံစိုက်ပျိုးရေးသမားများမှ ပြောပြကြပါတယ်။ လက်ရှိစိုက်ပျိုးနေကြသော သစ်ခွမျိုးများမှာ ပျောက်ခန်းဝါ၊ ကျွဲလိပ်ပြာ၊ အမည်းလက်တံညို၊စသည့် မျိုးများဖြစ်ပြီး နေရာဒေသမရွေး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည်ဟု သိရှိရပါတယ်။
သစ်ခွ စိုက်ပျိုးမူနှင့်အတူ သစ်ခွပန်းရောင်းဝယ်သည့် လုပ်ငန်းများ တွင်ကျယ်လာပြီး ပန်းခြောက် ပြုလုပ်၍ လည်းကောင်း ၊ သစ်ခွပင်များကို မီးကင်အခြောက် ပြု၍လည်းကောင်း ရောင်းဝယ်ကြသည်ဟု ဒေသခံများက ပြောပြကြပါတယ်။
``သစ်ခွတစ်ပင်ကို ကျပ်၃၀၀၀ကနေ ကျပ်၆၀၀၀အထိ ၀ယ်ဈေး ရှိတယ်။ ပန်းခြောက်ကတော့ တစ်ပိသာကို ၉၀၀၀ကျပ်ဝန်းကျင်ဈေးနဲ. ရောင်းဝယ်နေကြတယ်။ တချို. သစ်ခွမျိုးစိတ်တွေက အာရုံကြောရောဂါ၊ သွေးခဲရောဂါ၊ အသည်းရောဂါနဲ. ကင်ဆာရောဂါအတွက် ဆေးဝါးဖော်စပ်တဲ့ နေရာမှာသုံးတယ်လို. ပြောကြတယ်။မလေးနဲ. တရုတ်ကို ပို.တယ်လို. ၀ယ်တဲ့ ကုန်သည်တစ်ယောက်ကတော့ ပြောဖူးတယ်´´ ဟု ဂန်.ဂေါမြို.နယ်မှ စိုက်ပျိုးသူတစ်ဦးက ပြောပြပါတယ်။
ချင်းတောင်မှ သစ်ခွများသာမက ``၀´´ဥများကိုလည်း တူးဖော်ရောင်းချ လျှက်ရှိပြီး အဆိုပါဈေးကွက် မှာ တရုတ်ပြည်အထိပို့ ဆောင်နေရပြီး မူဆယ်နယ်စပ်မှတဆင့် ပို့ဆောင်ကြသည် ဟုလည်းသိရှိရပါတယ်။။။။။။။။။။။

ကလေးမြို့

ကလေးမြို့
ဂျိုးငှက်ငယ်လေးတစ်ကောင်လို
သူ့အတောင်ပံထဲ သူ့ခေါင်းသူထည့်ဝှက်လို့
မနက်ခင်းတုန်းက သူအိပ်မောကျနေလိုက်တာ တိတ်ဆိတ်လို့
အခုတော့
သူရုန်းကန်လှုပ်ရှားနေပုံက
အသံပိတ်ထားတဲ့ အနှေးပြကွက်တွေလို
မြို့လယ်ခေါင်က မြင်းစီးကြေးရုပ်ကြီးတောင်
ဆိုင်ကယ်စီးသူ စက်ဘီးစီးသူတွေကို ကြည့်ပြီး
စိတ်ပျက်လက်ပျက်ဖြစ်နေလိုက်တာ ကိုးယိုးကားယားကြီးပေါ့
နေကြာပန်းတွေ ကျောခိုင်းရာအရပ်မှာ
တောင်တွေအထပ်ထပ်ကို သူ့ဘေးပတ်ပတ်လည်မှာ နေရာချလို့
သူ့အိမ်သေးသေးလေးကို သူ့ဘာသာသူဆောက်ပြီး
မျှော်လင့်ချက်တွေ သီးပွင့်မယ့် မနက်ဖြန်ကို စောင့်လို့နေရှာတယ်လေ
Posted by စိုင်းလောဝ်ပိန်း at 5:31 PM Labels: Poems
http://www.poemsforall.co.cc/2009/06/blog-post_24.html ဆိုတဲ့ ဆိုက်ကနေ ကြိုက်လို့ ကူးယူ ဖော်ပြထားတာပါ။။။(မြစ်သာလွင်ပြင်)

Tuesday, August 11, 2009

ကလေးနယ်က သွေးလွန်တုပ်ကွေး

9-8-2009
ကလေးမြို့ နှင့် ဂန့်ဂေါမြို့နယ် ဒေသရှိ နေရာတော်တော်များများမှာ ကလေးငယ်များ သွေးလွန်တုတ်ကွေး ရောဂါဝေဒနာကို ပြင်းပြင်းထန်ထန်ခံစားနေရကြောင်း သတင်းရရှိပါတယ်။
ကလေးမြို့ ဒေသခံတယောက်၏ ပြောပြချက်အရ ဂန့်ဂေါမြို့နယ် မွှေ့လယ်ရွာမှာဆိုရင် အဆိုပါသွေးလွန်တုတ်ကွေးရောဂါနှင့် တစ်နေ့တည်းမှာပဲ ကလေးရှစ်ယောက် ဆုံးပါးသွားရတယ်လို့ ပြောပါတယ်။ ကလေးမြို့  ပြည်သူ့ ဆေးရုံကြီးမှာလည်း သွေးလွန်တုတ်ကွေးဝေဒနာရှင် ကလေးတွေနဲ့ ပြည့်ကြပ်နေတာကြောင့် ကုတင်တစ်လုံးကို နှစ်ယောက်နှုန်းထားရသည်ဟုသိရပါတယ်။ ပြင်ပပုဂ္ဂလိက ဆေးခန်းတွေမှာလည်း လူနာတွေနဲ့ အလာမစဲ တသဲသဲ ပါပဲလို့ ပြောပြပါတယ်။ သူဆက်ပြောတာက “ မိုးကခေါင် ရာသီဥတုက ပူပြင်းပြီးတော့ မိမိတို့ရဲ့ တောင်ယာတွေကိုတိုင် အလုပ်အကိုင် မဆင်းနိုင် ဖြစ်နေရချိန်မှာ ယခုလို ရောဂါဝေဒနာတွေကပါ ဖြစ်ပွားနေတော့ မရှိဆင်းရဲသားများအတွက် များစွာမှ ဒုက္ခရောက်ကြရပါတယ်” လို့ပြောဆိုသွားခဲ့ပါတယ်။ အချို့ဆိုလျှင် ဆေးဖိုးမတတ်နိုင်လို့ သင့်တော်မယ်ထင်တဲ့ ဆေးမှီးတိုများနဲ့သာ ကုသနေကြရတယ်လို့လဲ ပြောပါတယ်။ ၄င်းဝေဒနာရှင်များကို အကူအညီပေးနိုင်ရန်အတွက် သံဃာတော်များဦးဆောင်ပြီး
“ခါတော်မှီ” ဆေးလှုဒါန်းရေးအဖွဲ့ ဖွဲ့ပြီး အကူအညီပေးနေရတယ်လို့သိရပါတယ်။ မြန်မာအပါအ၀င် ကမ္ဘာတစ်လွှားမှာ ၀က်တုတ်ကွေး ရောဂါတွေ ဆက်လက်ပြန့်ပွားနေချိန်မှာ ယခုလို အသွားအလာခက်ခဲပြီး ဆက်သွယ်ရေး ညံ့ဖျင်းတဲ့ အရပ်ဒေသမျိုးမှာ ရောဂါဝေဒနာတွေကို ပြင်းပြင်းထန်ထန်ခံစားနေကြရတာကို အာဏာပိုင်များအနေဖြင့် ပေါ့ပေါ့တန်တန်တွက်ပြီး လျှက်လျူရှုမထားသင့်ဘူးလို့ လည်း ကြားသိရသူများက ပြောဆိုနေကြပါတယ်။
ကလေးမြို့ ရှိ ဆေးရုံကြီးတွင် လက်ထောက်ဆရာဝန် ၄၀ ကျော်ခန့် ရှိတယ်လို့သိရပါတယ်။ ဖုန်းသွန်လဲစစ် ကိစ္စ များကိုလဲ ဆက်လက်လုပ်ဆောင်နေပြီး အဘိတ်ဆေးဝါး များကိုလည်း နောက်ထပ်တစ်ကြိမ် ခပ်အုန်းမှာလို့သိရှိရပါတယ်။။။။။။။။။။။။။။။

မြစ်သာ

တောင်ကန့်လန့်ကာအကြား
တောင်ကမြောက်သွားနေတဲ့မြစ်သာ
တချို့နှစ်များမှာ မြို့ကလေးထိ ရောက်လာတတ်တယ်
တချို့နှစ်များမှာ ဧည့်သည်တွေပါ အိမ်သည်ဖြစ်သွား
တချို့နှစ်များမှာ အရိုင်းချစ်နဲ့ သစ်ဝါးတွေပါ လှည်းကျင်းသိမ်းဆည်း
တချို့နှစ်များမှာ နေမင်း လမင်း သိန်းရာထောင်
တချို့နှစ်များမှာ လှိုင်းကလေးတွေ ကြက်ခွပ်ရုံ
တချို့နှစ်များမှာ ကရုဏာအပြည့်နဲ့ ကူတို့တင်ဆောင်
တချို့နှစ်များမှာ လက်ပံပင်ဆက်ရက်တွေ သူ့ထံ အတောင်တဆွတ်ဆွတ်
တချို့နှစ်များမှာ စောင်ထူထူကြီနဲ့ ခြုံ သိပ်နေတယ်
တချို့နှစ်များမှာ..........
တချို့နှစ်များမှာ..........
ဒီလိုနဲ့ ရွှေသမင်တောင်ကို ဗုံမောင်းသံပေးပြီး
ချင်းတွင်းအိမ်ကွေ့ဝင်တယ်......။ ။
အောင်မူး(ကလေး) ၂၀၀၉ခုနှစ် သြဂုတ်လ ပန်းအလင်္ကာမဂ္ဂဇင်း

ရန်ကုန်မှာ ငလျင်လှုပ်တယ်တဲ့

သြဂုတ် (၁၁) ရက်၊ ယနေ့ နံနက် (၂) နာရီခွဲခန့်တွင် ရန်ကုန်၌ ငလျင်လှုပ်ခတ်ခဲ့သည်ဟု ရန်ကုန်မြို့ခံအချို့က ပြောသည်။

“မနေ့ညက လှုပ်သွားတာ။ စက္ကန့်ပိုင်းလောက်ဆိုပေမယ့် ကန်ထရိုက်တိုက်တွေပေါ်မှာ နေတဲ့သူတွေအကုန်လုံး ငလျင်လှုပ်တာကို ခံစားမိကြတယ်။ လန့်ပြီး တိုက်ပေါ်က ဆင်းပြေးကြရတာ။ တော်တော်နဲ့ ပြန်တက်မအိပ်ရဲကြဘူး” ဟု တာမွေမြို့နယ်၌ နေထိုင်သူတဦးက ပြောသည်။

အိန္ဒိယရေပိုင်နက်အတွင်းရှိ အက်ဒမန်ကျွန်းအနီးကို ဗဟိုပြုကာ အင်အားရစ်ချက်တာစကေး (၇.၆) အဆင့်ရှိ ငလျင်တခု ယမန်ညက လှုပ်ခတ်သွားခဲ့ပြီး ယင်းငလျင်၏ အဖျားခတ်မှုကို ရန်ကုန်၊ မြစ်ဝကျွန်းပေါ်နှင့် ရခိုင်ပြည်နယ်တို့တွင် ခံစားခဲ့ကြရ ခြင်းဖြစ်သည်။

အိန္ဒိယသမုဒ္ဒရာအတွင်းမှ လှုပ်ခတ်မည့် အဆိုပါငလျင်ကြောင့် အိန္ဒိယသမုဒ္ဒရာနှင့် ထိစပ်နေသော မြန်မာ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ အင်ဒိုနီးရှားနှင့် ထိုင်းနိုင်ငံတို့တွင် ဆူနာမီဖြစ်ပွားနိုင်ကြောင်း ပစိဖိတ်ဆူနာမီဌာနမှ သတိပေးချက်များ ပေါ်ထွက်ခဲ့သော်လည်း ယင်းသတိပေးချက်ကို ယနေ့ ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်သည်။

Sunday, August 9, 2009

မိုးတော့ ရွာတယ် ဒါပေမယ့် ကွက်ကြားမိုး

ကလေးမြို့မှာ အခုတလော မိုးကိုမျှော်တဲ့သူတွေများနေပါတယ်။ ဘာလို့လဲဆိုတော့ လယ်ယာစိုက်ပျိုးချိန်ဆိုတော့ တောင်သူလယ်သမားတွေရေ ကိုလိုအပ်နေပါတယ်။ ဒါပေမယ့်.....မိုးကမရွာ။ မိုးကရွာတော့လဲ ကွက်ကြားမိုးလို ဟိုနားရွာလိုက် ဒီနားရွာလိုက်နဲ့ ။ ရွာလိုက်တဲ့ မိုးကလဲ အရင်နှစ်တွေက လို မိုးရေချိန် ကလဲ နဲပါးနေပါတယ်။ လယ်ယာစိုက်ကွင်းတစ်ခုကိုေ၇ာက်သွားတဲ့ သူတစ်ဦး ပြောပြချက် အရ ပျိုးခင်းတွေအနီး မှာ ဆေးလိပ်သောက်ခွင့် မရှိဘူးလို့သိရပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ရဲ့ ပျိုးပင်တွေ မီးလောင်သွားမှာစိုးလို့ပါတဲ့ ။ ဟာသ အနေနဲ့ ပြောကြတဲံ့စကားလေးပါ။ လယ်ယာတွေမှာ ရေတွေသိပ်မ၇တော့ စိုက်ပျိုးမြေ ရဲ့ တ၀က်ကျော်ကျော် သာ စိုက်ပျိုးလို့ ပြီးကြသေးတယ်လို့ တောင်သူတွေက ပြောကြပါတယ်။ နောက်မိုးသာမလာ ခဲ့ရင်ဒီ မြေတွေဟာ စိုက်ပျိုးေ၇ အတွက် တော်တော်စိတ်ညစ်နေရပါတယ်တဲ့။ ရာသီဥတုကလဲ အယ်နီညို ဖြစ် နေတယ်ဆိုတော့ မိုး က သာလို့တောင်ခေါင်နေအုန်းမှာပဲ လို့ တွေးနေကြပါတယ်။။ မိုးရွာလိုက် မရွာလိုက်ဖြစ်နေတော့ ကလေးတွေအတွက် သွေးလွန်တုပ်ကွေးရောဂါ ကလဲ ရတက်မအေးရသေးပါဘူး ။ ။လူနုာတွေအမျာအပြား တက်ရောက်နေတဲ့ ကလေးဆေးရုံမှာ နေရာအခက်အခဲ ရှိတယ်လို့သိရပါတယ်ဗျ။ (ဒီအကြောင်း ကိုနောက်သတင်းတစ်ခုမှာ သီခြား ရေးသားပါ့မယ်)

အပြိုင် အဆိုင်ဖြစ်လာတဲ့ ကလေးမြို့ ကအင်တာနက်ဆိုင်တွေ

ကလေးမြို့ မှာ အင်တာနက်ဆိုင်တွေ အပြိုင်အဆိုင်ဖြစ်လာပါတယ် ။ ကလေးမြို့မှာ အရင်တုန်းက အင်တာနက်သုံးချင်ရင် တာဟန်းဆိုတဲ့ ကလေးမြို့ နဲ့ ၃ မိုင်လောက်ဝေးတဲ့ ရပ်ကွက်ကို သွားသုံးရပါတယ် ။ အခုမှာတော့ ကလေးမြို့အတွင်းက အောင်မင်္ဂလာရပ်ကွက် ဇေယျာလမ်း မှာလဲ ဂလိုဘယ်ဆိုတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။ အခုတော့ ကလေးမြို့က အင်တာနက် ဆိုင်တွေဟာ အေဒီအက်စ်အယ်၊ အိုင်ပီစတား၊ တွေနဲ့ ချိတ်ဆက်အသုံး ပြုလာကြပါတယ်။ လိုင်းကောင်းပီး အသုံးပြုလို့ကောင်းတဲ့ ဆိုင်တွေကို ဒေသခံတွေ ရွေးပြီးအသုံးပြုလာကြပါတယ်။ တစ်နာ၇ီကို ၈၀၀ ကျပ်မို့လို့ အသုံးပြုပျော်တယ်လို့ပြောကြတယ်။ ADSL လိုင်းကိုအသုံးပြုတဲ့သူတွေကတော့ အဆင်မပြေကြသေးဘူးလို့ သိရပါတယ်။