ချင်းတောင်တွင် အလေ့ကျပေါက်သေသော သစ်ခွမျိုးများ စီးပွားဖြစ် စိုက်ပျိုးလာ
ချင်းပြည်နယ်တောတောင်များ၌ အလေ့ကျပေါက်သည့် သစ်ခွမျိုးများကို မကွေးတိုင်း၊ ဂန်.ဂေါ၊ ကျောက်ထုမြို.နယ်များတွင် စီးပွားဖြစ်စိုက်ပျိုးလာကြကြောင်း ဒေသခံစိုက်ပျိုးရေးသမားများမှ ပြောပြကြပါတယ်။ လက်ရှိစိုက်ပျိုးနေကြသော သစ်ခွမျိုးများမှာ ပျောက်ခန်းဝါ၊ ကျွဲလိပ်ပြာ၊ အမည်းလက်တံညို၊စသည့် မျိုးများဖြစ်ပြီး နေရာဒေသမရွေး စိုက်ပျိုးအောင်မြင် ဖြစ်ထွန်းသည်ဟု သိရှိရပါတယ်။
သစ်ခွ စိုက်ပျိုးမူနှင့်အတူ သစ်ခွပန်းရောင်းဝယ်သည့် လုပ်ငန်းများ တွင်ကျယ်လာပြီး ပန်းခြောက် ပြုလုပ်၍ လည်းကောင်း ၊ သစ်ခွပင်များကို မီးကင်အခြောက် ပြု၍လည်းကောင်း ရောင်းဝယ်ကြသည်ဟု ဒေသခံများက ပြောပြကြပါတယ်။
``သစ်ခွတစ်ပင်ကို ကျပ်၃၀၀၀ကနေ ကျပ်၆၀၀၀အထိ ၀ယ်ဈေး ရှိတယ်။ ပန်းခြောက်ကတော့ တစ်ပိသာကို ၉၀၀၀ကျပ်ဝန်းကျင်ဈေးနဲ. ရောင်းဝယ်နေကြတယ်။ တချို. သစ်ခွမျိုးစိတ်တွေက အာရုံကြောရောဂါ၊ သွေးခဲရောဂါ၊ အသည်းရောဂါနဲ. ကင်ဆာရောဂါအတွက် ဆေးဝါးဖော်စပ်တဲ့ နေရာမှာသုံးတယ်လို. ပြောကြတယ်။မလေးနဲ. တရုတ်ကို ပို.တယ်လို. ၀ယ်တဲ့ ကုန်သည်တစ်ယောက်ကတော့ ပြောဖူးတယ်´´ ဟု ဂန်.ဂေါမြို.နယ်မှ စိုက်ပျိုးသူတစ်ဦးက ပြောပြပါတယ်။
ချင်းတောင်မှ သစ်ခွများသာမက ``၀´´ဥများကိုလည်း တူးဖော်ရောင်းချ လျှက်ရှိပြီး အဆိုပါဈေးကွက် မှာ တရုတ်ပြည်အထိပို့ ဆောင်နေရပြီး မူဆယ်နယ်စပ်မှတဆင့် ပို့ဆောင်ကြသည် ဟုလည်းသိရှိရပါတယ်။။။။။။။။။။။
Wednesday, August 12, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment