Sunday, August 9, 2009

မိုးတော့ ရွာတယ် ဒါပေမယ့် ကွက်ကြားမိုး

ကလေးမြို့မှာ အခုတလော မိုးကိုမျှော်တဲ့သူတွေများနေပါတယ်။ ဘာလို့လဲဆိုတော့ လယ်ယာစိုက်ပျိုးချိန်ဆိုတော့ တောင်သူလယ်သမားတွေရေ ကိုလိုအပ်နေပါတယ်။ ဒါပေမယ့်.....မိုးကမရွာ။ မိုးကရွာတော့လဲ ကွက်ကြားမိုးလို ဟိုနားရွာလိုက် ဒီနားရွာလိုက်နဲ့ ။ ရွာလိုက်တဲ့ မိုးကလဲ အရင်နှစ်တွေက လို မိုးရေချိန် ကလဲ နဲပါးနေပါတယ်။ လယ်ယာစိုက်ကွင်းတစ်ခုကိုေ၇ာက်သွားတဲ့ သူတစ်ဦး ပြောပြချက် အရ ပျိုးခင်းတွေအနီး မှာ ဆေးလိပ်သောက်ခွင့် မရှိဘူးလို့သိရပါတယ်။ ဘာလို့လဲ ဆိုတော့ သူတို့ ရဲ့ ပျိုးပင်တွေ မီးလောင်သွားမှာစိုးလို့ပါတဲ့ ။ ဟာသ အနေနဲ့ ပြောကြတဲံ့စကားလေးပါ။ လယ်ယာတွေမှာ ရေတွေသိပ်မ၇တော့ စိုက်ပျိုးမြေ ရဲ့ တ၀က်ကျော်ကျော် သာ စိုက်ပျိုးလို့ ပြီးကြသေးတယ်လို့ တောင်သူတွေက ပြောကြပါတယ်။ နောက်မိုးသာမလာ ခဲ့ရင်ဒီ မြေတွေဟာ စိုက်ပျိုးေ၇ အတွက် တော်တော်စိတ်ညစ်နေရပါတယ်တဲ့။ ရာသီဥတုကလဲ အယ်နီညို ဖြစ် နေတယ်ဆိုတော့ မိုး က သာလို့တောင်ခေါင်နေအုန်းမှာပဲ လို့ တွေးနေကြပါတယ်။။ မိုးရွာလိုက် မရွာလိုက်ဖြစ်နေတော့ ကလေးတွေအတွက် သွေးလွန်တုပ်ကွေးရောဂါ ကလဲ ရတက်မအေးရသေးပါဘူး ။ ။လူနုာတွေအမျာအပြား တက်ရောက်နေတဲ့ ကလေးဆေးရုံမှာ နေရာအခက်အခဲ ရှိတယ်လို့သိရပါတယ်ဗျ။ (ဒီအကြောင်း ကိုနောက်သတင်းတစ်ခုမှာ သီခြား ရေးသားပါ့မယ်)

No comments:

Post a Comment