Sunday, August 9, 2009
အပြိုင် အဆိုင်ဖြစ်လာတဲ့ ကလေးမြို့ ကအင်တာနက်ဆိုင်တွေ
ကလေးမြို့ မှာ အင်တာနက်ဆိုင်တွေ အပြိုင်အဆိုင်ဖြစ်လာပါတယ် ။ ကလေးမြို့မှာ အရင်တုန်းက အင်တာနက်သုံးချင်ရင် တာဟန်းဆိုတဲ့ ကလေးမြို့ နဲ့ ၃ မိုင်လောက်ဝေးတဲ့ ရပ်ကွက်ကို သွားသုံးရပါတယ် ။ အခုမှာတော့ ကလေးမြို့အတွင်းက အောင်မင်္ဂလာရပ်ကွက် ဇေယျာလမ်း မှာလဲ ဂလိုဘယ်ဆိုတဲ့ အင်တာနက်ဆိုင်တစ်ဆိုင်ပေါ်လာပါတယ်။ အခုတော့ ကလေးမြို့က အင်တာနက် ဆိုင်တွေဟာ အေဒီအက်စ်အယ်၊ အိုင်ပီစတား၊ တွေနဲ့ ချိတ်ဆက်အသုံး ပြုလာကြပါတယ်။ လိုင်းကောင်းပီး အသုံးပြုလို့ကောင်းတဲ့ ဆိုင်တွေကို ဒေသခံတွေ ရွေးပြီးအသုံးပြုလာကြပါတယ်။ တစ်နာ၇ီကို ၈၀၀ ကျပ်မို့လို့ အသုံးပြုပျော်တယ်လို့ပြောကြတယ်။ ADSL လိုင်းကိုအသုံးပြုတဲ့သူတွေကတော့ အဆင်မပြေကြသေးဘူးလို့ သိရပါတယ်။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment