Wednesday, August 12, 2009

ကလေးမြို့

ကလေးမြို့
ဂျိုးငှက်ငယ်လေးတစ်ကောင်လို
သူ့အတောင်ပံထဲ သူ့ခေါင်းသူထည့်ဝှက်လို့
မနက်ခင်းတုန်းက သူအိပ်မောကျနေလိုက်တာ တိတ်ဆိတ်လို့
အခုတော့
သူရုန်းကန်လှုပ်ရှားနေပုံက
အသံပိတ်ထားတဲ့ အနှေးပြကွက်တွေလို
မြို့လယ်ခေါင်က မြင်းစီးကြေးရုပ်ကြီးတောင်
ဆိုင်ကယ်စီးသူ စက်ဘီးစီးသူတွေကို ကြည့်ပြီး
စိတ်ပျက်လက်ပျက်ဖြစ်နေလိုက်တာ ကိုးယိုးကားယားကြီးပေါ့
နေကြာပန်းတွေ ကျောခိုင်းရာအရပ်မှာ
တောင်တွေအထပ်ထပ်ကို သူ့ဘေးပတ်ပတ်လည်မှာ နေရာချလို့
သူ့အိမ်သေးသေးလေးကို သူ့ဘာသာသူဆောက်ပြီး
မျှော်လင့်ချက်တွေ သီးပွင့်မယ့် မနက်ဖြန်ကို စောင့်လို့နေရှာတယ်လေ
Posted by စိုင်းလောဝ်ပိန်း at 5:31 PM Labels: Poems
http://www.poemsforall.co.cc/2009/06/blog-post_24.html ဆိုတဲ့ ဆိုက်ကနေ ကြိုက်လို့ ကူးယူ ဖော်ပြထားတာပါ။။။(မြစ်သာလွင်ပြင်)

No comments:

Post a Comment