တောင်ကန့်လန့်ကာအကြား
တောင်ကမြောက်သွားနေတဲ့မြစ်သာ
တချို့နှစ်များမှာ မြို့ကလေးထိ ရောက်လာတတ်တယ်
တချို့နှစ်များမှာ ဧည့်သည်တွေပါ အိမ်သည်ဖြစ်သွား
တချို့နှစ်များမှာ အရိုင်းချစ်နဲ့ သစ်ဝါးတွေပါ လှည်းကျင်းသိမ်းဆည်း
တချို့နှစ်များမှာ နေမင်း လမင်း သိန်းရာထောင်
တချို့နှစ်များမှာ လှိုင်းကလေးတွေ ကြက်ခွပ်ရုံ
တချို့နှစ်များမှာ ကရုဏာအပြည့်နဲ့ ကူတို့တင်ဆောင်
တချို့နှစ်များမှာ လက်ပံပင်ဆက်ရက်တွေ သူ့ထံ အတောင်တဆွတ်ဆွတ်
တချို့နှစ်များမှာ စောင်ထူထူကြီနဲ့ ခြုံ သိပ်နေတယ်
တချို့နှစ်များမှာ..........
တချို့နှစ်များမှာ..........
ဒီလိုနဲ့ ရွှေသမင်တောင်ကို ဗုံမောင်းသံပေးပြီး
ချင်းတွင်းအိမ်ကွေ့ဝင်တယ်......။ ။
အောင်မူး(ကလေး) ၂၀၀၉ခုနှစ် သြဂုတ်လ ပန်းအလင်္ကာမဂ္ဂဇင်း
Tuesday, August 11, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment