Monday, December 21, 2009

နာဂပွဲ ကို နန်ယွန်းမှာ ကျင်းပမယ်တဲ့

၂၀၁၀ ပြည့်နှစ် နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို စစ်ကိုင်းတိုင်း နန်းယွန်းမြို့တွင် ကျင်းပမည်ဟု သတင်းရရှိပါသည်။
''နန်းယွန်းမြို့ကို ပွဲတော်နဲ့ ပတ်သက်တဲ့ပြင်ဆင်မှုတွေ လုပ်ရအောင် ခန္တီးမြို့က ဌာနဆိုင်ရာတွေ သွားရောက်နေကြရပါတယ်။ ဒီနှစ် နန်းယွန်းမြို့မှာ လုပ်ပါမယ်။ ဒီပွဲတော်ဟာ နာဂလူမျိုးတွေရဲ့ အထင်ရှားဆုံးပွဲတော်တစ်ခုလည်း ဖြစ်ပါတယ်''ဟု ခန္တီးမြို့တွင် တာဝန်ထမ်းဆောင်နေသော ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောကြားခဲ့ပါသည်။
ကမ္ဘာလှည့်ခရီးသည်များ စိတ်ဝင်တစားလာရောက်ခဲ့ကြသော နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ၂၀၀၁ ခုနှစ် လေရှီးမြို့တွင် ကျင်းပခဲ့သော ပွဲတော်မှစ၍ ကမ္ဘာလှည့်ခရီးသည်များ စတင်လာရောက်ခဲ့ပြီး အဆိုပါနှစ်တွင် ကမ္ဘာလှည့်ခရီးသည် ၃၆ ဦး တက်ရောက်ခဲ့သည်ဟု သိရှိရသည်။
အဆိုပါ နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို နာဂတောင်တန်းပေါ်ရှိ လေရှီးမြို့၊ လဟယ်မြို့တို့တွင် ၂၀၀၁ ခုနှစ်မှ တစ်လှည့်စီကျင်းပခဲ့ပြီး ၂၀၀၂ ခုနှစ် လဟယ်မြို့၌ ကျင်းပသောပွဲတော်တွင် ကမ္ဘာလှည့်ခရီးသည် ၉၇ ဦး၊ ၂၀၀၃ ခုနှစ် လဟယ်မြို့၌ ကျင်းပသောပွဲတော်တွင် ကမ္ဘာလှည့်ခရီးသည် ၁၇၄ ဦး နှင့် ၂၀၀၄ ခုနှစ် လေရှီးမြို့၌ ကျင်းပသောပွဲတော်တွင် ခရီးသည် ပေါင်း ၁၇၆ ဦး လာရောက်လေ့လာဆင်နွှဲခဲ့သည်ဟု သိရှိရပါသည်။
နာဂရိုးရာ နှစ်သစ်ကူးပွဲတော်သည် နာဂတိုင်းရင်းသားများ အထွတ်အမြတ်ထားသည့် ပွဲတော်တစ်ခုဖြစ်ပြီး တစ်နှစ်တာလုံး ကြုံတွေ့ရသည်များကို ဆွေးနွေးဖလှယ်ကြသည်။ လာမည့်နှစ်တွင် ဆောင်ရွက်ရမည့်ကိစ္စများကို တိုင်ပင်ကြသည်။ နှစ်သစ်တွင် ကောက်ပဲသီးနှံပေါများစေကြောင်း၊ ရာသီဥတုကောင်းမွန်စေကြောင်း၊ အဖျားအနာကင်းပြီး ချမ်းသာသုခရရှိစေကြောင်းများ ဆုတောင်းကြသည်။ အရောင်းအ၀ယ်ကိစ္စမှ ပေးရန်၊ ရရန်ကြွေးမြီများကိုလည်း ပွဲတော်တွင် ရှင်းလင်းကြသည့် အလေ့အထများပင်ရှိကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရှိရပါသည်။
ယခင်က ကျေးရွာအလိုက်၊ မျိုးနွယ်စုအလိုက် စိုက်ပျိုးသီးနှံများ ရိတ်သိမ်းပြီးသည့် ဒီဇင်ဘာလနှင့် ဇန်န၀ါရီလတွင် မိရိုးဖလာမပျက် ကျင်းပခဲ့ပြီး ၁၉၈၉ ခုနှစ် နာဂရိုးရာယဉ်ကျေးမှုကော်မတီကို ဖွဲ့စည်းခဲ့ကာ ၁၉၉၂ ခုနှစ် မှစတင်၍ ဇန်န၀ါရီလ ၁၅ ရက်နေ့တိုင်းကို နာဂရိုးရာနှစ်သစ်ကူးပွဲတော်ကို ခမ်းနားစွာ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။
ယခုနှစ်ကျင်းပမည့် နန်းယွန်းမြို့နယ်သည် နာဂတောင်တန်းတွင် နာဂတိုင်းရင်းသားအများဆုံး ဒေသတစ်ခုဖြစ်ပြီး စစ်ကိုင်းတိုင်းအတွင်းသို့ ၁၉၅၄ ခုနှစ်မှစတင်၍ ပါဝင်လာသည်ဟု သိရှိရပါသည်။ အရှေ့မြောက်ဖက်တွင် ကချင်ပြည်နယ် တနိုင်းမြို့နယ်၊ ပူတာအိုမြို့တို့နှင့် ဆက်စပ်နေပြီး တောင်ဘက်နှင့် အနောက်တောင်ဘက်တွင် ခန္တီးမြို့နယ်၊ လဟယ်မြို့နယ်တို့ ဆက်စပ်နေကာ အနောက်ဖက်တွင် အိန္ဒိယနိုင်ငံ ဂူနာချယ်ပရာဒစ်(ခ်ျ) ကချင်ချန်လန်းခရိုင်တို့နှင့် ဆက်စပ်နေသည်ဟု သိရှိရသည်။ ၂၅၅၅ ဒသမ ၇၂ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် သုံးခုနှင့် ကျေးရွာအုပ်စု ၅၇ ခု၊ ကျေးရွာပေါင်း ၁၀၆ ရွာတွင် ဦးရေစုစုပေါင်းခြောက်သောင်းကျော် နေထိုင်လျက်ရှိကာ နာဂ ၉၈ ရာခိုင်နှုန်း နေထိုင်သည်ဟု သိရှိရပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=1112:2009-12-20-19-13-45&catid=42:2009-11-10-07-36-59&Itemid=112 မှ ကူးယူ ဖေါ် ပြပါသည်။ ။

Friday, December 18, 2009

ဆောင်းကာလမှာ ရှိတဲ့ ပွဲတွေ

၂၇-၁၂-၀၉ ရက်နေ့တွင် သီတဂူ ဆရာတော် ဥူးဥာဏ္ဏိသရ မှ သီတဂူ စက္ခု ဒါန ဆေးရုံ ဖွင့်ပွဲ နှင့် ရေစက်ချ တရားပွဲ ကို နေ့လည် (၁) နာရီတွင် ပြုလုပ်မည်ဖြစ်ပါ၍ ရေစက်ချ တရားနာယူရန် ဖိတ်ကြားအပ်ပါသည်။

နေသာ ယဉ်ကျေးလိမ္မာ သင်တန်း

နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော နေသာ ပညာဒါန ယခုနှစ် ယဉ်ကျေးလိမ္မာ သင်တန်းကို ( 23-12-09 ) ရက်နေ့မှ ( 25-12-09 ) ရက်နေ့အထိ တောင်ဖီလာ တောကျောင်းတွင် နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးစီ၍ ကျင်ပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ယဉ်ကျေး လိမ္မာ သင်တန်းသို့ ရန်ကုန်မြို့မှ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် စာရေးဆရာ ကံထွန်းသစ် တို့မှ လည်း လာရောက် ဟောပြော ပို့ချပေးမည်ဟု သိရှိရပါသည်။ ယဉ်ကျေးလိမ္မာ သင်တန်းတွင် ကလေးများအား တရားထိုင်ခြင်း၊ဂိမ်းကစားခြင်း၊ ယဉ်စည်းကမ်းနှင့် အန္တရယ် အကြောင်း ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း နေသာကျောင်း ဆရာ ကျော်ကျော်မှ ပြောပါသည်။
အထက်က သတင်းကိုလည်း www.kalaytownship.co.cc မှပဲ ကူးယူဖေါ်ပြလိုက်တာပါ။ ဒီဇင်ဘာလ ထဲမှာတော့ ကလေးမြို့မှာ ပွဲတွေဆက်နေပါတယ်။ အထက(၁) ဆရာကန်တော့ပွဲ၊သီတဂူမျက်စိဆေးရုံဖွင့်ပွဲ နဲ့ နေသာကျောင်းက ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ချင်းလူမျိုးတွေရဲ့ ခရစ်စမတ်ပွဲတော် တွေ ဆက်လို့ နေပါတယ်။

သတင်း ပုံစံ နဲ့ ဟာသလေး တစ်ခု..........

မြစ်သာလွင်ပြင်က ဟာသလေး တစ်ခု တွေ့ ထားပါတယ်။
အဲဒီဟာသလေး က www.kalaytownship.co.cc မှာ တင်ထားတဲ့ သတင်းပုံစံ ဟာသလေးတစ်ခုပါ။ ကိုမြစ်သာတို့ ကကြိုက်လို့ ကူးယူတင်လိုက်တာပါ။
ဘယ်လိုပတ်သက်မှုရှိတယ်မရှိတယ် ဆိုတာကတော့ ကလေးမြို့ ရဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ သူ တွေ တော်တော်များများ သိကြပါတယ်ဗျာ။ ဒီလို ပေါ်ပင်နဲ့ လိုက်စားတတ်တဲ့ စာပေ ၀ါသနာရှင်များကို ပျက်ရယ်ပြု ခြင်းတစ်ရပ်လို့ မြစ်သာလွင်ပြင်က ထင်မြင်မိပါ ကြောင်း ...........

ကလေးမြို့ပေါ်ရှိ စာအုပ် အငှားဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း အငှားရ အကောင်းဆုံး စာအုပ်များမှာ စာရေးဆရာ မောင်ဝဏ္ဏ နှင့် ကံထွန်းသစ် တို့၏ စာအုပ်များ ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းစာအုပ်ကို ငှားရမ်းသူတို့မှာ ကလေးမြို့ရှိ စာပေ၀ါသနာရှင်များ၊ စာရေးဆရာမျာ၊ ဂျာနယ်လစ်များ ဖြစ်ပါသည်။ စာပေအဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ယခု ရက်ပိုင်း အတွင်း ``အကြိုက်ဆုံး စာရေးဆရာမှာ ဆရာ မောင်ဝဏ္ဏ ဟု´´ စာပေ အဖွဲ့ မှ ပြောနေကြောင်း သိခဲ့ပါသည်။ စိတ်သည် အချိန်နှင့် အမျှ ပြောင်းလည်းနေသောကြောင့် အကြိုက် သည်လည်း အပြောင်းအလဲ ရှိနိုင်ပါသည်။
ဘာပဲပြောပြော ကြိုက်သည်လည်းရှိ မကြိုက်သည်လည်း ရှိတဲ့ မြစ်သာလွင်ပြင် ကသတင်းများကို ဂရုတစိုက်ဖတ်ကြတဲ့ မြစ်သာလွင်ပြင်ပရိတ်သတ်အတွက် ကျေးဇူးတင်ပါတယ်။

Wednesday, December 16, 2009

ကလေးမြို့ အထက-၁ (၁၃)ကြိမ် မြောက်အာစရိယပူဇော်ပွဲ ရှေ့ တစ်ရက်တိုး

ကလေးမြို့ အထက-၁ (၁၃)ကြိမ် မြောက်အာစရိယပူဇော်ပွဲ ရှေ့ တစ်ရက်တိုး
(၁၃) ကြိမ်မြောက်ကျင်းပ မယ့် ကလေးမြို့ က အထက-၁ ကျောင်းရဲ့ အာစရိယ ပူဇော်ပွဲ ကို ယခင်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ (၂၇)ရက်အစား ရှေ့ ကိုတစ်ရက်တိုးပြီး ဒီဇင်ဘာ (၂၆) ရက်နေ့ ကို ပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။ ယခင်သတ်မှတ်ထားတဲ့ ရက်ဟာ သီတဂူစက္ခု ဒါန ဆေးရုံဖွင့် ပွဲ နဲ့ အလှုရှင်တွေကို ဂုဏ်ပြုလွှာပေးအပ် ပွဲတွေ နဲ့ မျက်စိပြသမယ့် အစီအစဉ်များ ကြောင့် ရှေ့ ကိုတစ်ရင်တိုး သွားရတယ်လို့ သိရပါတယ်။ ဒီနှစ်အာစရိယ ပူဇော်ပွဲ မှာ ထူးထူး ခြားခြား လူငယ်တွေ တက်ရောက်လိမ့်မယ် လို့ မျှော်လင့်နေပါတယ်။ အဲဒီလို တက်ရောက်ကြဖို့ အတွက် လူငယ်များအတွက် စတိတ်ရှိုး ထည့်သွင်းထားတာကြောင့် ဖြစ်ပါတယ်။ အစဉ်အလာ ကြီး မားခဲ့တဲ့ အထက-၁ ရဲ့ အာစရိယ ပူဇော်ပွဲမှာ ပြည်ပ ကိုရောက်နေတဲ့ တပည့်ဟောင်းတွေက လည်း ဆက်သွယ်လှူဒါန်း ကြတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ကိုကိုမြစ်သာ တို့ ကတော့ အတိုင်းမသိ ၀မ်းသာဝမ်းမြောက်ရပါတယ်။ ဒီအတွက် ဆရာဆရာမ တွေက ဘယ်လောက် ၀မ်းသာမလဲ ဆိုတာ တော့ ပြောမပြတတ်အောင်ပါ။
ကလေးဝမှာလဲ အာစရိယ ပူဇော်ပွဲ တဲ့
ကလေးမြို့ က အာစရိယ ပူဇော်ပွဲ နဲ့ တစ်ပြိုင်ထဲလိုလိုမှာပဲ မြို့ နီးနား ခြင်းလို့ ပြောရမယ့် ကလေးဝမြို့ မှာလည်း အထက ဆရာ /ဆရာမ များကို အာစရိယ ပူဇော်ပွဲလုပ်မယ်လို့ သိရပါတယ်။ ကလေးဝမြို့ မှာတော့လူငယ်တွေ အားကြိုးမာန်တက် ပါဝင်တာကို တွေ့ ရပါတယ်။ ကလေးဝမြို့ ဟာ ဒီနှစ်မှ စတင်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေ ဒီလိုစိတ်ဝင်တစား ပြုလုပ်လာတာဟာ ၀မ်းသာစရာပါ။ နှစ်စဉ်နှစ်စဉ် ပြုလုပ်နိုင်အောင်လဲ ကြိုး စားဖို့လိုမယ်လို့ ကိုမြစ်သာတို့ က တိုက်တွန်းပါတယ်။ ဖြစ်လာမယ်လို့လဲ မျှော်လင့်ပါတယ်။

Monday, December 14, 2009

ဒီဇင်ဘာဆောင်းကာလရဲ့ ချင်းတောင်နဲ့ ချင်းတောင်ခြေက ခရစ်စမတ် အထူးသတင်းများ (၁)

ချင်းတောင်ခြေက ခရစ်စမတ်တေးသံများလွင့်ပျံ
ဒီဇင်ဘာနှင်း တွေဟာ ဘယ်တော့မှာ ကျလာမလဲ လို့ ၊ ဒီနှစ်မှာကော ကျအုန်းမှာလား လို့ သို့လောသို့လောနဲ့ အယ်နီညို ကြောင့်များ ချင်းတောင်ခြေ ကနှင်းတွေပျောက်သွားမလားလို့ စိုးရိမ်နေကြရပါတယ်။ ဒါပေမယ့် လက်တွေ့မှာ တော့ခါတိုင်းနှစ်တွေလို မအေးပေမယ့် အအေးဓါတ်ကတော့ ရောက်လာခဲ့ပါတယ်။ အအေးဓါတ်နဲ့အတူ လွင့်ပျံလာတာက ခရစ်စမတ်သီချင်းတွေပါ။ နှင်းမှုံနှင်း စက်တွေ ကြားမှာ ခရစ်စမတ် သီချင်းတွေဆို ခဲ့ကြဖူးတဲ့ သူတွေဟာ ဒီလိုအချိန်ကို မျှော်လင့်နေပါတယ်။ နှင်းများများမကျပေမယ့် နှင်းမှုံလေး တွေ ကိုခရစ်စမတ် တေးသံတွေနဲ့ အတူ တော့ တွေ့ ရပါပြီ ။ ချင်းတောင်ခြေ ဟာ ချင်းလူမျိုး တွေအမှီသဟဲပြု နေထိုင်ကြပါတယ်။ ချင်းလူမျိုးတို့ ရဲ့ ခရစ်စမတ်ပွဲတော် ဟာလဲ နှင်းတွေနဲ့ အတူ ရောက်ရှိလာ ပါပြီ ။ အိမ်ဝေးသူတွေ နဲ့ အဝေးရောက်အိမ်မပြန်နိုင်သူတွေဟာ ဒီလိုအချိန်မျိုးမှာ လွမ်းစိတ်ဟာ ဘယ်လိုမှ ထိမ်းချုပ်မရနိုင်တော့ပါဘူး ။ဒီအလွမ်း တွေကိုနှစ်သိမ့် ပေးဖို့ အတွက် ကိုမြစ်သာတို့က အထူးကြိုးစားဖြေသိမ့်နိုင်အောင်ကြိုးစားပေးပါ့မယ်။ ခရစ်စမတ်ပွဲတော်ရဲ့ အကြောင်းလေးတွေနဲ့ ကလေးမြို့ ရဲ့ ဒီဇင်ဘာအနံ့ အသက်တွေ ခံစားရသလောက်တင်ပြပေးပါ့မယ်။
ကယ်ရော်ဆင်းလို့ ဒေသခံတွေ သိကြတဲ့ ခရစ်စမတ်ဆုတောင်းတေးသံတွေ ဟာ ချင်းတောင်ခြေကိုလွင့်ပျံ လာပါပြီ။ ဆောင်းကာလရဲ့ အအေးဒဏ်ကိုအန်တုရင်း ခရစ်စမတ်တေးသံတွေကို သီဆိုနေတဲ့ ကယ်ရော်ဆင်း အဖွဲ့ တွေရဲ့ ခရစ်စမတ်တေးသံတွေဟာ ဆောင်းရဲ့ သရုပ်ကို ပိုမိုပီ ပြင်စေပါတယ်။ ချင်းတောင်ပေါ်မှာလည်း တောင်ဇလပ်တွေ၊ချယ်ရီပန်းတွေပွင့်နေပြီလို့ ချင်းတောင်က ဒေသခံတွေ ပြောကြပါတယ်။ ဒီဇင်ဘာရဲ့ ဒုတိယအပတ်မှာတော့ ဟားခါးမြို့ ဟာ သုံည ဒီဂရီ ပတ်ဝန်းကျင်ရောက်အောင်အေး နေပြီလို့ သိရပါတယ်။ ချယ်ရီ၊ တောင်ဇလပ်၊ နဲ့ ခရစ်စမတ်ရဲ့ တေးသံတွေအကြောင်းကို နောက်ရက်မှာ ဆက် ခြင်ပါသေးတယ်.............။

Sunday, December 13, 2009

အပျင်းပြေ ရယ်စရာအတည် မြစ်သာလွင်ပြင်က သတင်းတွေ သယ်လာပြီ ဗျို့

မြစ်သာလွင်ပြင်တစ်ဝိုက်မှာ မတော်မတည့် ဖြစ်နေတာလေးတွေကို ကိုကိုမြစ်သာ တို့က တို့ကာ ထိကာ ကလိကာ ပေါ့ဗျာ။ဘယ်သူကိုနာစေ ဘယ်သူကိုသာစေလို့ မရည်ရွယ်ပါဘူး ။ အရှိကို အရှိတိုင်းသာ ဖွင့်ပြောမည်ပေါ့။ ( အင်ကိုင်ရာတော့မဟုတ်ဘူး)
အရာရာကို တည့်တည့်ကြီးပြီး မြစ်သာလွင်ပြင်ကြီး ကောင်းစားရေး၊ဒီဒေသကလူတွေ အကျိုးကို ရည်မျှော်လို့ အပျင်းပြေ ရယ်စရာအတည် သတင်းတွေ သယ်လာပြီ ဆိုတဲ့ အစီအစဉ် (၁)..........ပေါ့

ပရိုဖိုင်(Profile) လေးတော့ ထည့်ပေးပါတဲ့

ဒီခေါင်းစဉ်လေးကို သိပ်စိတ်ဝင်စားမယ်တော့ သိပ်မထင်ပါဘူး ။ ဒါပေမယ့်ဖတ်ကြည့်မယ်ဆိုရင်တော့၊ အော်လူတွှေ လူတွေ လို့ တွေး

မိမှာပါပဲ ။ အင်းလေ လူဆိုတာ ဒီလိုလူတွေချဉ်း ပဲတော့မဟုတ်ဘူးလေ။ထားလိုက်ပါတော့ ။အဖြစ်က ဒီလိုဗျ.........။ကလေးမြို့ မှာ

လူသိများတဲ့ နေသာစာကြည့်တိုက်ဆိုတာ ရှိပါတယ်။ အဲဒီစာကြည့်တိုက်မှာ အပတ်စဉ်လိုလို စာဖတ်ပွဲ (သူတို့ အခေါ်တော့

စာတမ်းဖတ်ပွဲပေါ့ဗျာ) ကျင်းပသတဲ့။ အဲဒီစာဖတ်ပွဲ ဆိုတာကို ရှင်းလင်းပါအုန်းမယ်။ ထုပ်ဝေပြီး မဂ္ဂဇင်း၊ဂျာနယ်၊ အသီးသီး ကစာရေးဆရာများ ရေးထားတဲ့ ဆောင်းပါး၊ ကဗျာ၊ ၀တ္ထု ၊စတာတွေကို ဖတ်ကြသတဲ့၊ အဲဒီလို သူများရေးပြီးသားဖတ်တာကို စာတမ်းဖတ်ပွဲတဲ့....။ အဲဂလိုသာဖတ်ကြေးဆိုလို့ ကတော့ တစ်ရက်ကို စာတမ်း အစောင်ရေ တစ်သိန်းလောက်ဖတ်ပြချင်ပါရဲ့ ။ဂရင်းနှစ်မှတ်တမ်းလေးမှ ၀င်ဝင်..။

စာဖတ်ဖို့ ရာအတွက်တော့ သူများရေးပြီးသား စာလေးတွေကို ပြန်လည် ကွန်ပြူတာစာစီကြ၊စာအုပ်လေးတွေလုပ်ကြပေါ့ ။ အဲဒီမှာ အရပ်ထဲက ခင်ရာမင်ကြောင်းလေးတွေ ကိုထွေရာလေးပါး လျှောက်ပြော ကာစာအုပ်လုပ်ဖို့ အတွက်အလှုခံကြပြန်သရော..။ဒီလိုစာအုပ်လေးတွေမှာ ဖတ်ပြမယ့် စာလေးတွေစီလို့ အဲဒီစာအုပ်လေးတွေမှာ တကယ်ရေးတဲ့ စာရေးဆရာ နဲ့ အလှုရှင်များ က စာလုံးသေးသေးလေး ဖေါ်ပြ ကာ အဲဒီ ပုံနှိပ်ထားတဲ့ စာကိုဖတ်ပြမယ့် ကိုကို၊မမ၊ဦးဦး၊ ဒေါ်ဒေါ် တို့က သူ့တို့ ရဲ့ ဘာညာသာရကာ အထုပ္ပတ္တိလိုလို၊ကိုယ်ရေးရာဇ၀င်လိုလို က တစ်မျက်နှာလောက်က စာဖတ်ပြသူများရဲ့ ကိုယ်ရည်သွေးမှု ကိုဖေါ်ပြ ကြသတဲ့။

အဲဂလိုသာ စာဖတ်တတ်တိုင်းသာ ဂလိုကိုယ်ရည်သွေးကြေး ဆိုရင်တော့ အိမ်က မူလတန်းကျောင်းသား လေးကို ဖတ်ခိုင်းလိုက်ချင်သား..။ တကယ်တော့ တကယ်ရေးတဲ့သူရဲ့ ကိုယ်ရေးရာဇ၀င် လေးကို မိတ်ဆက်ပေးမယ်ဆို ဘယ်လောက်ကောင်းမလဲ။ ဖတ်ပြတဲ့သူက ဒီမြို့ ကဒီလူ တွေ၊ ဘာမှမသိစရာမရှိ။ ကိုယ့်ဘာသာနာမည်ကြိး ချင်တိုင်း ရှောက်လုပ်ချင်တယ်ဆိုရင်လည်း လမ်းဆုံလမ်းခွ မျာ ကိုယ်တုံးလုံးချွတ်ပြီး ကွေးနေအောင်က နေမယ်ဆိုရင် တော်တော်လေး နာမယ်ကြီးမယ်ထင်ပါတယ်။

ဖတ်ကြားပြမယ့် ဆရာများ (သူတို့အချင်းချင်းက တော့ဆရာတွေကို မိုးမွှန်နေတာပဲ၊ဘာဆရာ တွေလည်းတော့မသိပါဘူး) က သူတို့ ရဲ့ ပရိုဖိုင်လေး ပါအောင် ကို တော်တော်ဂရုတစိုက်ရှိလှပါတယ်တဲ့ ။ အဲဒီစာကြည့်တိုက်က တာဝန်ခံလေး ကတော့ အဲဒီဟာကိုမထည့်ချင်ပေ မယ့်လည်း အချင်းချင်းဆိုတော့ဘာမှအပန်းကြီးတာမှမဟုတ်ပဲ ဆိုပြီး ထည့် ပေးနေရတယ် ဆိုပါတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့ ဗျာ ***ပရိုဖိုင်လေးတော့ထည့်ပေးပါတဲ့***ဗျ။ ။

Saturday, December 12, 2009

ဆောင်းနှင်းတွေကြား က ကလေးဝက ပေါင်းတင်းသည်(သယ်)တွေ

ဆောင်းနှင်းတွေကြား က ကလေးဝက ပေါင်းတင်းသည်(သယ်)တွေ
ဒီနှစ်ဆောင်းရာသီဟာ အယ်နီညို ဆိုတဲ့ အသံတွေကြောင့် အေးမှ အေးပါ့မလားလို့ ထင်မိပါတယ်။ ဒါပေမယ့် အရင်နှစ်တွေလို မဟုတ်ပေမယ့် အအေးဓါတ်လေး က ချင်းတောင်နဲ့ ချင်းတောင်ခြေကို ရောက်လာခဲ့ပါတယ် ။ဒီလို ဆောင်းရာသီမှာ ဒီနယ်ဖက် က ဒေသအစားအစာ ဖြစ်တဲ့ ဒေသအခေါ် ပေါင်းတင်၊ တချို့ နယ်တွေက ကောင်းညှင်းကျည်တောက်၊ တချို့ ကခဲတံချောင်း လို့လဲ ခေါ်ကြပါတယ်။ ဒီနယ်မှာတော့ ကလေးဝပေါင်းတင်း ဟာ မိတ်ဆွေတွေအတွက် လက်ဆောင်ပေးရတဲ့ ဒေသလက်ဆောင်တစ်မျိုး ဖြစ်ပါတယ်။ ၀ါးဖတ်လေးတွေပါအောင်ခွာ ရင်း ၀ါးနံ့ သင်းသင်းလေးပါတဲ့ ကောက်ညှင်းကျဉ်တောက်ဟာ စားရတာ မဖေါ်ပြနိုင်တဲ့ အရသာပါ။ မနက်ပိုင်လက်ဖက်ရည် ကြိုက်တတ်တဲ့ သူတွေက လက်ဖက်ရည်နဲ့ ပေါင်းတင်းလေး ကိုအရသာခံလို့ ။တချို့ ကြတော့လည်း ပေါင်းတင်းကို ဆီလေးအိုးကင်းပူတိုက်ပြီး တော့ ကြော်လို့ ၊တချို့ ကြတော့လည်း ငါးခြောက်ဖုတ်လေး ကိုပေါင်းတင်းနဲ့ တွဲဖက်လို့ ၊မိသားစုတွေက ဒေသထွက် စားတော်ပဲပြုတ်လေးနဲ့ ပေါင်းတင်းလေးတွဲဖက်သုံးဆောင်ကြတယ်။ ပေါင်းတင်းနဲ့ တချိန်ထဲပေါ်လာတဲ့ မုန်ညှင်းဟာ ဒေသမှာတော့ မုန်ညှင်း ရွက်တွေ ကိုဆိတ်ဆွ ပြီး၊ အသီးအနှံ လေးတွေရောကာ ဆန်မှုံ့ စစ်လေးနဲ့ ကြက်သွန်ဖြူ ၊ဂျင်းထောင်းကာ ရောနယ်သမပြီးတော့ ပေါင်းလိုက်ကာ ဟင်းပေါင်းဆိုပြီး စားကြပါတယ်။ ပဲဆီ၊နှမ်းဆီစစ်လေးကို ဟင်းပေါင်းလေးကိုလောင်းပြီး ပေါင်းတင်းလေးနဲ့ ပေါင်းစပ်၊တွဲဖက် သုံးဆောင်လိုက်လို့ ကတော့ ဒီဒေသကို လွမ်းလွန်းလို့ နောက်တစ်ခေါက်ပြန်လာရ ပါလိမ့်မယ်။
အဝေးရောက် ကလေး၊ကလေးဝ၊တမူးနယ်က ဒေသခံတွေ သရေကျတော်မူအောင် ရေးသားလိုက်ရပါတယ်။

Friday, December 11, 2009

ကလေးနယ်က သီတဂူစက္ခု ဒါနဆေးရုံ ဆိုတဲ့ အလင်းသစ်

ချင်းတွင်းအထက်ပိုင်း၊ချင်းတောင်ဒေသ၊ချင်းတောင်ခြေဒေသနှင့်ယောဒေသ၊ကဘော်ဒေသ တွေမှာ အမှောင်ကိုခွင်း၊အလင်းကိုဆောင်နိုင်တော့မယ်
ချင်းတွင်းအထက်ပိုင်း၊ချင်းတောင်ဒေသ၊ချင်းတောင်ခြေဒေသနဲ့ ယောဒေသ၊ကဘော်ဒေသတွေမှာ အမှောင်ကိုခွင်း အလင်းကိုဆောင်နိုင်တော့မယ် သီတဂူ စက္ခု ဒါန ဆေးရုံကြီး ပေါ်ထွက်လာတော့မယ်လို့ သိရပါတယ်။ အဲဒီဆေးရုံ ကြီးဟာ အခုဆိုရင် ရာနှုန်းပြည့်နီး ပါး ပြီးစီးလု ပြီလို့ သိရပါတယ်။ ဖွင့်ပွဲ ကိုလည်း ဒီလ (ဒီဇင်ဘာလ )ထဲမှာ လုပ်မယ်လို့ သိရပါတယ်။ ခေတ်မှီတဲ့ စက်တွေ၊ခေတ်မှီ ဆေးဝါးတွေနဲ့ နိုင်ငံခြားက ဆရာဝန်တွေကိုယ်တိုင်ဦးစီး ပြီး မျက်စိဝေ ဒနာရှင်တွေကို ကုသပေးတော့မှာပါ။ စစ်ကိုင်းမြို့ ကသီတဂူ ဆေးရုံကြီး က မျက်စိဆရာဝန်ကြီး တွေကောပါမယ်လို့ သိရပါတယ်။ ဒီဒေသ မှာရှိတဲ့ မျက်စိဝေဒနာရှင်တွေ အမှောင်ကိုခွင်း ပြီး အလင်းရတော့မှာ မို့ ကလေးဒေသခံ များကလည်းကုသိုလ်ရေးကို တက်ကြွ စွာပါဝင်လုပ်ဆောင်နေကြပါတယ်။ လက်ရှိအချိန်မှာဆို နေ့ဆိုင်းညဆိုင်းတွေပါခွဲ ပြီး ဆေးရုံသစ်ကြီး ဖွင့်လှစ်နိုင်ရေးအတွက် လုပ်ဆောင်နေကြပါတယ်။ သီတဂူစက္ခုဒါန ဆေးရုံ (ကလေးမြို့ )ဟာ ကလေးမြို့ အောင်သစ္စာ ရပ်ကွက် မဟာသန္တာရုံ ဘုန်းတော်ကြီး ကျောင်းနဲ့ မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်။ ဆေးရုံသစ်ဖွင့်ပွဲမှာ သီတဂူဆရာတော်ကြီး ဒေါက်တာ အရှင်ဥာဏ်ဏိသရ ရဲ့ တရား ပွဲကို ပါထည့်သွင်း ကျင်းပမှာမို့ ကလေးဒေသခံတွေအနေနဲ့ အထူးတရားပွဲကြီး တစ်ပွဲကို ပါနာယူကြရမှာပါ။
*****အဆိုပါသတင်းများရဲ့ နောက်ဆက်တွဲ သတင်းများကိုလဲ နောက်ရက်တွေမှာ ဆက်ဆက် တင်ပေးသွားအုန်းပါမယ်။*****
*****ရပ်ဝေးက အလှုရှင်များ ကတော့လှုဒါန်းလိုတယ်ဆိုရင်တော့*****
မဟာသန္တာရုံဆရာတော်---ဖုန်း --၀၇၃-၂၁၁၃၀
နေသာပညာဒါန ဆရာတော်---ဖုန်း---၀၇၃--၂၂၆၄၄
ကိုဆက်သွယ်လှုဒါန်နိုင်ပါတယ်ဗျာ။ ။

Sunday, December 6, 2009

ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို သီဆိုပျော်ရွှင် ကန်တော့မည် ဆိုပြီး စတိတ်ရှိုး ထည့် သွင်းမည်

ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို သီဆိုပျော်ရွှင် ကန်တော့မည် ဆိုပြီး စတိတ်ရှိုး ထည့် သွင်းမည်
ကလေးမြို့၊အထက(၁) အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ
အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ

သို့
------------------

ကလေးမြို့၊အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်း များမှ အသက်(၆၀) ပြည့် အငြိမ်းစားယူပြီး ကလေးမြို့ တွင် အခြေချ နေထိုင်လျှက်ရှိသော ဆရာကြီး/ဆရာမကြီးများကို အစဉ်အလာမပျက် နှစ်စဉ် ကန်တော့ခဲ့ကြပါသည်။
ယခုနှစ်တွင်လည်း (၁၃) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို (၂၇-၁၂-၂၀၀၉) တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါ၍ ၁၉၆၅ မှ ၂၀၀၉ ပညာသင်နှစ်အထိ အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသားကျောင်းသူ ဟောင်းများ အားလုံး ကန်တော့ပွဲ သို့ ပါဝင်ဆင်နွဲကြရန် ဖိတ်ကြားအပ်ပါသည်။

အပူဇော်ခံမည့် ဆရာ / ဆရာမ ကြီးများ

၁။ ဦးစန်းလှိုင် ၂။ ဦးအရှိန် ၃။ ဦးတင်ဝင်း ၄။ ဒေါ်ခင်ခင်သိန်း

၅။ ဦးမြင့်သိန်း ၆။ ဦးသန်းမောင် ရ။ ဦးမြဖေ ၈။ ဦးမောင်မောင်သန်း

၉။ ဦးမြသိန်း ၁၀။ ဦးမြင့်ဦး ၁၁။ ဒေါ်သိန်းသိန်းစိုး ၁၂။ ဒေါ်ခင်မမ

၁၃။ ဦးသောင်းရွှေ ၁၄။ ဒေါ်မြစော ၁၅။ ဒေါ်စန်းကြည် (၁) ၁၆။ ဦးသန်း

၁၇။ ဦးသန်းရွှေ ၁၈။ ဦးချစ်မောင် ၁၉။ ဒေါ်အုန်းရီ ၂၀။ ဒေါ်ဖွားလုံ

၂၁။ ဒေါ်ရင်မေ ၂၂။ ဒေါ်ခင်မွှေး ၂၃။ ဒေါ်ခင်ဆွေ ၂၄။ ဦးကြင်မောင်

၂၅။ ဒေါ်ခင်နှင်း ၂၆။ ဒေါ်ခင်စန်းနိုင် ၂၇။ ဦးဖိုးနီ ၂၈။ ဦးခင်မောင်ညွှန့်

၂၉။ ဦးသန်းထွန်း ၃၀။ ဒေါ်ခင်သန်းလှိုင် ၃၁။ ဦးချစ် ၃၂။ ဒေါ်ရဲမြင့်လွင်

၃၃။ ဦးရဲမြင့် ၃၄။ ဒေါ်တင်လုံ ၃၅။ ဒေါ်အမာကြည် ၃၆။ ဦးထုတ်လျန်

၃၇။ ဒေါ်ခင်ဆွေဦး ၃၈။ ဒေါ်ကျော်မေ ၃၉။ ဒေါ်ပူးစ်ပါးဒေ၀ီ ၄၀။ ဒေါ်မြင့်မြင့်သန်း

၄၁။ ဒေါ်စန်းကြည် (၂)

အာစရိယ ပူဇော် ဖြစ်မြောက်ရေးအဖွဲ့
(ဆရာကျေးဇူး ဂုဏ်အထူးကို မေ့ဘူး ဘယ်ခါ သတိဖြာ၍ ရင်မှာပေးဆပ်နိုင်ပါစေ)

နေရာ။ ။ အထက(၁) ရွှေရတုခန်းမ
ရက်စွဲ။ ။၂၇-၁၂-၂၀၀၉ (တနင်္ဂနွေ)
အချိန်။ ။ မွန်းလွဲ (၁၂း၃၀) နာရီ
**************************************
အထူးအစီအစဉ်
****************************
ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို နှစ်စဉ် ဒီဇင်ဘာလ အတွင်းမှာကျင်းပမြဲ ပါ။ ဒီနှစ်လဲ ဒီဇင်ဘာလ (၂၇)ရက်နေ့ မှာပဲကျင်းပမှာပါ။ ဒီပွဲ

မှာ လူငယ်တွေ တက်ရောက်မှုနဲ ပါးနေတယ်၊လှုပ်ရှားမှု နဲနေတယ်လို့ ပြောဆိုသံ တွေကြားနေရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့

လူငယ်တွေ များများပါဝင်လာ အောင်ရည်ရွယ်ချက်နဲ့ စတိတ်ရှိုး ဖျော်ဖြေမှု နဲ့အတူ ထည့်သွင်း ကျင်းပမယ်လို့သိရပါ့မယ်။

သီဆိုပျော်ရွှင်ကန်တော့မည် ပေါ့ဗျာ။ ဒီလိုဖြစ်မြောက်အောင် အွန်လိုင်းက နေ သတင်းရရှိကြတဲ့ ကျောင်းသား/ ကျောင်းသူဟောင်းများ

လည်း အချင်းချင်း ဖော်ဝပ်မေးဖြင့်လည်းကောင်း ၊၀က်ဆိုက် ကိုပြောခြင်းဖြင့် လည်းကောင်းကူညီပေးကြပါ။ လုပ်ငန်းခွင်အသီးသီးမှာ

ရောက်ရှိနေကြတဲ့ ကျောင်းသား/ကျောင်းသူဟောင်းများ ရဲ့ တွေ့ ဆုံပွဲ ဆိုရင်လဲမမှားပါဘူး။

ကျောင်းသား ကျောင်းသူဟောင်းများမှ စင်တင် တေးဂီတဖြင့် ဖျော်ဖြေပါမည်။

သီဆို ဖျော်ဖြေလိုသူများ

ဦးသန့်စင်ဝင်း၊ သရ၀ဏ် ပညာရေးလမ်းညွှန်၊ ဗိုလ်ချုပ်လမ်း၊မြို့မဈေး အနီး

ဖုန်း- 073-21165
****************************************
ဝင်ရောက်ကြည့်ရှုနိုင်သော ဆိုက်များ
****************************************
http://www.rezarmyo.co.cc/
http://kalaycommunity.ning.com/
http://www.kalaytownship.co.cc/
http://myittarthant.blogspot.com/
http://kalaykokyaw.blogspot.com
အချိန်နဲ့ တစ်ပြေးညီ ဆရာကန်တော့ ပွဲ သတင်းများ ကို တင်ပေးသွားပါ့မယ်။ ။ဆရာကန်တော့ပွဲ ပြီး ရင်လဲ အဆိုပါဆိုက်များမှ အမှတ်တယ ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ တင်ပေးသွားပါ့မယ်။ အဝေးရောက်မြန်မာ များ သာဓုခေါ်နိုင်အောင်ပေါ့ဗျ။ ။

Thursday, December 3, 2009

ကလေးမြို့ အထက(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ ၏ (၁၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ကလေးမြို့ အထက(၁) ကျောင်းသား၊ ကျောင်းသူဟောင်းများ ၏ (၁၃)ကြိမ်မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပမည်

ကလေးမြို့ အထက(၁) ကျောင်းသား၊ကျောင်းသူဟောင်းများမှ

အငြိမ်းစား ယူပြီး သော ဆရာကြီး ၊ဆရာမကြီး များအား (၁၃)

ကြိမ် မြောက် အာစရိယ ပူဇော်ပွဲ ကျင်းပ ပြုလုပ်မည်

ဖြစ်ပါသသည်။ ၂၀၀၉-ခုနှစ် ဒီဇင်ဘာလ (၂၇) ရက်

(တနင်္ဂနွေ နေ့) နေ့လည် (၁၂) နာရီ တွင် အထက (၁) ရွှေရတု

ခန်းမ ၌ ပြုလုပ်မည့် ကန်တော့ပွဲ သို့ တက်ရောက်နိုင်ပါရန်

ကျောင်းသား၊ကျောင်းသူ ဟောင်းများ အား

ဖိတ်ကြားအပ်ပါသည်။ ။

*****ဆက်သွယ်လှူဒါန်း လိုပါက *****

ဖုန်း -073-21123၊ 073-21039။073-21667။073-22488။

073-22159။073-22612။073-22234 လိုင်းခွဲ 207--208

သို့ ဆက်သွယ်လှူဒါန်းနိုင်ပါ တယ်ခင်ဗျာ။

ဒီ သတင်းကို အွန်လိုင်းက နေတဆင့် တွေ့မိ၊ ဖတ်မိ သော

ကျောင်းသား ၊ကျောင်းသူဟောင်းများ အနေနှင့် လည်း မိမိ

တို့ အတူတူ တက်ရောက်ခဲ့ သော ကျောင်းသား၊ကျောင်းသူ

ဟောင်းများထံ သို့ forward လုပ်ပြီး အကြောင်းကြား ပေး ကြ

ပါရန် အထူး ပန်ကြားအပ် ပါသည်။ ။
******************************************************************
အွန်လိုင်းမှတဆင့် ဆက်သွယ်လို ပါက အောက်ပါ မေး(လ်) လိပ်စာများမှ တဆင့် သိသိ မသိသိ ဆက်သွယ်ကြပါရန်
****************************************************************
aungthutun.kalay@gmail.com
ahloo73@gmail.com
win.ndwc@googelmail.com
lwinlwinaye09@gmail.com
777.kokyaw@gmail.com
777.kozaw@gmail.com
aghein.kalay@gmail.com
akm.moe@gmail.com
aungmyatkyaw.kalay@gmail.com
aungsanlin.ndw@gmail.com
botoe.kalay@gmail.com
kalaysong@gmail.com
khaingsoe7@gmail.com
khinthidaklm@gmail.com
koaung.ptg@gmail.com
komyo.1020@gmail.com
kozaw.kalaymyo@gmail.com
mgkaung82@gmail.com
mzhtwe07@gmail.com
phoekhaing.klm@gmail.com
pyonecho.klm@gmail.com
staz.ad3con4@gmail.com
winmaung@gmail.com
minthurein.kalay@gmail.com
michelleshw@gmail.com
stnaung89@gmail.com
thanhtikeaung99@gmail.com
1kozayar@gmail.com

တော်တော်များများ က အာစရိယ ပူဇော်ပွဲ ကို သိကြမှာ မဟုတ်ပါဘူး။ တချို့ လိပ်စာပိုင်ရှင်အချို့ မှာ ပြည်ပ မှာပါ ။။ဒါပေမယ့် အစဉ်အလာ ရှိခဲ့ တဲ့ အာစရိယ ပူဇော်ပွဲ ကို သတိထားမိ ၊ စိတ်ဝင်စားမှု ရှိလာအောင် ဆက်သွယ် ပြောဆို မေး မြန်းကြပါ။ ကလေးမြို့ မှာရှိတဲ့ ကျောင်းသား/ကျောင်းသူ ဟောင်းများ ကလည်း သိသလောက် ပြောပြ ကြ ဆွေး နွေး ကြမယ် ဆိုရင် ၊ အာစရိယ ပူဇော်ပွဲ ဟာ ပိုမို စည်စည်ကားကား ဖြစ်လာမယ်လို့ ထင်ပါတယ်။
နှစ်တွေလညောင်း၊ အသစ်တွေသာ ဟောင်းသွား ပေမယ့် အမြဲကောင်းနေမယ့် ဆရာများရဲ့ မေတ္တာစေတနာ တွေ ကိုသတိတရ ရှိတတ်တဲ့ မြန်မာကျောင်းသားများ အသိတရား
ပြီးတော့ မြန်မာရိုးရာဓလေ့ ထဲကချစ်စရာ ကောင်းတဲ့ ဓလေ့ထုံးစံ တစ်ခု ကို ဖော်ထုပ်ကြမယ့်ပွဲ။ ။
ကျောင်သား ကျောင်းသူ ဟောင်းများ သိတတ်မှုကို
မြင်တွေ့ ကြရတဲ့ ဆရာ တွေ ရဲ့ ပီတိ............
ဆရာတို့ အတူတူ လက်တွဲခဲ့ ကြတဲ့ လက်တွဲဖော်တွေ ကို
ပြန်ကာ တွေ့ ဆုံ ကြရတဲ့ ပြန်လည်ဆုံဆည်းမှု တွေ
ဟာ ဘယ်အရာ၊ ဘယ်ခံစားမှု နဲ့ မှ မလဲ နိုင်ဘူးဆိုတာ......................။

အခြေခံ ပညာအထက်တန်းကျောင်း၊ ကလေးဝမြို့ မြတ်ဆရာကန်တော့ပွဲ

အခြေခံ ပညာအထက်တန်းကျောင်း၊ ကလေးဝမြို့
မြတ်ဆရာကန်တော့ပွဲ

စစ်ကိုင်းတိုင်း၊ကလေးခရိုင်၊ ကလေးဝမြို့

အခြေခံပညာအထက်တန်းကျောင်းမှ အငြိမ်းစား ယူပြီးသော

ဆရာ/ဆရာမ ကြီး များနှင့် (၁၉၉၇)ခုနှစ် အထိ ကလေးဝ

အထက သို့ ရောက်ရှိ တာဝန်ထန်းဆောင်ပြီး/ထမ်းဆောင်ဆဲ

အသက်(၅၀)နှစ် အထက် ဆရာ/ ဆရာမ များအား ၂၀၀၉ခုနှစ်

၊ဒီဇင်ဘာလ (၂၅ ) ရက်နေ့ မွန်းလွဲ (၁) နာရီ တွင် အထက

ကျောင်းခန်းမ ၌ ပူဇော်ကန်တော့ မည်ဖြစ်ပါ သဖြင့် ဆရာ/

ဆရာမ များ နှင့် ကျောင်းသား /ကျောင်းသူ ဟောင်းများ ကြွ

ရောက် ပါရန် ဖိတ်ကြား အပ်ပါသည်။ ။

ပူဇော် ပွဲဖြစ်မြောက်ရေး ကော်မတီမှ နိုဝင်ဘာလ (၂၀)

ရက်နေ့ နှင့် ဒီဇင်ဘာလ (၁၅) ရက်နေ့ များတွင် ကျောင်းသာ

/ကျောင်းသူ ဟောင်းများထံ သို့ အလှူ ငွေများ လာရောက်

ကောက်ခံသွားပါမည်။ ။
*****************************************************************
မြတ်ဆရာ ပူဇော်ကန်တော့ပွဲ ဖြစ်မြောက်ရေးကော်မတီ
******************************************************************
အဆိုပါ သတင်းကို အွန်လိုင်းမှ ကြားသိကြသော

ကျောင်းသား/ကျောင်းသူ ဟောင်းများ အနေနှင့် ဖော်ဝပ်မေး

ပြုလုပ်ပြီး မိမိတို့ သူငယ်ချင်းများ ကို ဆက်သွယ်အကြောင်း

ကြားပေး ကြပါရန် လေးစားစွာ အသိပေးအပ်ပါသည်။

*****************************************************************
ဆက်သွယ်ရန်မေးလိပ်စာများ မှ သိသိ မသိသိ အတင်းမေး ပြီး ဆက်သွယ်ကြပါဗျို့ ။။သူတို့လဲ ကလေးဝမြို့ အထက်တန်းကျောင်းက ကျောင်းသားဟောင်းတွေ ဖြစ်ပါတယ်။ ။
******************************************************************
chitkomaung22@gmail.com
libera.mm.09@gmail.com
marthi.kalaywa@gmail.com
mochi.2255@gmail.com
myommsan08@gmail.com
myonyinyi.83@gmail.com
kyawmintheinn9989@gmail.com
empathylady@gmail.com
doelone87@gmail.com
nani.nn2010@gmail.com
htetnaynaing87@gmail.com
waizaw87@gmail.com
naynyi87@gmail.com
zawzaw.ye@gmail.com
tharkhant2003@gmail.com

သို့ ဆက်သွယ်ကြပါဗျို့။ ။
တော်တော်များများ က အာစရိယ ပူဇော်ပွဲ ကို သိကြမှာ မဟုတ်ပါဘူး။ လိပ်စာပိုင်ရှင် များဟာ ကလေးဝကလူငယ်တွေဖြစ်ပါတယ်။ အာစရိယ ပွဲ ကို သိချင်မှလဲသိကြမှာပါ ။ ဒါပေမယ့်စိတ်ဝင်စားမှု ရှိလာအောင် ဆက်သွယ် ပြောဆို မေး မြန်းကြပါ။ ကလေးဝမြို့
မှာရှိတဲ့ ကျောင်းသား/ကျောင်းသူ ဟောင်းများ ကလည်း သိသလောက် ပြောပြ ကြ ဆွေး နွေး ကြမယ် ဆိုရင် ၊ အာစရိယ ပူဇော်ပွဲ ဟာ ပိုမို စည်စည်ကားကား ဖြစ်လာပြီး ကျောင်သား ကျောင်းသူ ဟောင်းများ ကို မြင်တွေ့ ကြရတဲ့ ဆရာကြီး /ဆရာမကြီး တွေ ရဲ့ ပီတိ ဟာ ဘယ်အရာ နဲ့ မှ မလဲ နိုင်ဘူးဆိုတာ......................။ ။