ကလေးမြို့ အထက-၁ (၁၃)ကြိမ် မြောက်အာစရိယပူဇော်ပွဲ ရှေ့ တစ်ရက်တိုး
(၁၃) ကြိမ်မြောက်ကျင်းပ မယ့် ကလေးမြို့ က အထက-၁ ကျောင်းရဲ့ အာစရိယ ပူဇော်ပွဲ ကို ယခင်သတ်မှတ်ထားတဲ့ ဒီဇင်ဘာလ (၂၇)ရက်အစား ရှေ့ ကိုတစ်ရက်တိုးပြီး ဒီဇင်ဘာ (၂၆) ရက်နေ့ ကို ပြောင်းရွှေ့ လိုက်တယ်လို့ သိရပါတယ်။ ယခင်သတ်မှတ်ထားတဲ့ ရက်ဟာ သီတဂူစက္ခု ဒါန ဆေးရုံဖွင့် ပွဲ နဲ့ အလှုရှင်တွေကို ဂုဏ်ပြုလွှာပေးအပ် ပွဲတွေ နဲ့ မျက်စိပြသမယ့် အစီအစဉ်များ ကြောင့် ရှေ့ ကိုတစ်ရင်တိုး သွားရတယ်လို့ သိရပါတယ်။ ဒီနှစ်အာစရိယ ပူဇော်ပွဲ မှာ ထူးထူး ခြားခြား လူငယ်တွေ တက်ရောက်လိမ့်မယ် လို့ မျှော်လင့်နေပါတယ်။ အဲဒီလို တက်ရောက်ကြဖို့ အတွက် လူငယ်များအတွက် စတိတ်ရှိုး ထည့်သွင်းထားတာကြောင့် ဖြစ်ပါတယ်။ အစဉ်အလာ ကြီး မားခဲ့တဲ့ အထက-၁ ရဲ့ အာစရိယ ပူဇော်ပွဲမှာ ပြည်ပ ကိုရောက်နေတဲ့ တပည့်ဟောင်းတွေက လည်း ဆက်သွယ်လှူဒါန်း ကြတယ်လို့ သိရပါတယ်။ ဒီအတွက်လည်း ကိုကိုမြစ်သာ တို့ ကတော့ အတိုင်းမသိ ၀မ်းသာဝမ်းမြောက်ရပါတယ်။ ဒီအတွက် ဆရာဆရာမ တွေက ဘယ်လောက် ၀မ်းသာမလဲ ဆိုတာ တော့ ပြောမပြတတ်အောင်ပါ။
ကလေးဝမှာလဲ အာစရိယ ပူဇော်ပွဲ တဲ့
ကလေးမြို့ က အာစရိယ ပူဇော်ပွဲ နဲ့ တစ်ပြိုင်ထဲလိုလိုမှာပဲ မြို့ နီးနား ခြင်းလို့ ပြောရမယ့် ကလေးဝမြို့ မှာလည်း အထက ဆရာ /ဆရာမ များကို အာစရိယ ပူဇော်ပွဲလုပ်မယ်လို့ သိရပါတယ်။ ကလေးဝမြို့ မှာတော့လူငယ်တွေ အားကြိုးမာန်တက် ပါဝင်တာကို တွေ့ ရပါတယ်။ ကလေးဝမြို့ ဟာ ဒီနှစ်မှ စတင်ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ လူငယ်တွေ ဒီလိုစိတ်ဝင်တစား ပြုလုပ်လာတာဟာ ၀မ်းသာစရာပါ။ နှစ်စဉ်နှစ်စဉ် ပြုလုပ်နိုင်အောင်လဲ ကြိုး စားဖို့လိုမယ်လို့ ကိုမြစ်သာတို့ က တိုက်တွန်းပါတယ်။ ဖြစ်လာမယ်လို့လဲ မျှော်လင့်ပါတယ်။
Wednesday, December 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment