၂၇-၁၂-၀၉ ရက်နေ့တွင် သီတဂူ ဆရာတော် ဥူးဥာဏ္ဏိသရ မှ သီတဂူ စက္ခု ဒါန ဆေးရုံ ဖွင့်ပွဲ နှင့် ရေစက်ချ တရားပွဲ ကို နေ့လည် (၁) နာရီတွင် ပြုလုပ်မည်ဖြစ်ပါ၍ ရေစက်ချ တရားနာယူရန် ဖိတ်ကြားအပ်ပါသည်။
နေသာ ယဉ်ကျေးလိမ္မာ သင်တန်း
နှစ်စဉ် ပြုလုပ်မြဲ ဖြစ်သော နေသာ ပညာဒါန ယခုနှစ် ယဉ်ကျေးလိမ္မာ သင်တန်းကို ( 23-12-09 ) ရက်နေ့မှ ( 25-12-09 ) ရက်နေ့အထိ တောင်ဖီလာ တောကျောင်းတွင် နေသာကျောင်း ဆရာတော် ဥူးဓမ္မိက ဦးစီ၍ ကျင်ပပြုလုပ်မည် ဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါ ယဉ်ကျေး လိမ္မာ သင်တန်းသို့ ရန်ကုန်မြို့မှ စာရေးဆရာ ဒါရိုက်တာ မောင်ဝဏ္ဏ နှင့် စာရေးဆရာ ကံထွန်းသစ် တို့မှ လည်း လာရောက် ဟောပြော ပို့ချပေးမည်ဟု သိရှိရပါသည်။ ယဉ်ကျေးလိမ္မာ သင်တန်းတွင် ကလေးများအား တရားထိုင်ခြင်း၊ဂိမ်းကစားခြင်း၊ ယဉ်စည်းကမ်းနှင့် အန္တရယ် အကြောင်း ဆွေးနွေးခြင်း၊ စာတမ်းဖတ်ခြင်းတို့ ပြုလုပ်မည်ဖြစ်ကြောင်း နေသာကျောင်း ဆရာ ကျော်ကျော်မှ ပြောပါသည်။
အထက်က သတင်းကိုလည်း www.kalaytownship.co.cc မှပဲ ကူးယူဖေါ်ပြလိုက်တာပါ။ ဒီဇင်ဘာလ ထဲမှာတော့ ကလေးမြို့မှာ ပွဲတွေဆက်နေပါတယ်။ အထက(၁) ဆရာကန်တော့ပွဲ၊သီတဂူမျက်စိဆေးရုံဖွင့်ပွဲ နဲ့ နေသာကျောင်းက ယဉ်ကျေးလိမ္မာ သင်တန်းနဲ့ ချင်းလူမျိုးတွေရဲ့ ခရစ်စမတ်ပွဲတော် တွေ ဆက်လို့ နေပါတယ်။
Friday, December 18, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment