ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို သီဆိုပျော်ရွှင် ကန်တော့မည် ဆိုပြီး စတိတ်ရှိုး ထည့် သွင်းမည်
ကလေးမြို့၊အထက(၁) အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ
အာစရိယ ပူဇော်ပွဲ ဖိတ်ကြားလွှာ
သို့
------------------
ကလေးမြို့၊အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသား/ ကျောင်းသူဟောင်း များမှ အသက်(၆၀) ပြည့် အငြိမ်းစားယူပြီး ကလေးမြို့ တွင် အခြေချ နေထိုင်လျှက်ရှိသော ဆရာကြီး/ဆရာမကြီးများကို အစဉ်အလာမပျက် နှစ်စဉ် ကန်တော့ခဲ့ကြပါသည်။
ယခုနှစ်တွင်လည်း (၁၃) ကြိမ်မြောက် အာစရိယ ပူဇော်ပွဲကို (၂၇-၁၂-၂၀၀၉) တနင်္ဂနွေနေ့တွင် ကျင်းပ ပြုလုပ်မည် ဖြစ်ပါ၍ ၁၉၆၅ မှ ၂၀၀၉ ပညာသင်နှစ်အထိ အထက(၁) တွင် ပညာသင်ကြားခဲ့ကြသော ကျောင်းသားကျောင်းသူ ဟောင်းများ အားလုံး ကန်တော့ပွဲ သို့ ပါဝင်ဆင်နွဲကြရန် ဖိတ်ကြားအပ်ပါသည်။
အပူဇော်ခံမည့် ဆရာ / ဆရာမ ကြီးများ
၁။ ဦးစန်းလှိုင် ၂။ ဦးအရှိန် ၃။ ဦးတင်ဝင်း ၄။ ဒေါ်ခင်ခင်သိန်း
၅။ ဦးမြင့်သိန်း ၆။ ဦးသန်းမောင် ရ။ ဦးမြဖေ ၈။ ဦးမောင်မောင်သန်း
၉။ ဦးမြသိန်း ၁၀။ ဦးမြင့်ဦး ၁၁။ ဒေါ်သိန်းသိန်းစိုး ၁၂။ ဒေါ်ခင်မမ
၁၃။ ဦးသောင်းရွှေ ၁၄။ ဒေါ်မြစော ၁၅။ ဒေါ်စန်းကြည် (၁) ၁၆။ ဦးသန်း
၁၇။ ဦးသန်းရွှေ ၁၈။ ဦးချစ်မောင် ၁၉။ ဒေါ်အုန်းရီ ၂၀။ ဒေါ်ဖွားလုံ
၂၁။ ဒေါ်ရင်မေ ၂၂။ ဒေါ်ခင်မွှေး ၂၃။ ဒေါ်ခင်ဆွေ ၂၄။ ဦးကြင်မောင်
၂၅။ ဒေါ်ခင်နှင်း ၂၆။ ဒေါ်ခင်စန်းနိုင် ၂၇။ ဦးဖိုးနီ ၂၈။ ဦးခင်မောင်ညွှန့်
၂၉။ ဦးသန်းထွန်း ၃၀။ ဒေါ်ခင်သန်းလှိုင် ၃၁။ ဦးချစ် ၃၂။ ဒေါ်ရဲမြင့်လွင်
၃၃။ ဦးရဲမြင့် ၃၄။ ဒေါ်တင်လုံ ၃၅။ ဒေါ်အမာကြည် ၃၆။ ဦးထုတ်လျန်
၃၇။ ဒေါ်ခင်ဆွေဦး ၃၈။ ဒေါ်ကျော်မေ ၃၉။ ဒေါ်ပူးစ်ပါးဒေ၀ီ ၄၀။ ဒေါ်မြင့်မြင့်သန်း
၄၁။ ဒေါ်စန်းကြည် (၂)
အာစရိယ ပူဇော် ဖြစ်မြောက်ရေးအဖွဲ့
(ဆရာကျေးဇူး ဂုဏ်အထူးကို မေ့ဘူး ဘယ်ခါ သတိဖြာ၍ ရင်မှာပေးဆပ်နိုင်ပါစေ)
နေရာ။ ။ အထက(၁) ရွှေရတုခန်းမ
ရက်စွဲ။ ။၂၇-၁၂-၂၀၀၉ (တနင်္ဂနွေ)
အချိန်။ ။ မွန်းလွဲ (၁၂း၃၀) နာရီ
**************************************
အထူးအစီအစဉ်
****************************
ကလေးမြို့ အာစရိယ ပူဇော်ပွဲ ကို နှစ်စဉ် ဒီဇင်ဘာလ အတွင်းမှာကျင်းပမြဲ ပါ။ ဒီနှစ်လဲ ဒီဇင်ဘာလ (၂၇)ရက်နေ့ မှာပဲကျင်းပမှာပါ။ ဒီပွဲ
မှာ လူငယ်တွေ တက်ရောက်မှုနဲ ပါးနေတယ်၊လှုပ်ရှားမှု နဲနေတယ်လို့ ပြောဆိုသံ တွေကြားနေရပါတယ်။ ဒါ့ကြောင့် ဒီနှစ်မှာတော့
လူငယ်တွေ များများပါဝင်လာ အောင်ရည်ရွယ်ချက်နဲ့ စတိတ်ရှိုး ဖျော်ဖြေမှု နဲ့အတူ ထည့်သွင်း ကျင်းပမယ်လို့သိရပါ့မယ်။
သီဆိုပျော်ရွှင်ကန်တော့မည် ပေါ့ဗျာ။ ဒီလိုဖြစ်မြောက်အောင် အွန်လိုင်းက နေ သတင်းရရှိကြတဲ့ ကျောင်းသား/ ကျောင်းသူဟောင်းများ
လည်း အချင်းချင်း ဖော်ဝပ်မေးဖြင့်လည်းကောင်း ၊၀က်ဆိုက် ကိုပြောခြင်းဖြင့် လည်းကောင်းကူညီပေးကြပါ။ လုပ်ငန်းခွင်အသီးသီးမှာ
ရောက်ရှိနေကြတဲ့ ကျောင်းသား/ကျောင်းသူဟောင်းများ ရဲ့ တွေ့ ဆုံပွဲ ဆိုရင်လဲမမှားပါဘူး။
ကျောင်းသား ကျောင်းသူဟောင်းများမှ စင်တင် တေးဂီတဖြင့် ဖျော်ဖြေပါမည်။
သီဆို ဖျော်ဖြေလိုသူများ
ဦးသန့်စင်ဝင်း၊ သရ၀ဏ် ပညာရေးလမ်းညွှန်၊ ဗိုလ်ချုပ်လမ်း၊မြို့မဈေး အနီး
ဖုန်း- 073-21165
****************************************
ဝင်ရောက်ကြည့်ရှုနိုင်သော ဆိုက်များ
****************************************
http://www.rezarmyo.co.cc/
http://kalaycommunity.ning.com/
http://www.kalaytownship.co.cc/
http://myittarthant.blogspot.com/
http://kalaykokyaw.blogspot.com
အချိန်နဲ့ တစ်ပြေးညီ ဆရာကန်တော့ ပွဲ သတင်းများ ကို တင်ပေးသွားပါ့မယ်။ ။ဆရာကန်တော့ပွဲ ပြီး ရင်လဲ အဆိုပါဆိုက်များမှ အမှတ်တယ ဓါတ်ပုံများနှင့် ဝေေ၀ဆာဆာ တင်ပေးသွားပါ့မယ်။ အဝေးရောက်မြန်မာ များ သာဓုခေါ်နိုင်အောင်ပေါ့ဗျ။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment