Friday, December 18, 2009

သတင်း ပုံစံ နဲ့ ဟာသလေး တစ်ခု..........

မြစ်သာလွင်ပြင်က ဟာသလေး တစ်ခု တွေ့ ထားပါတယ်။
အဲဒီဟာသလေး က www.kalaytownship.co.cc မှာ တင်ထားတဲ့ သတင်းပုံစံ ဟာသလေးတစ်ခုပါ။ ကိုမြစ်သာတို့ ကကြိုက်လို့ ကူးယူတင်လိုက်တာပါ။
ဘယ်လိုပတ်သက်မှုရှိတယ်မရှိတယ် ဆိုတာကတော့ ကလေးမြို့ ရဲ့ စာပေအသိုင်းအ၀ိုင်းနဲ့ နီးစပ်တဲ့ သူ တွေ တော်တော်များများ သိကြပါတယ်ဗျာ။ ဒီလို ပေါ်ပင်နဲ့ လိုက်စားတတ်တဲ့ စာပေ ၀ါသနာရှင်များကို ပျက်ရယ်ပြု ခြင်းတစ်ရပ်လို့ မြစ်သာလွင်ပြင်က ထင်မြင်မိပါ ကြောင်း ...........

ကလေးမြို့ပေါ်ရှိ စာအုပ် အငှားဆိုင်များတွင် ယခု ရက်ပိုင်းအတွင်း အငှားရ အကောင်းဆုံး စာအုပ်များမှာ စာရေးဆရာ မောင်ဝဏ္ဏ နှင့် ကံထွန်းသစ် တို့၏ စာအုပ်များ ဖြစ်ကြောင်း သိရှိရပါသည်။ ယင်းစာအုပ်ကို ငှားရမ်းသူတို့မှာ ကလေးမြို့ရှိ စာပေ၀ါသနာရှင်များ၊ စာရေးဆရာမျာ၊ ဂျာနယ်လစ်များ ဖြစ်ပါသည်။ စာပေအဖွဲ့နှင့် နီးစပ်သူ တစ်ဦးမှ ယခု ရက်ပိုင်း အတွင်း ``အကြိုက်ဆုံး စာရေးဆရာမှာ ဆရာ မောင်ဝဏ္ဏ ဟု´´ စာပေ အဖွဲ့ မှ ပြောနေကြောင်း သိခဲ့ပါသည်။ စိတ်သည် အချိန်နှင့် အမျှ ပြောင်းလည်းနေသောကြောင့် အကြိုက် သည်လည်း အပြောင်းအလဲ ရှိနိုင်ပါသည်။
ဘာပဲပြောပြော ကြိုက်သည်လည်းရှိ မကြိုက်သည်လည်း ရှိတဲ့ မြစ်သာလွင်ပြင် ကသတင်းများကို ဂရုတစိုက်ဖတ်ကြတဲ့ မြစ်သာလွင်ပြင်ပရိတ်သတ်အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment