Monday, June 29, 2009
ကလေးမြို့မှာမိုးတွေရွာ
ကလေးမြို့မှာ ဇွန်လနောက်ဆုံးအပတ်က မိုးတွေရွာနေတယ်လို့သိရပါတယ်။ မိုးရွာတယ်ဆိုပေမယ့် နေထွက်လာရင် အပူရှိန်ကတော့ မကျသေးဘူးလို့သိရပါတယ်။ ကလေးမြို့မှာ ဖြစ်ပွားတဲ့ သွေးလွန်တုပ်ကွေးကတော့ အရှိန်မသေသေးဘူးလို့သိရပါတယ်။ ဖြစ်ပွာမှု့ ကတော့ များဆဲပဲ လို့ ဒေသခံတွေဆိုကြပါတယ်။ကလေးမြို့က ဒေသခံတွေဟာ ငှက်ဖျားရောဂါလဲဖြစ်ပွားမှု့များတယ်လို့သိရပါတယ်။
Saturday, June 27, 2009
မြန်မာ-အိန္ဒိယနယ်စပ်ကုန်သွယ်ရေးသတင်းများ
နယ်စပ်ကုန်သွယ်မှုသတင်း
ကိုတာစနစ်နဲ့ တမူးနယ်စပ်ရဲ့ လယ်ယာထွက်ကုန်အခြေအနေ။
မြန်မာ-အိန္ဒိယနယ်စပ်မှတစ်ဆင့် ၂၀၀၈ ခုနှစ် ဒီဇင်ဘာလလယ်မှ စတင်ပြီး လယ်ယာထွက်ကုန်အချို့ ကို ကိုတာစနစ်နဲ့ တင်ပို့ခွင့်ပြုထားပါတယ်။၂၀၀၉ ခုနှစ် ဇန်န၀ါရီလတွင် ကြက်သွန်ဖြူ၊ကြက်သွန်နီ၊ ချင်း၊ ပဲ (ပဲယင်း)၊ ကုလားပဲ၊ ငရုတ်သီးခြောက် တင်ပို့နိုင်မှုများမှာ တန်ချိန် ၁၅၁ ဒဿမ ၉၆ တန်၊ တန်ဖိုးအားဖြင့် ကျပ်သန်းပေါင်း ၆၅ ဒဿမ ၀၂၀ ခန့် တင်ပို့နိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။)
နယ်စပ်ကုန်သွယ်မှုသတင်း (15 - 05 - 09)
တမူးနယ်စပ်မှ အိန္ဒိယသို့ ကွမ်းသီးတင်ပို့မှု သိသိသာသာမြင့်တက်။
မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးနယ်စပ်ကုန်သွယ်ရေးစခန်းမှ ဧပြီလမှာ တစ်ဘက်နိုင်ငံသို့ ကွမ်းသီးတန်ချိန် ၃၅၀ ကျော် တင်ပို့နိုင်ခဲ့ပါတယ်။မနှစ်က ကွမ်းသီးတင်ပို့နိုင်မှုမှာ တန်ချိန် ၂၀၀ ကျော်သာ ရှိတဲ့အတွက် ယမန်နှစ်တစ်နှစ်လုံးတင်ပို့နိုင်မှုထက် ယခုနှစ်ဧပြီလ ၁ လတည်း တင်ပို့မှုက တန်ချိန် ၁၅၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ တယ်လို့ တမူး နယ်စပ်ကုန်သွယ်ရေးစခန်းမှ သတင်းရရှိပါတယ်။
တမူးနယ်စပ်ကုန်သွယ်ရေးစခန်းရဲ့ ဧပြီလကုန်သွယ်မှုပမာဏဟာ ယမန်နှစ်ကာလတူထက် ကျပ်သိန်း ၄၀၀ ကျော်၊အနီးစပ်ဆုံးကာလဖြစ်တဲ့ ၂၀၀၉ ခုနှစ် မတ်လထက် ကျပ်သိန်း ၁၅၀၀ ကျော်ပိုမိုဆောင်ရွက်နိုင်ခဲ့ ကြောင်းလဲ သိရပါတယ်။
တမူးနယ်စပ်စခန်းမှ ဧပြီလအတွင်းတစ်ဘက်နိုင်ငံသို့ ကွမ်းသီး၊ ချင်းပဲ၊ ကုလားပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ငရုတ်သီးခြောက်နှင့် နမ့်ဖာလုံကုန်စုံများတင်ပို့နိုင်ခဲ့ပြီး သွင်းကုန်ပိုင်းတွင် ဇီယာ၊ ပလပ်စတစ်အကြည်ပြား၊ ဆိုဒီယမ်ကလိုရိုဒ်၊ ချည်ဆိုးဆေးတို့ တင်သွင်းခဲ့တယ်လို့ နယ်စပ်ကုန်သည်တစ်ဦးကပြောပြပါတယ်။
Trade News
နယ်စပ်ကုန်သွယ်မှုသတင်း (28 - 05 - 09)
အိန္ဒိယကို နယ်စပ်ဖြတ်ကျော်သွားတဲ့ မြန်မာ့ရေထွက်ကုန်။
မြန်မာ-အိန္ဒိယနယ်စပ်တစ်ခုဖြစ်တဲ့ တမူးနယ်စပ်ကုန်သွယ်ရေးမှ ယခင်ဧပြီလ လယ်ပိုင်းမှစပြီး ရေထွက်ကုန် ပစ္စည်းများဖြစ်တဲ့ ငါးမြစ်ချင်းနဲ့ ငါးလေးခြောက်များအား တင်ပို့ လျက်ရှိပါတယ်။မေလ ပထမပတ်နဲ့ ဒုတိယပတ် အတွင်းမှာ ရေထွက်ကုန်များတင်ပို့မှုမရှိခဲ့ပေမယ့် မေလတတိယပတ်မှာတော့ ငါးမြစ်ချင်း ၁ တန်ကျော်၊ ကျပ်သန်းပေါင်း ၁ သန်းကျော်နဲ့ ငါးလေးခြောက် ၃ တန်ကျော်၊ ကျပ်သန်းပေါင်း ၃ သန်းခန့် တင်ပို့နိုင်ခဲ့ပါတယ်။ ရေထွက်ကုန်များနဲ့အတူ လယ်ယာထွက်ကုန်ဂျင်းခြောက် ၁၅ တန်၊ ကျပ်သန်း ပေါင်း ၉ သန်းကျော်နဲ့ သစ်တောထွက်ကုန်ဖြစ်တဲ့ ကွမ်းသီး ၆၄ တန်၊ ကျပ်သန်းပေါင်း ၅၇ သန်းကျော်ကို တင်ပို့ခဲ့တယ်လို့ တမူးနယ်စပ် ကုန်သွယ်ရေးမှ သတင်းရရှိပါတယ်။

ဝက်တုပ်ကွေးတဲံ့ဗျို့ မြစ်သာလွင်ပြင်မှပရိတ်သတ်များသတိထားကြပါ
Swine Flu H1N1 ၀က်တုပ်ကွေးဖြစ်ပွားသူ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တွေ့ရှိရ
Swine Flu H1N1 ၀က်တုပ်ကွေးဖြစ်ပွားသူ မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် တွေ့ရှိရကြောင်းနိုင်ငံပိုင်အသံလွှင့်ဌာန ရဲ့ ကြေညာချက်အရသိရှိရပါတယ်။
စင်ကာပူနိုင်ငံမှပြန်လာသော အသက် (၁၃) နှစ်အရွယ် ကျောင်းသူလေးတဦးတွင် ၀က်တုပ်ကွေး လက္ခဏာ တွေ့ရှိ၍ ဆေးရုံသို့ (၂၆=၆=၀၉)သောကြာနေ့က ပို့ဆောင်ခဲ့ရာက H1N1 ဟု သိရှိရခြင်း ဖြစ်သည်ဟု မြန်မာ့အသံက ကြေညာသွားခြင်း ဖြစ်ပါတယ်။
မြန်မာရုပ်မြင်သံကြားက ကြေညာသွားခြင်းမှာ - မြန်မာနိုင်ငံရဲ့ ပထမဆုံး swine flu ၀က်တုပ်ကွေးလူနာအား ရန်ကုန်ဆေးရုံကြီး အထူးအဆောင်မှာ ကုသနေကြောင်း သတင်းကြေငြာသွားပါတယ်။ ထိုဖြစ်ပွားသူရဲ့ မိသားစုနှင့် ထိုသူနှင့် ထိတွေ့ ခဲ့သော သူငယ်ချင်းများအားလည်း အနီးကပ်ကြည့်ရှူနေပြီး သူမစီးနှင်းလိုက်ပါလာသော လေယာဉ်ပျံမှ ခရီးသည် (၉ဝ) ကျော်နှင့် ရန်ကုန်လေယာဉ်ကွင်းမှ ဝန်ထမ်းများကိုလည်း ရောဂါပိုး ရှိမရှိ စစ်ဆေးနေကြောင်း ပြောကြားသွားပါတယ် ။။။။။။။။။။။။။။။
ကမ္ဘာ့နိုင်ငံများသို့  ပြန့် နှံ့ နိုင်တဲ့ စိုးရိမ်ဖွယ် ၀က်တုပ်ကွေးရောဂါ (Swine Flu) အကြောင်း သိရှိစေရန် ဖေါ်ပြအပ်ပါတယ်။
Swine Flu ဆိုတာ ဘာလည်း။
Swine Flu ဟာ ၀က်တွေမှာဖြစ်တဲ့ Influenza ဗိုင်းရပ်စ်အမျိုးအစား A H1N1 virus အမျိုးအစားကြောင့်ဖြစ်တဲ့ အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာရောဂါ ဖြစ်ပါတယ်။ လူတွေအနေနဲ့  ၀က်တွေကနေ တိုက်ရိုက်ကူးစက်ဖို့ ခဲယှဉ်းပေမယ့် ဒီရောဂါပိုးရထားတဲ့သူကနေတစ်ဆင့် အခြားသူတစ်ဦးကို ကူးစက်နိုင်ပါတယ်။
Swine Flu ဖြစ်ရင် ဘယ်လို ရောဂါလက္ခဏာတွေ တွေ့ မြင်ရနိုင်ပါသလည်း။
Swine Flu ဖြစ်တဲ့သူမှာ အပူချိန်အဖျားတက်ခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်း၊ ခန္ဒာကိုယ်ကိုက်ခဲခြင်း၊ ခေါင်းကိုက်ခြင်း၊ ချမ်းတုန်ခြင်း၊ မောပန်းခြင်းတို့  ဖြစ်လေ့ရှိပါတယ်။ အချို့ သောသူတွေမှာ ၀မ်းလျှောခြင်း၊ အန်ခြင်းတို့ လည်း ဖြစ်တတ်ပါတယ်။ စိုးရိမ်ဖို့ အနေနဲ့ ကတော့ အဆုတ်ရောင်ခြင်းနဲ့  အသက်ရှူလမ်းကြောင်းပိတ်ဆို့ ပြီး အသက်ဆုံးရှုံးနိုင်ပါတယ်။
Swine Flu ဟာ ကူးစက်ရောဂါ ဖြစ်ပါသလား။
Swine Flu ဟာ လူတစ်ဦးကနေတစ်ဦးထံ ကူးစက်နိုင်ပါတယ်။ အထူးသဖြင့် ချောင်းဆိုးခြင်းနှင့် နှာချေခြင်းမှ ကူးစက်နိုင်ပါတယ်။ ထို့ အပြင် Swine Flu ရောဂါရရှိထားသူ၏ မျက်စိ၊ ပါးစပ်၊ နှာခေါင်းနဲ့  တံထွေးများမှာ Swine Flu ဗိုင်းရပ်စ်ပိုး တွယ်ကပ်နေနိုင်တာကြောင့် အဆိုပါနေရာများကို ထိတွေ့ မိပါကလည်း ကူးစက်နိုင်ပါတယ်။
Swine Flu ကို ဘယ်လိုကာကွယ်တားဆီးမလည်း။
ကာကွယ်တားဆီရန် ကြိုတင်ပြုလုပ်ထားသင့်သည်များမှာ အသက်ရှူလမ်းကြောင်းမှ မ၀င်ရောက်စေရန် နှာခေါင်းနဲ့  ပါးစပ်အား ကာကွယ်ထားပေးသော ပါးစပ်ဖုံး နှာခေါင်းအုပ်များအား ၀တ်ဆင်ထားသင့်ပါတယ်။ လက်အား တစ်ခုခုကိုင်တွယ်ပြီးပါက မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် ရှင်းရပါမယ်။ ကိုယ်ခန္ဓာကျန်းမာရေး အားကောင်းပြည့်စုံနေစေရန် ဂရုစိုက်ဖို့ လိုပါတယ်။ အိပ်စက်အနားယူချိန် ပြည့်ပြည့်၀၀ရရန် လိုပါတယ်။ စိတ်ဓါတ်ကျဆင်းမှုနဲ့  အားနည်းစေမှုများကို ရှောင်ရှားရန် လိုပါတယ်။ ရေ ၀၀လင်လင် သောက်သုံးရန် လိုပါတယ်။ အာဟာရပြည့်စုံသော အစားအသောက်များ စားသုံးရန် လိုအပ်ပါတယ်။
Swine Flu ရရှိထားသူ နေမကောင်းသူများအနေနဲ့  လိုက်နာသင့်တာတွေက ဘာပါလည်း။
မိမိထံမှ Swine Flu ဗိုင်းရပ်စ်ပိုး အခြားသူထံ မကူးစက်စေရန် ကာကွယ်မှု ပြုလုပ်ပေးသင့်ပါတယ်။ မိမိချောင်းဆိုး နှာချေတဲ့အခါမှာ လက်ကိုင်ပုဝါသန့် သန့်  (သို့ ) စက္ကူတစ်ရှူးများနဲ့  ကာကွယ်ပြီးမှ ချောင်းဆိုးသင့် နှာချေသင့်ပါတယ်။ မိမိရဲ့  မျက်စိ နှာခေါင်း ပါးစပ်တို့ ကို ရောဂါပိုး ကပ်တွယ်နေနိုင်သော လက်ဖြင့် ကိုင်တွယ်ခြင်း မပြုလုပ်သင့်ပါဖူး။ မိမိရဲ့  လက်ကို မကြာခဏ ဆပ်ပြာဖြင့် ဆေးကြောသန့် စင်ရပါမယ်။ မိမိ ချောင်းဆိုး နှာခြေရာတွင် သုံးသော စွန့် ပစ်ပစ္စည်းများကို စနစ်တကျ သိမ်းဆည်းသင့်ပါတယ်။ မိမိ နေထိုင်မကောင်းပါက လူအများရှိသော နေရာများ ဖြစ်တဲ့ ဈေး၊ ကျောင်း အလုပ်တို့ ကို သွားရောက်ခြင်းမှ ရှောင်သင့်ပါတယ်။
ဒီ Swine Flu ဖြစ်သူများအနေနဲ့  ဘယ်လို အခြေအနေမျိုးမှာ ဆရာဝန်နှင့် အမြန်တွေ့ သင့်ပါသလည်း။
Swine Flu ကြောင့် နေမကောင်းဖြစ်ပြီဆိုကတည်းက ဆရာဝန်များ၏ ကုသမှုကို ခံယူသင့်ပါတယ်။ အရေးပေါ်အနေနဲ့  အောက်ဖေါ်ပြပါ လက္ခဏာများကို တွေ့ ရှိရပါက လျင်မြန်စွာ ဆေးရုံဆေးခန်းများသို့  သွားသင့်ပါတယ်။
- အထူးသဖြင့် Swine flu ဖြစ်နေသူ ကလေးများအနေနဲ့  အသက်ရှူနှုန်း အလွန်ပြင်းထန်လာခြင်း၊ အသက်ရှူခက်ခဲခြင်း၊ အသားအရေ ပြာယောင်သမ်းလာခြင်း၊ ရေလုံးဝ မသောက်ခြင်း၊ အိပ်မောကျနေကာ နိုး၍လှုပ်၍ မရခြင်း၊ ချောင်းတအားဆိုးခြင်းနှင့် ကိုယ်ပူချိန်အဖျားကြီးခြင်း။
- Swine flu ဖြစ်နေသူ လူကြီးများအနေဖြင့် အသက်ရှူခက်ခဲခြင်း၊ အသက်ရှူရာတွင် နာကျင်ခြင်း၊ ရင်ဘတ်နှင့် ၀မ်းဗိုက်တွင် နာကျင်ခြင်း၊ ရုတ်တရက် မူးဝေခြင်း၊ အမြင်ေ၀၀ါးခြင်း၊ အဆက်မပြတ်အန်ခြင်းတို့  ဖြစ်ပါက ဆေးရုံဆေးခန်းသို့  အမြန်သွားရောက် ပြသသင့်ပါတယ်။
Swine Flu ကို ၀က်သားစားခြင်းနှင့် ၀က်မှ ထုတ်လုပ်သော အစားအသောက်များကြောင့် ကူးစက်နိုင်ပါသလား။
ဝက်သားအပါအ၀င် မည်သည့်အစားအသောက်ကမှ Swine flu မကူးစက်နိုင်ပါ။ သို့ သော် Swine flu ဖြစ်နေသော ၀က်များအား ထိတွေ့ ကိုင်တွယ်ခြင်းကိုမူ ရှောင်ရှားရပါမည်။
Swine Flu ဖြစ်ရင် မည်သည့်ဆေးဝါးသုံးစွဲသင့်ပါသလည်း။
အမေရိကန်ပြည်ထောင်စု ကူးစက်ရောဂါပြန့် ပွားမှုထိန်းချူပ်ရေးဌာနမှ ကျွမ်းကျင်သူဆရာဝန်များကပြောတာကတော့ Tamiflu နဲ့  Relenza ဆေးများဟာ Swine Flu ကာကွယ်ကုသဖို့ အတွက် အသုံးပြုနိုင်တယ်လို့  မှတ်ချက်ပေးပါတယ်။

Monday, June 22, 2009
မြဆင့်ချယ် တစ်နှစ်ပြည့်သစ်ပင်စိုက်ကြတယ်တဲ့
စာရေးဆရာ သတင်းထောက် စာမှန်သမျှ အကုန်ရေးတဲ့ စာရေးဆရာမြဆင့်ချယ် ပျံလွန်တော်မူတာ ၂၀၀၉ ခုနှစ် ဇွန်လ (၁၇) ရက်နေ့က တစ်နှစ်ပြည့်ခဲ့ပါတယ်။ သေသောသူကြာရင်မေ့ဆို တဲ့အတိုင်း မြန်မာနိုင်ငံအတွင်းက သူ့ ပရိတ်သတ်တွေမသိပေမယ့် ကလေးမြို့ ကသူ့ ရဲ့ ရေးဖော်ရေးဖက်တွေ ကတော့ မေ့တဲံ့သူကမေ့ကြပါပြီ။ ဂျာနယ်ကြီးတစ်စောင်မှာလုပ်နေတဲံ့ သတင်ထောက်ဆိုရင် သူရှိတုန်းက သူနဲံ့ အတူတစ်တွဲတွဲနေပေမယ် ဒီလိုတစ်နှစ်ပြည့်တဲ့အချိန်မှာ ကလေးမြို့မှာမတွေ့ရပါဘူး။ ခရီးထွက်သွာသလိုလို သှူု့ အပေါ်င်းအသင်းတွေကတော့ ပြောကြပါတယ်။ ကလေးမြို့က သူ့အသိုင်းအ၀ိုင်းကတော့ ကလေးမြို့နဲ့ ၅ မိုင်လောက်ကွာဝေးတဲံ့ ကျီကုန်းရွာအနီးမှာ ရှိတဲ့ရေဆန်ကျွန်ဘုရာဝင်းအတွင်းမှာ ဆရာမြဆင့်ချယ်အတွက် အထိမ်းအမှတ်သစ်ပင် စိုက်တယ်လို့သိရပါတယ်။ ဘာပဲပြောပြော သူ့လိုစာရေးဆရာအတွက်တော့ အဲဒီလို အထိမ်းအမှတ် တစ်ခုတော့ရှိသင့်တာအမှန်ပါ။ ဘယ်လိုသစ်ပင်၊ဘယ်သူတွေစိုက်ကြတာဆိုတာ၊ဘယ်နေ့ကစိုက်လိုက်တာဆိုတာ၊ကိုနောက်ထပ် ဆက်လက်ဖော်ပြပေးပါ့မယ်။။။။။။။။။။။။။။။။။။။
ကလေးမြို့တွင်သွေးလွန်တုပ်ကွေးများပိုပြီးဂရုစိုက်ကြပါ
ကလေးမြို့တွင်သွေးလွန်တုပ်ကွေးရောဂါ အတွက်ပိုမိုဂရုစိုက်ကြရန် လူတိုင်းလူတိုင်အသိရှိရန် လှုံ ဆော်လိုက်ရပါတယ်။ အဆိုပါရောဂါသည် လူကြီးလူငယ်မရွေးအဖြစ်များပြီး သေဆုံးမှု့ လွယ်ကူသောရောဂါ ဖြစ်သည်ဟုသိရပါတယ်။ ဒီရောဂါဟာ အခုတလော နိုင်ငံတကာမှာ အဖြစ်များတဲ့ လူတုပ်ကွေး အင်ဖလူဇာ H1N1 နဲ့ အမြင်မှားမှာစိုးရပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာတော့
ကမ္ဘာ့ လူတုပ်ကွေးရောဂါတွေအဖြစ်များနေပါတယ်။ မြန်မာနိုင်ငံ မှာ လုံးဝ(လုံးဝ) မဖြစ်သေးဘူးလို့လဲသိရပါတယ်။ နယ်စပ်နဲ့နီးတဲ့ကလေးမြို့မှာ အဲဒီလိုရောဂါတွေ ၀င်မလာအောင်သက်ဆိုင်ရာ အာဏာပိုင်တွေက ကြိုတင် ကာကွယ်ရေးတွေလုပ်ထားပါတယ်။ ဒါပေမယ့် သတိဆိုတာပိုတယ်လို့မရှိဘူးလို့ဆိုရမှာပါ။ ကလေးမြို့မှာ တုပ်ကွေးရောဂါဟာကလေးတွေကို အဖြစ်များနေပြီး လူနာတွေ ကို ပြည်သူ့ဆေးရုံက ကြပ်မပ်ကုသပေးနေပါတယ်။ ဒါပေမယ်လူထုရဲ့အသိက ကျယ်ကျယ်ပြန့်ပြန့်သိဖို့လိုအပ်တယ်လို့ သိရပါတယ်။။။။။။။

Monday, June 8, 2009
နေသာပညာဒါနကျောင်း ဇွန်လ (၁၄)ရက်နေ့တွင်အောင်ပွဲခံမည်
နေသာပညာဒါန ကျောင်းဆိုတာ ယခင်ကာလများက ဆယ်တန်းတွေကိုအခမဲ့ကျူရှင်ပေးခဲ့ ပြီး အခုတော့ ရှစ်တန်း၊ကိုးတန်း တွေပါ အခမဲ့ သင်ကြားပေးနေပြီး ဆယ်တန်းအောင်ချက်ကို ရာခိုင်နှုန်းကောင်းကောင်းနဲ့ အောင်မြင်းနေတဲ့ ပညာဒါနကျောင်တစ်ကျောင်းပါ။ ဒီနှစ်မှာတော့ ဆယ်တန်းဖြေဆိုသူ ၁၄၂ ယောက်ရှိခဲ့ပြီး၊ အောင်မြင်သူပေါင်း ၁၂၆ ဦး ရှိခဲ့ပါတယ်။ ဂုဏ်ထူးရှင်ပေါင်း ၄၀ ကိုမွေးထုပ် ပေးခဲံ့တဲ့ကျောင်းပါတဲ့။ အောင်ချက်အနေနဲ့ ၈၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့လဲ ပညာဒါနကျောင်းက ဆရာကျော်ကျော်က ပြောပါတယ်။ (သူလဲမနေ့ က မိုးရွာထဲ အောင်ပွဲခံ တဲ့အနေနဲ့ ဘောလုံးသွားကန်တာ ချော်လဲလို့ ပေါင်က ကြွက်သားပြတ်သွားတယ်လို့ ပြောလိုက်သေးတယ်ခင်ဗျ၊။။။ စကားချပ်)
အဲဒီလိုအောင်မြင်နေတဲ့ ပညာဒါနကျောင်းဟာ ဆယ်တန်းအောင်တဲ့သူတွေ ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၀၉-ခုနှစ်ဇွန်လ(၁၄)ရက်နေ့ မှာ အောင်ပွဲပြုလုပ်မယ်လို့သိရပါတယ်။အောင်မြင်တဲ့ကျောင်းသားတွေဟာ တစ်ဦးကို (၄၀၀၀) ကျပ်စီထည့်သွင်ဖို့လဲ ကြေညာထားပါတယ်။ နေသာပညာဒါနကျောင်းဟာ အခုဆိုရေသန့်စက်လဲတပ်ဆင်ထားပြီး ကျောင်းသားတွေ ရေသန့်သန့် လေးသောက်နေရပါပြီ။ အဆိုပါရေသန့်စက်ဟာ စုစု ပေါင်းကုန်ကျစရိတ် သိန်(၂၀) ကျပ်ရှိတယ်လို့ပညာဒါနဆရာတော်ဦးဓမ္မိက ကမိန့်ကြားခဲ့ပါတယ်။
နေသာကျောင်းရဲ့ အောင်မြင်မှု့ တွေနဲ့ လှုပ်ရှားမှု့တွေကို အောက်ပါ ၀က်ဆိုက်မှာကြည့်ရှု့နိုင်ပါတယ်း။။။။။။။
http://naythar.wordpress.com/
အဆိုပါဆိုက်ဟာနေသာပညာဒါနကျောင်းရဲ့ ဆိုက်ပါခင်ဗျား။။။။။။။။။

တုပ်ကွေးရာသီမှာ လူကြီး၊ လူငယ်၊ ဆင်းရဲ၊ ချမ်းသာ၊ မရွေးသတိထားကြပါ
တုပ်ကွေးရာသီရောက်လာပြီမို့ ကလေးမြို့ မှာလဲ တုပ်ကွေးသတင်းတွေပြန့်နေပါတယ်။ တုပ်ကွေးရောဂါဟာ အခုဆိုကလေးမြို့ထဲ မှာတုပ်ကွေးရောဂါနဲ့ သေတဲ့သူတွေရှိလာပါပြီ။ ကလေးမြို့ နတ်ချောင်းလမ်း က မြို့မျက်နှာဖုံး မြို့ခံကြီးတစ်ဦးရဲ့ မြေးလေးဟာ ဒီကနေ့ (ဇွန်လ-၈-ရက်၂၀၀၉) နေ့ ညနေပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ စိတ်မကောင်းစွာသိလိုက်ရပါတယ်။ တုပ်ကွေးရောဂါဟာ ကလေးနယ်မှာ (၄)နှစ်တစ်ကြိမယ်ဖြစ်တတ်တယ်လို့ ဒေသခံ ဂျီပီ ဆရာဝန်တစ်ဦးကပြောကြားခဲ့ပါတယ်။ ၂၀၀၅-ခုနှစ်မှာ တုပ်ကွေးရောဂါ ဖြစ်ခဲ့တဲံ့ကလေးနယ်မှာ ဒီနှစ်(၂၀၀၉)ဟာတုပ်ကွေးရောဂါ စိုးရိမ်ရတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ အဆိုပါဆရာဝန်ပြောကြားချက်အ၇သိ ရှိရပါတယ်။ အခုအချိန်မှာကမ္ဘာ့နိုင်ငံအသီးသီးမှာ လူတုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်မို့ တုပ်ကွေးဆိုဘယ်လို တုပ်ကွေးဖြစ်ဖြစ် သတိထားပါလို့ BI WEEKLY ELEVEN JOURNAL NO-11 VOL-2 မှာဖေါ်ပြထားခဲံ့ပါတယ်။ တုပ်ကွေးရောဂါအတွက် ကြိုတင်ကာကွယ် မှု့တွေ ပြုလုပ်ရင်ပိုကောင်းတယ်လို့သိရပါတယ်။ ကလေးမြို့ မြို့မ ဈေးအတွင်းမှာ အခုဆို ဆေးစိမ် ခြင်ထောင် တွေရောင်းချနေပြီး မိသာစု အိပ် တစ်လုံးကို (၃၅၀၀)ကျပ်နဲ့ဝယ်လို့ရတယ်လို့သိရပါတယ်။ တုပ်ကွေးနဲ့ပါတ်သက်တာကိုအွန်လိုင်းမှာ ကြည့်ချင်တယ်ဆိုရင်---------
http://www.first-11.com/bdet.php?id=1
http://www.first-11.com/bdet.php?id=2
အဆိုပါလိပ်စာတွေမှာရိုက်ထဲံ့ပြီးရှာဖွေကြည်ရှု့နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးမို့ သင်တို့မိသားစုကြိုတင်ကာကွယ်ကြရန် တိုက်တွန်းရပါကြောင်း။
မိသားစုအားလုံး တုပ်ကွေးရောဂါမှကင်ဝေးပါစေလို့ မြစ်သာလွင်ပြင် မှ ဆုတောင်မေတ္တာပို့သ အပ်ပါတယ်၊။။။။။။

တမူးမြို့မှာ မီးလောင်သတဲ့
မြန်မာ-အိန္ဒိယနယ်စပ်က တမူးမြို့ လေးမှာ ၂၀၀၉ ဇွန်လ(၇)ရက် မနက်ပိုင်းက မီးလောင်မှု့ ဖြစ်ပွားခဲ့ပါတယ်။ မီးလောင်တဲ့ နေရာဟာဈေးတန်းရပ်ကွက် မှာဖြစ်ပြီး အိမ်ခြေ ၅ အိမ် လောက်မီးထဲပါသွားတယ်လို့ သိရပါတယ်။ မီးလောင်နေစဉ် မှာ ပေါက်ကွဲမှု့ တစ်ခုဖြစ်လို့် လူနှစ်ဦး၊ သုံး ဦးလောက် ဒဏ်ရာ ရ ခဲ့တယ်လို့် သိရပါတယ်။မီးလောင်ရာနေရာသို့ အာဏာပိုင်အဖွဲ အစည်းများနဲ့ မီးသတ် တပ်ဖွဲ့ တွေ အချိန်မှီ လာရောက် ငြိမ်းသတ်နိုင်တယ်လို့ သိရပါတယ်။
Sunday, June 7, 2009
ကျောင်းသားမိဘတွေမျှော်နေတဲ့ ဆယ်တန်းအောင်စာရင်းထွက်ပါ ပြီ
ကျောင်းသားကျောင်းသူ တွေနဲ့ သူတို့ရဲ့ မိဘတွေမျှော်နေတဲ့ ဆယ်တန်းအောင်စာရင်း ကိုဒီကနေ့ (၂၀၀၉ခုနှစ်ဇွန်လ (၇) ရက်) မှာထွက်သွားပါပြီ။ကလေးမြို့မှာတော့ အောင်ချက် အနေနဲ့ အထက(၁)ဟာ ( ၄၂.၄၁ )ရာခိုင်နှုန်းရှိတယ်လို့သိရပြီး ဂုဏ်ထူးထွက်တဲ့ဦးရေ (၇၂)ဦး ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ (၄)ဘာသာ ဂုဏ်ထူးရှင် (၂) ဦးပါဝင်တယ်လို့သိရ ပါတယ်။ဒီနှစ်မှာအောင်မြင်သူဦရေ အရင်နှစ်ကထက်လျော့နည်းခဲ့တယ်လို့ အရပ်သတင်းအရသိရှိရပါတယ်။
ကလေးမြို့ ရဲ့ ပညာဒါနကျောင်းလို့နာမည်ရနေတဲ့ နေသာပညာဒါနကျောင်းကတော့ အောင်ချက်ရာနှုန်း(၈၉)ရှိခဲ့တယ်လို့သိရပါတယ်။ အရင်နှစ်ကထက် (၇)ရာနှုန်းလျော့နည်းခဲ့ တယ်လို့ဆိုပါတယ်။ ယခင်နှစ်က (၆)ဘာသာဂုဏ်ထူးရှင် တွေပါတဲ့ နေသာပညာဒါန ဟာ ဒီနှစ်မှာ (၄)ဘာသာဂုဏ်ထူးရှင်လောက်နဲ့သာ ကျေနပ်ခဲံ့ရပါတယ်။
ဒီနှစ်အောင်စာရင်းထွက်ချိန်မနက်ပိုင်းမှာ မိုးရွာနေတာကြောင့် ကျောင်းသား၊ကျောင်းသူ၊ တွေနဲ့ မိဘတွေဟာ မိုးရေထဲမှာ ထီးကိုယ်စီနဲ့ အောင်စာရင်းလာကြည့်တဲ့ မြင်ကွင်းကို တွေ့ ခဲ့ ကြရပါတယ်။ တချို့ကျူရှင်တွေဟာ မနက်မိုးလင်းရင်လင်းချင်း မိမိတို့ အောင်စာရင်း ကိုတွေကို ဘုတ်တွေနဲ့ ကြေညာတာကိုလဲတွေ့ခဲ့ရပါတယ်။
ကလေးမြို့ ရဲ့ ပညာရေးအားပေးမှု့ဟာ ဆယ်စုနှစ်အတွင်းမှာ တော်တော်လေးကြီးထွားလာပါတယ် ။ ဒါဟာလဲမြို့ ရဲ့ တိုးတက်မှု့ ပြယုဂ် တစ်ခုလို့ မြင်ကြပါတယ်။ အနီးအနားမြို့တွေကတောင် ကလေးမြို့မှာ ပညာသင်ဖို့ အားထုပ်လာကြ တယ်လို့ သိရပါကြောင်း။။။။။
မှတ်ချက်။။ ။။ သတင်းဓါတ်ပုံကို အကြောင်းအမျိုးမျိုးကြောင့် တင်မပေးနိုင်တာ နားလည်ခွင့်လွှတ်စေချင်ပါတယ်။။

Saturday, June 6, 2009
ညမှောင်မှောင် ကြယ်ရောင်ရယ်မလင်းပေမယ့်
ကလေးမြို့ရဲ့ မြို့ အ၀င်လမ်းဟာ ကလေးမြို့သူ ကလေးမြို့ သားတွေအတွက် အလွန်သာယာတဲ့လမ်းမကြီးပါ။ အဝေးရောက်ကလေးသား၊ ကလေးသူတွေ တသသ နဲ့ လွမ်းရတဲ့နေရာလေးပါ။အဲဒီလမ်းမ ကြီးပေါ်မှာ ညနေတိုင်ဆို ကျမ္မာရေးအတွက်လမ်းလျောက်တဲ့သူတွေ အပမ်းဖြေတဲ့မြို့ သူမြို့သားတွေဟာ ရာသီဥတုကြည်လင်တယ်ဆိုရင် များမှများ။ဒီလိုပါပဲ သမီးရည်းစားတွေဟာလည်းဒီနေရာဟာသူတို့ ရဲ့ အာဒမ်ဥယျဉ်လေးတစ်ခုလိုပါပဲ။ကြည်နူးလှပတဲ့နေရာမှာကြည်နူးတတ်တဲ့သူတွေလာတာဟာမဆန်းပါဘူး။ဒါပေမယ်ညနေမှောင်ရီပျိုးလာပြီဆိုရင် ညအမှောင်နဲ့ အတူ အကုသိုလ်အမှု့တွေဟာပေါ်ပေါက်လာတာပါပဲ။ ညပိုင်းရယ်လို့ရောက်လာပြီဆိုရင်အဲဒီနေရာတွေမှာ ညီတွေ၊ညီမတွေ အတွက် စိုးရိမ်စရာတွေဟာအမြဲရှိနေတတ်ပါတယ်။အသွားအလာမပြတ်ဘူးလို့ပြောကြပေမယ့်၊မိန်မပျိုလေးတွေဟာ ဒီနေရာကိုမလာသင့်တော့ ပါဘူး။ သမီးရည်းစားရယ်လို့ဖြစ်လာရင် နှစ်ကိုယ်ထဲနေထိုင်ချင်ပေမယ်ဒီလိုနေရာဟာမသင့်တော်တဲ့နေ၇ာတွေပါ။ဇွန်လဆန်းရဲ့ မိုးရေစက်တွေနဲ့ အတူသိလိုက်ရတဲံသတင်းဟာစိတ်မချမ်မြေ့စရာပါ။ဒါပေမယ့်ဟိုးလေးတကျော်ကျော်တော့မဖြစ်ခဲ့ပါဘူး။ကလေးမြို့ က ဆေးရုံမှာလူနာစောင့်ကြရင်း ဖူးစာဆုံခဲ့တဲ့ သမီးရည်းစားအတွဲ တစ်တွဲဟာ ပြင်သာရွာဖက်ကလူရှင်းတဲ့နေရာမှာ ညအမှောင်ကို အမှီသဟဲပြုပြီး တူနှစ်ကိုယ်ချစ်ရည်လူးဖို့ ရောက်ရှိခဲ့ကြပါတယ်။ဒါပေမယ့် ရုပ်ရှင်ဇတ်လမ်းဆန်ဆန် လူကြမ်း(၄)ယောက်ရောက်လာပြီး မိန်းမပျိုလေးကို အတင်းအကြမ်း အချစ်တွေကို ၀င်ရောက်သိမ်း ပိုက်လိုက်ကြပါတယ်။ကောင်လေးကိုတော့ချိန်ခြောက်ပြီးပြန်လွတ်လိုက်ပါတယ်။ ကောင်မလေးဟာတောရွာဖက်ကဖြစ်သလိုကောင်လေးဟာလည်းတောရွာတစ်ခုကလို့သိရပါတယ်။ ဥပဒေအရ တိုင်ကြားခြင်းမပြု ခဲ့ပေမယ့် ဒါဟာလူငယ်တွေအတွက်သတိထားစရာဖြစ်လာပါတယ်။ အဲဒီလိုဖြစ်ရပ်တစခုကို၂၀၀၆ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲညမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဥပဒေအရ တိုင်းကြားခဲ့လို့ မြို့ပေါ်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ အချိန်အခါမရွေးဖြစ်လာနိုင်တာမို့ လို့ ကောင်လေးကောင်မလေးတွေသတိထား သင့်ပါတယ်။ဒါကြောင်ညမှောင်မှောင် ကြယ်ရောင်ရယ်မလင်းတဲံ့ညပိုင်းတွေမှာ တွေ့ဆုံမယ်ဆိုရင် လူတွေနဲ့ဝေးဝေးသွားရောက်တွေ့ ဆုံခြင်းမပြုကြဖို့ တိုက်တွန်းလိုက် ရပါကြောင်းဗျား။။။။။။။။
ကလေးမြို့မှာငလျင်လှုပ်သွာတယ်တဲ့ သိကြရဲ့လား
ကလေးမြို့ မှာဇွန်လဆန်းမှာ ငလျင်လှုပ်သွားတယ်လို့သိရပါတယ်။ငလျင်လှုပ်တာဟာလည်း ညပိုင်းမှလှုပ်သွားတာပါ။တိတိကျကျပြောရရင် ဇွန်လ(၄)ရက်နေ့မနက်ပိုင်း မနက်(၂)နာရီဝန်းကျင်လောက်မှာပါ။ငလျင်ဟာကြမ်းတယ်လို့ မဆိုသာပါဘူး။ဘာလို့လဲဆိုတော့ လူတော်တော်များများ မသိလိုက်ကြပါဘူး။ အဲဒီညဦးပိုင်းကအတော်လေးအိုက်စပ်စပ်နေလို့ ဘယ်သူမှညဦးပိုင်းမှာအိပ်မရကြပါဘူး။ ငလျင်လှုပ်တဲ့အချိန်မှာ လူတိုင်းဟာအိပ်လို့ကောင်းတဲ့အချိန်ပေါ့။ဒါပေမယ့်အိမ်အပေါ်ထပ်မှာနေတဲ့ ၊အိပ်တဲ့သူတော်တော်များများ ဟာ သိလိုက်ကြပါတယ်။ အရင်ကလဲအဲဒီလိုငလျင်ထက်ပြင်းထန်တဲ့ငလျင်လှုပ်ဖူးသေးပါတယ်။ လွန်ခဲ့တဲ့နှစ် နှစ်လောက်ကပေါ့။ အဲဒီတုန်းကတော့ တစ်မြို့လုံးလိုလိုသိလိုက်ကြပါတယ်။ ငလျင်ရဲ့ ပျင်းအားဟာ မက်ကာလီစကေး ၅-၆ လောက်ရှိတယ်လို့ သိရပါတယ်။
အခုငလျင်ဟာ ပထမဆုံး တံခါးတွေကိုလှုပ်ရုံဆွဲဖွင်သလိုပေါ့။ နောက်မှပို ကြမ်းခဲ့တာပါ။ ဒါပေမယ့်အချိန်ဟာ စက္ကန့် ပိုင်းလောက်ပဲ ကြာခဲ့တာပါ။
ကလေးမြို့ မှာငလျင်ကြောမရှိပါဘူးလို့ သိရပါတယ်။ဒါပေမယ့် မြေအောက်ရေနံတွေ၊နဲ့အတူ မြေအောက်ရေလို့ခေါ်တဲ့ရေလျှံတွင်းတွေတူးတဲ့ အကျိုးသက်ရောက်မှု့ တွေဟာ ဘယ်လိုဖြစ်လာမယ်ဆိုတာ ဆက်လက်လေ့လာဖို့လိုမယ်လို့သိရပါတယ်။

ကလေးမြို့က ကဗျာဆရာများစုစည်းထားတဲ့ ရွှေလက်များ ဆိုတဲ့ လူမှု့ ရေးအဖွဲ့ မိဘမဲ့မိန်ကလေးကျောင်းတွင်စာရေးကိရိယာများလှု
ကလေးမြို့ မှ ကဗျာဆရာများစုစည်းထားတဲ့ ရွှေလက်များ ဆိုတဲ့လူမှု့ရေးအဖွဲ့ဟာ ကလေးမြို့ မှာရှိတဲ့ မိန်ကလေးမိဘမဲ့များထိမ်းသိမ်းရေးကျောင်းကိုသွားပြီး ကလေးတွေအတွက် စာအုပ်နဲ့ စာရေးကိရိယာများကို လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီမိဘမဲ့ကျောင်းဟာ ပင်လုံရပ်ကွက်အတွင်းက သီလရင်ကျောင်းနားလေးမှာရှိပါတယ်။ကလေးဝလမ်းကနေသွားပြီး စိုက်ပျိုးရေးခြံ(အခု ဆည်မြောင်းရိပ်သာ)နဲ့ မျက်နှာချင်းဆိုင်က လမ်း( ဦးတိုက်ကြီးအိမ်ဘေး ) ကနေသွားရပါတယ်။ အဲဒီကျောင်းမှ မိဘမဲ့မိန်ကလေးဦးရ (၂၀) လောက်ရှိပါတယ်။ အခုဆို အီးမေဂျာနဲ့ ကျောင်းတက်တဲ့သူတွေတောင်ရှိနေပါပြီ။
အဲဒီကျောင်းကိုသွားလှုတဲ့ အဖွဲ့ အကြောင်းကိုလဲ ပြောပြချင်သေးတယ်ဗျ။ဒီမြို့ မှာအဲဒီလိုလူမှုရေးအဖွဲ့တွေပေါ်လာကြတာနှစ်အနည်းငယ်ကြာပါပြီ။
လူကြီးလူငယ်၊မိန်းမ၊ယောင်္ကျား ကိုယ်နဲ့ စိတ်တူသဘောတူလူတွေစုပြီး၊တစ်ပိုင်တစ်နိုင်လူနေကြတာပါ။
ရွှေလက်များအဖွဲ့ ဟာလည်း လူငယ်ကဗျာသမားတွေနဲ့ ကလေးမြို့ပေါ်က စာသမားတွေစုထားတာပါ။မိန်းကလေးတွေပါ ပါတယ်။သူတို့ အဖွဲ့ ဟာ (၂၄) ဦးလောက်ရှိပါတယ်။ တစ်လကိုတစ်ထောင်စီစုကြသတဲ့၊။အဲဒီကရတာတွေရယ်စုပြီကဗျာစာအုပ်ထုတ်လို့ ရတာတွေရယ်ကိုလူကြမှာတဲ့။
ဒီအဖွဲ့ ဟာလူငယ်တွေချည်းပါ။ တချို့ က တက္ကသိုလ်တက်နေတဲ့သူတွေ၊ တချို့ ဘွဲ့ ရပြီး အလုပ်ထဲေဲရာက်နေတဲံ့သူတွေပါ။ဒီလိုအဖွဲ့တွေ မြို့တွေတိုင်းမှာပေါ်လာရင်ကောင်မှပဲလို့ တွေးမိတယ်။ဒါပေမယ့်မြို့တိုင်းမှာ အဲဒီလိုအဖွဲ့ တွေ ရှိတယ်လို့ သိရပါတယ်။များများပေါ်ပေါက်ပါစေလို့ လို့လဲဆုတောင်းနေရပါကြောင်းဗျာ။။။။။

Thursday, June 4, 2009
ဆိုင်ကယ်စီးရင်ဦးထုပ်ဆောင်းကြပါ
ကလေးမြို့ မှာ ဆိုင်ကယ်အရေအတွက် များပြားလာတာနဲ့ အတူ ယဉ်တိုက်မှု့ တွေကလည်း မျာပြားလာပါတယ်။ဒီလိုဖြစ်လာတော့ ယဉ်စီးကမ်းထိမ်သိမ်းမှု့ တွေပိုလုပ်လာပါတယ်။ဒါကိုတချို့လူငယ်တွေက စတန့် ထွင်ပြီးရှောင်ပြေးတာတွေရှိကြပါတယ်။ အဲဒီလိုရှောင်ကြ တိမ်းကြရင်းနဲ့ ယဉ်တိုက်မှု့ တွေက ဖြစ်လုနီးနီးပါ။ ဒါ့ကြောင်ရှောင်တခင်စစ်ဆေးမှု့ အနားလေးရောက်ရင် ဆိုင်ကယ်စီးတာ ပိုပြီးဂရုစိုက်ကြ ရပါတယ်လို့ မြို့ ခံတွေက အချင်းချင်းသတိပေးမှု့တွေရှိလာပါတယ်။ ဆိုင်ကယ်စီးကြရင်ဦးထုပ်ဆောင်းတယ်ဆိုတာမိမိအတွက်အန္တရယ်ကင်းရှင်းစေပါတယ်ဒါပေမယ့် လူတွေကမဆောင်းချင်ကြပါဘူး၊ အဲဒါကို စစ်ဆေးတဲ့သူတွေကိုအပြစ်တင်ကြတဲ့သူတွေရှိပါသေးတယ်။ အခုဆို ကလေး၊ကလေးဝ၊ တမူး မြို့ တွေမှာ ယဉ်စည်းကမ်းထိမ်းသိမ်းမှု့ တွေများ များလုပ်လာကြပါတယ်။ ဒါဟာကောင်းတဲ့ကိစ္စမို့ အားပေး၇မှာပါ။ ဆိုင်ကယ်ကိုမဆင်မချင်စီးနင်းမှု့ ကြောင့်သေဆုံးမှု့ တွေမကြာမကြာ ရှိနေသေးပါတယ်။ကလေးမြို့ မှာယဉ်စီးကမ်း ထိမ်းသိမ်းမှု့ လုပ်တဲ့နေရာတွေကတော့ ဗိုလ်ချုပ်လမ်း မှာဆို ရိုးမဘဏ်အနီး တံတားဦးလမ်းဆုံ ခရိုင်ရဲစခန်းရှေ့ နဲ့ ကားကြီးဝင်းလမ်းထိပ် တာဟန်းက ဝေလေး လ္ဘက်၇ည်ဆိုင် အနီးတွေမှာပါ၊နတ်ချောင်းလမ်းက နေရှင်နယ်ဆိုင်အဟောင်း နေရာနဲ့ ဒကစ လမ်းထိပ်နေရာတွေမှာလဲလုပ်တတ်ပါတယ်။ကလေးဝမှတော့ ဘီအိုစီ ရုံးရှေ့ မှာလုပ်တတ်ပါတယ်။ တမူးမှာတော့ မြို့အ၀င်နဲ့ နန်းဖာလုံးဈေးသွားတဲံ့နေရာတွေမှာ လုပ်ကြတယ်လို့သိရပါတယ်ဗျို့းးး။။။။။။။
Wednesday, June 3, 2009
ကလေးမြို့ က စာရေးဆရာ မြဆင့်ချယ် ပျံလွန်တော်မူတာ တစ်နှစ်ပြည့်တော့မည်
ကလေးမြို့ မှ စာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဆရာမြဆင့်ချယ် ပျံလွန်တော်မူတာ တစ်နှစ်ပြေ့ တော့မည်ဟုသိရှိရပါသည်။ ဆရာမြဆင့်ချယ်သည် ၂၀၀၈ခုနှစ်ဇွန်လ ၁၇ ရက်နေ့တွင် ကလေးမြို့ သံဃာ့ ဆေးရုံတွင်ပျံလွန်တော်မူခဲ့သည်ဟုသိရသည်၊ ။“ဆရာရဲ့ နှစ်လည်ကိုအိမ်မှာတင်ဆွမ်းကပ်တာလောက်ပဲလုပ်မှာပါ။ ဆရာအတွက်အထိမ်းလုပ်ဖို့အတွက် သိမ်းထားတဲ့ အရိုးအိုး ကိုလဲ မြစ်သာမြစ်ထဲမှာရေမျှောလိုက်တော့မှာပါ။ ဆရာအတွက်အထိမ်းအမှတ် ပြုလုပ်ဖို့ အတွက်သိမ်းထားတာပါ၊” ဟု ဆရာ၏ အစ်ကိုအရင်းဖြစ်သူ ကိုဌေးဝင်းမှ ပြောကြားခဲ့ပါတယ်။ ဆရာမြဆင့်ချယ်သည် ကလေးမြို့ စာရေးဆရာများအနက် ကလောင်အထက်ဆုံး ရေးသားမှု့ အများဆုံး ဖြစ် ပြီး ပျံလွန်တော်မူသည်အထိ ပြည်သူလူထုကို ကလောင်ဖြင့်အလုပ်အကျွေး ပြုခဲ့သည်ဟု ဒေသခံများမှာပြောပြ ကြပါတယ်။ကလေးမြို့ နယ်အတွင်းရှိစာရေးသူများအနက် မြဆင့်ချယ်၏ ကလောင်ကိုမှီတဲ့ သူမပေါ် နိုင်သေးပါဘူး။သူဟာ စာရေးရာမှာ ပါရမီရှင်တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ထားရတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဆရာဟာ ပျံလွန်တော်မူပြီး ရွှေအမြုတေ မှချီးမြင့်သော စာပေဆု ချီးမြင့် ခံခဲ့ရပြီး နောက်ဆုံးလက်ရာအဖြစ် “အဲတာရွှေပေါ်ထိုးနေသည်” ဆိုသောစာမူမှာ စာပေလောကအတွင်းပြောစမှတ်ဖြစ်ခဲ့ရသည်ဟုသိရှိရပါကြောင်း၊။။
မြဆင့်ချယ်၏ နောက်ဆုံးလက်ရာမျာအွန်လိုင်းပေါ်မှာဖတ်ရှု့ နိုင်ပါတယ်၊။။

Monday, June 1, 2009
2009 မေလအတွင်း မုံရွာမြို့ က ပဲဈေးကွက်
မုံရွာကုန်စည်ဒိုင် မေလပဲဈေးကွက်နှိုင်းယှဉ်ချက်
မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ဟာမေလအတွင်း ပဲအများစုတက်ဈေးဖြစ်ပေါ်ရင် အရောင်းအ၀ယ်သွက်လက်ခဲ့တယ်လို့သိရပါတယ်။ အဓိက ပဲတစ်မျိုးဖြစ်တဲ့ ပဲစင်းငုံနီဟာ ယခုနှစ်အတွင်းတစ်တင်း ၂၄၄၀၀ ကျပ် အမြင့်ဆုံးရောက်ရှိခဲ့သလို လက်ကျန်ပဲဟာ ကုန်သလောက်ရှိပြီလို့သိရပါ တယ်။ ဒီလထဲမှာ ဈေးအနိမ့်အမြင့် ကွာခြားပေမယ့် တင်းတစ်သိန်းခန့် အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ခန့်မှန်းသိရှိရပါတယ်။
ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ လက်ကျန်ပဲအချို့နဲ့ ရေသွင်းပဲတီအသစ်တွေဝင်ရောက်ခဲ့သလို မန္တလေး၊ ရန်ကုန်ဝယ်လက်ရှိခဲ့လို့ မေလအတွင်း အနိမ့်ဆုံးတစ်တင်း ၁၈၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၁၀၀၀ ကျပ်ထိ ဈေးရရှိခဲ့တာတွေ့ရပါတယ်။
ကုလားပဲအုပ်စုဝင် ပဲအများစုတက်ဈေးဖြစ်ပေါ်ခဲ့ကြပြီး V2 အနေနဲ့ ဒေသတွင်းကြိတ်ခွဲစက်၊ လှောင်လက် ရန်ကုန်-မန္တလေး Export လက်နဲ့ တမူးလိုင်းကပါ အဆွဲရှိခဲ့လို့ တက်ဈေးဖြစ်ခဲ့ရာ မေလအတွင်း တစ်တင်းအနိမ့်ဆုံး ၁၃၇၀၀ ကျပ်မှ အမြင့်ဆုံး ၁၅၅၀၀ ကျပ်ထိ ဈေးပေါက်ခဲ့တာ တွေ့ရပါတယ်။
မတ်ပဲဈေးလည်း အခြားတန်ဘိုးမြင့် Export ပဲများနည်းတူ မေလအတွင်း ဈေးလိုက်လာခဲ့ရာ အနိမ့်ဆုံးတစ်တင်း ၁၆၃၀၀ ကျပ်ကနေ အမြင့် ဆုံး ၁၉၀၀၀ ကျပ်ထိဈေးရခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပဲတစ်တင်းရဲ့ကာလတူ မေလအတွင်းအနိမ့်ဆုံး၊ အမြင့် ဆုံး ပဲဈေးတွေကို လေ့လာကြည့်ရင် အောက်ပါအတိုင်းတွေ့ရပါတယ် -
Ref :
Posted on 29 May, 2009

Subscribe to:
Posts (Atom)