Monday, June 8, 2009

နေသာပညာဒါနကျောင်း ဇွန်လ (၁၄)ရက်နေ့တွင်အောင်ပွဲခံမည်

နေသာပညာဒါန ကျောင်းဆိုတာ ယခင်ကာလများက ဆယ်တန်းတွေကိုအခမဲ့ကျူရှင်ပေးခဲ့ ပြီး အခုတော့ ရှစ်တန်း၊ကိုးတန်း တွေပါ အခမဲ့ သင်ကြားပေးနေပြီး ဆယ်တန်းအောင်ချက်ကို ရာခိုင်နှုန်းကောင်းကောင်းနဲ့ အောင်မြင်းနေတဲ့ ပညာဒါနကျောင်တစ်ကျောင်းပါ။ ဒီနှစ်မှာတော့ ဆယ်တန်းဖြေဆိုသူ ၁၄၂ ယောက်ရှိခဲ့ပြီး၊ အောင်မြင်သူပေါင်း ၁၂၆ ဦး ရှိခဲ့ပါတယ်။ ဂုဏ်ထူးရှင်ပေါင်း ၄၀ ကိုမွေးထုပ် ပေးခဲံ့တဲ့ကျောင်းပါတဲ့။ အောင်ချက်အနေနဲ့ ၈၉ ရာခိုင်နှုန်း ရှိခဲ့တယ်လို့လဲ ပညာဒါနကျောင်းက ဆရာကျော်ကျော်က ပြောပါတယ်။ (သူလဲမနေ့ က မိုးရွာထဲ အောင်ပွဲခံ တဲ့အနေနဲ့ ဘောလုံးသွားကန်တာ ချော်လဲလို့ ပေါင်က ကြွက်သားပြတ်သွားတယ်လို့ ပြောလိုက်သေးတယ်ခင်ဗျ၊။။။ စကားချပ်)
အဲဒီလိုအောင်မြင်နေတဲ့ ပညာဒါနကျောင်းဟာ ဆယ်တန်းအောင်တဲ့သူတွေ ဂုဏ်ပြုတဲ့ အနေနဲ့ ၂၀၀၉-ခုနှစ်ဇွန်လ(၁၄)ရက်နေ့ မှာ အောင်ပွဲပြုလုပ်မယ်လို့သိရပါတယ်။အောင်မြင်တဲ့ကျောင်းသားတွေဟာ တစ်ဦးကို (၄၀၀၀) ကျပ်စီထည့်သွင်ဖို့လဲ ကြေညာထားပါတယ်။ နေသာပညာဒါနကျောင်းဟာ အခုဆိုရေသန့်စက်လဲတပ်ဆင်ထားပြီး ကျောင်းသားတွေ ရေသန့်သန့် လေးသောက်နေရပါပြီ။ အဆိုပါရေသန့်စက်ဟာ စုစု ပေါင်းကုန်ကျစရိတ် သိန်(၂၀) ကျပ်ရှိတယ်လို့ပညာဒါနဆရာတော်ဦးဓမ္မိက ကမိန့်ကြားခဲ့ပါတယ်။
နေသာကျောင်းရဲ့ အောင်မြင်မှု့ တွေနဲ့ လှုပ်ရှားမှု့တွေကို အောက်ပါ ၀က်ဆိုက်မှာကြည့်ရှု့နိုင်ပါတယ်း။။။။။။။
http://naythar.wordpress.com/
အဆိုပါဆိုက်ဟာနေသာပညာဒါနကျောင်းရဲ့ ဆိုက်ပါခင်ဗျား။။။။။။။။။

No comments:

Post a Comment