ကျောင်းသားကျောင်းသူ တွေနဲ့ သူတို့ရဲ့ မိဘတွေမျှော်နေတဲ့ ဆယ်တန်းအောင်စာရင်း ကိုဒီကနေ့ (၂၀၀၉ခုနှစ်ဇွန်လ (၇) ရက်) မှာထွက်သွားပါပြီ။ကလေးမြို့မှာတော့ အောင်ချက် အနေနဲ့ အထက(၁)ဟာ ( ၄၂.၄၁ )ရာခိုင်နှုန်းရှိတယ်လို့သိရပြီး ဂုဏ်ထူးထွက်တဲ့ဦးရေ (၇၂)ဦး ထွက်ရှိခဲ့တယ်လို့သိရပါတယ်။ (၄)ဘာသာ ဂုဏ်ထူးရှင် (၂) ဦးပါဝင်တယ်လို့သိရ ပါတယ်။ဒီနှစ်မှာအောင်မြင်သူဦရေ အရင်နှစ်ကထက်လျော့နည်းခဲ့တယ်လို့ အရပ်သတင်းအရသိရှိရပါတယ်။
ကလေးမြို့ ရဲ့ ပညာဒါနကျောင်းလို့နာမည်ရနေတဲ့ နေသာပညာဒါနကျောင်းကတော့ အောင်ချက်ရာနှုန်း(၈၉)ရှိခဲ့တယ်လို့သိရပါတယ်။ အရင်နှစ်ကထက် (၇)ရာနှုန်းလျော့နည်းခဲ့ တယ်လို့ဆိုပါတယ်။ ယခင်နှစ်က (၆)ဘာသာဂုဏ်ထူးရှင် တွေပါတဲ့ နေသာပညာဒါန ဟာ ဒီနှစ်မှာ (၄)ဘာသာဂုဏ်ထူးရှင်လောက်နဲ့သာ ကျေနပ်ခဲံ့ရပါတယ်။
ဒီနှစ်အောင်စာရင်းထွက်ချိန်မနက်ပိုင်းမှာ မိုးရွာနေတာကြောင့် ကျောင်းသား၊ကျောင်းသူ၊ တွေနဲ့ မိဘတွေဟာ မိုးရေထဲမှာ ထီးကိုယ်စီနဲ့ အောင်စာရင်းလာကြည့်တဲ့ မြင်ကွင်းကို တွေ့ ခဲ့ ကြရပါတယ်။ တချို့ကျူရှင်တွေဟာ မနက်မိုးလင်းရင်လင်းချင်း မိမိတို့ အောင်စာရင်း ကိုတွေကို ဘုတ်တွေနဲ့ ကြေညာတာကိုလဲတွေ့ခဲ့ရပါတယ်။
ကလေးမြို့ ရဲ့ ပညာရေးအားပေးမှု့ဟာ ဆယ်စုနှစ်အတွင်းမှာ တော်တော်လေးကြီးထွားလာပါတယ် ။ ဒါဟာလဲမြို့ ရဲ့ တိုးတက်မှု့ ပြယုဂ် တစ်ခုလို့ မြင်ကြပါတယ်။ အနီးအနားမြို့တွေကတောင် ကလေးမြို့မှာ ပညာသင်ဖို့ အားထုပ်လာကြ တယ်လို့ သိရပါကြောင်း။။။။။
မှတ်ချက်။။ ။။ သတင်းဓါတ်ပုံကို အကြောင်းအမျိုးမျိုးကြောင့် တင်မပေးနိုင်တာ နားလည်ခွင့်လွှတ်စေချင်ပါတယ်။။
Sunday, June 7, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment