Wednesday, June 3, 2009

ကလေးမြို့ က စာရေးဆရာ မြဆင့်ချယ် ပျံလွန်တော်မူတာ တစ်နှစ်ပြည့်တော့မည်

ကလေးမြို့ မှ စာရေးဆရာ၊ ဂျာနယ်လစ် တစ်ဦးဖြစ်သူ ဆရာမြဆင့်ချယ် ပျံလွန်တော်မူတာ တစ်နှစ်ပြေ့ တော့မည်ဟုသိရှိရပါသည်။ ဆရာမြဆင့်ချယ်သည် ၂၀၀၈ခုနှစ်ဇွန်လ ၁၇ ရက်နေ့တွင် ကလေးမြို့ သံဃာ့ ဆေးရုံတွင်ပျံလွန်တော်မူခဲ့သည်ဟုသိရသည်၊ ။“ဆရာရဲ့ နှစ်လည်ကိုအိမ်မှာတင်ဆွမ်းကပ်တာလောက်ပဲလုပ်မှာပါ။ ဆရာအတွက်အထိမ်းလုပ်ဖို့အတွက် သိမ်းထားတဲ့ အရိုးအိုး ကိုလဲ မြစ်သာမြစ်ထဲမှာရေမျှောလိုက်တော့မှာပါ။ ဆရာအတွက်အထိမ်းအမှတ် ပြုလုပ်ဖို့ အတွက်သိမ်းထားတာပါ၊” ဟု ဆရာ၏ အစ်ကိုအရင်းဖြစ်သူ ကိုဌေးဝင်းမှ ပြောကြားခဲ့ပါတယ်။ ဆရာမြဆင့်ချယ်သည် ကလေးမြို့ စာရေးဆရာများအနက် ကလောင်အထက်ဆုံး ရေးသားမှု့ အများဆုံး ဖြစ် ပြီး ပျံလွန်တော်မူသည်အထိ ပြည်သူလူထုကို ကလောင်ဖြင့်အလုပ်အကျွေး ပြုခဲ့သည်ဟု ဒေသခံများမှာပြောပြ ကြပါတယ်။ကလေးမြို့ နယ်အတွင်းရှိစာရေးသူများအနက် မြဆင့်ချယ်၏ ကလောင်ကိုမှီတဲ့ သူမပေါ် နိုင်သေးပါဘူး။သူဟာ စာရေးရာမှာ ပါရမီရှင်တစ်ဦးဖြစ်တယ်လို့ သတ်မှတ်ထားရတဲ့သူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဆရာဟာ ပျံလွန်တော်မူပြီး ရွှေအမြုတေ မှချီးမြင့်သော စာပေဆု ချီးမြင့် ခံခဲ့ရပြီး နောက်ဆုံးလက်ရာအဖြစ် “အဲတာရွှေပေါ်ထိုးနေသည်” ဆိုသောစာမူမှာ စာပေလောကအတွင်းပြောစမှတ်ဖြစ်ခဲ့ရသည်ဟုသိရှိရပါကြောင်း၊။။
မြဆင့်ချယ်၏ နောက်ဆုံးလက်ရာမျာအွန်လိုင်းပေါ်မှာဖတ်ရှု့ နိုင်ပါတယ်၊။။

No comments:

Post a Comment