Saturday, June 6, 2009
ညမှောင်မှောင် ကြယ်ရောင်ရယ်မလင်းပေမယ့်
ကလေးမြို့ရဲ့ မြို့ အ၀င်လမ်းဟာ ကလေးမြို့သူ ကလေးမြို့ သားတွေအတွက် အလွန်သာယာတဲ့လမ်းမကြီးပါ။ အဝေးရောက်ကလေးသား၊ ကလေးသူတွေ တသသ နဲ့ လွမ်းရတဲ့နေရာလေးပါ။အဲဒီလမ်းမ ကြီးပေါ်မှာ ညနေတိုင်ဆို ကျမ္မာရေးအတွက်လမ်းလျောက်တဲ့သူတွေ အပမ်းဖြေတဲ့မြို့ သူမြို့သားတွေဟာ ရာသီဥတုကြည်လင်တယ်ဆိုရင် များမှများ။ဒီလိုပါပဲ သမီးရည်းစားတွေဟာလည်းဒီနေရာဟာသူတို့ ရဲ့ အာဒမ်ဥယျဉ်လေးတစ်ခုလိုပါပဲ။ကြည်နူးလှပတဲ့နေရာမှာကြည်နူးတတ်တဲ့သူတွေလာတာဟာမဆန်းပါဘူး။ဒါပေမယ်ညနေမှောင်ရီပျိုးလာပြီဆိုရင် ညအမှောင်နဲ့ အတူ အကုသိုလ်အမှု့တွေဟာပေါ်ပေါက်လာတာပါပဲ။ ညပိုင်းရယ်လို့ရောက်လာပြီဆိုရင်အဲဒီနေရာတွေမှာ ညီတွေ၊ညီမတွေ အတွက် စိုးရိမ်စရာတွေဟာအမြဲရှိနေတတ်ပါတယ်။အသွားအလာမပြတ်ဘူးလို့ပြောကြပေမယ့်၊မိန်မပျိုလေးတွေဟာ ဒီနေရာကိုမလာသင့်တော့ ပါဘူး။ သမီးရည်းစားရယ်လို့ဖြစ်လာရင် နှစ်ကိုယ်ထဲနေထိုင်ချင်ပေမယ်ဒီလိုနေရာဟာမသင့်တော်တဲ့နေ၇ာတွေပါ။ဇွန်လဆန်းရဲ့ မိုးရေစက်တွေနဲ့ အတူသိလိုက်ရတဲံသတင်းဟာစိတ်မချမ်မြေ့စရာပါ။ဒါပေမယ့်ဟိုးလေးတကျော်ကျော်တော့မဖြစ်ခဲ့ပါဘူး။ကလေးမြို့ က ဆေးရုံမှာလူနာစောင့်ကြရင်း ဖူးစာဆုံခဲ့တဲ့ သမီးရည်းစားအတွဲ တစ်တွဲဟာ ပြင်သာရွာဖက်ကလူရှင်းတဲ့နေရာမှာ ညအမှောင်ကို အမှီသဟဲပြုပြီး တူနှစ်ကိုယ်ချစ်ရည်လူးဖို့ ရောက်ရှိခဲ့ကြပါတယ်။ဒါပေမယ့် ရုပ်ရှင်ဇတ်လမ်းဆန်ဆန် လူကြမ်း(၄)ယောက်ရောက်လာပြီး မိန်းမပျိုလေးကို အတင်းအကြမ်း အချစ်တွေကို ၀င်ရောက်သိမ်း ပိုက်လိုက်ကြပါတယ်။ကောင်လေးကိုတော့ချိန်ခြောက်ပြီးပြန်လွတ်လိုက်ပါတယ်။ ကောင်မလေးဟာတောရွာဖက်ကဖြစ်သလိုကောင်လေးဟာလည်းတောရွာတစ်ခုကလို့သိရပါတယ်။ ဥပဒေအရ တိုင်ကြားခြင်းမပြု ခဲ့ပေမယ့် ဒါဟာလူငယ်တွေအတွက်သတိထားစရာဖြစ်လာပါတယ်။ အဲဒီလိုဖြစ်ရပ်တစခုကို၂၀၀၆ခုနှစ်ကမ္ဘာဖလားဖိုင်နယ်ပွဲညမှာ ဖြစ်ခဲ့ပါတယ်။ အဲဒီတုန်းကတော့ ဥပဒေအရ တိုင်းကြားခဲ့လို့ မြို့ပေါ်မှာ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ခဲ့ပါတယ်။ ဒီလိုဖြစ်ရပ်တွေဟာ အချိန်အခါမရွေးဖြစ်လာနိုင်တာမို့ လို့ ကောင်လေးကောင်မလေးတွေသတိထား သင့်ပါတယ်။ဒါကြောင်ညမှောင်မှောင် ကြယ်ရောင်ရယ်မလင်းတဲံ့ညပိုင်းတွေမှာ တွေ့ဆုံမယ်ဆိုရင် လူတွေနဲ့ဝေးဝေးသွားရောက်တွေ့ ဆုံခြင်းမပြုကြဖို့ တိုက်တွန်းလိုက် ရပါကြောင်းဗျား။။။။။။။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment