တုပ်ကွေးရာသီရောက်လာပြီမို့ ကလေးမြို့ မှာလဲ တုပ်ကွေးသတင်းတွေပြန့်နေပါတယ်။ တုပ်ကွေးရောဂါဟာ အခုဆိုကလေးမြို့ထဲ မှာတုပ်ကွေးရောဂါနဲ့ သေတဲ့သူတွေရှိလာပါပြီ။ ကလေးမြို့ နတ်ချောင်းလမ်း က မြို့မျက်နှာဖုံး မြို့ခံကြီးတစ်ဦးရဲ့ မြေးလေးဟာ ဒီကနေ့ (ဇွန်လ-၈-ရက်၂၀၀၉) နေ့ ညနေပိုင်းမှာ ကွယ်လွန်ခဲ့တယ်လို့ စိတ်မကောင်းစွာသိလိုက်ရပါတယ်။ တုပ်ကွေးရောဂါဟာ ကလေးနယ်မှာ (၄)နှစ်တစ်ကြိမယ်ဖြစ်တတ်တယ်လို့ ဒေသခံ ဂျီပီ ဆရာဝန်တစ်ဦးကပြောကြားခဲ့ပါတယ်။ ၂၀၀၅-ခုနှစ်မှာ တုပ်ကွေးရောဂါ ဖြစ်ခဲ့တဲံ့ကလေးနယ်မှာ ဒီနှစ်(၂၀၀၉)ဟာတုပ်ကွေးရောဂါ စိုးရိမ်ရတဲ့နှစ်တစ်နှစ်ဖြစ်တယ်လို့ အဆိုပါဆရာဝန်ပြောကြားချက်အ၇သိ ရှိရပါတယ်။ အခုအချိန်မှာကမ္ဘာ့နိုင်ငံအသီးသီးမှာ လူတုပ်ကွေးရောဂါ ဖြစ်ပွားနေချိန်မို့ တုပ်ကွေးဆိုဘယ်လို တုပ်ကွေးဖြစ်ဖြစ် သတိထားပါလို့ BI WEEKLY ELEVEN JOURNAL NO-11 VOL-2 မှာဖေါ်ပြထားခဲံ့ပါတယ်။ တုပ်ကွေးရောဂါအတွက် ကြိုတင်ကာကွယ် မှု့တွေ ပြုလုပ်ရင်ပိုကောင်းတယ်လို့သိရပါတယ်။ ကလေးမြို့ မြို့မ ဈေးအတွင်းမှာ အခုဆို ဆေးစိမ် ခြင်ထောင် တွေရောင်းချနေပြီး မိသာစု အိပ် တစ်လုံးကို (၃၅၀၀)ကျပ်နဲ့ဝယ်လို့ရတယ်လို့သိရပါတယ်။ တုပ်ကွေးနဲ့ပါတ်သက်တာကိုအွန်လိုင်းမှာ ကြည့်ချင်တယ်ဆိုရင်---------
http://www.first-11.com/bdet.php?id=1
http://www.first-11.com/bdet.php?id=2
အဆိုပါလိပ်စာတွေမှာရိုက်ထဲံ့ပြီးရှာဖွေကြည်ရှု့နိုင်ပါတယ်။ဘာပဲဖြစ်ဖြစ် ကြိုတင်ကာကွယ်တာဟာ အကောင်းဆုံးမို့ သင်တို့မိသားစုကြိုတင်ကာကွယ်ကြရန် တိုက်တွန်းရပါကြောင်း။
မိသားစုအားလုံး တုပ်ကွေးရောဂါမှကင်ဝေးပါစေလို့ မြစ်သာလွင်ပြင် မှ ဆုတောင်မေတ္တာပို့သ အပ်ပါတယ်၊။။။။။။
Monday, June 8, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment