Saturday, June 6, 2009

ကလေးမြို့က ကဗျာဆရာများစုစည်းထားတဲ့ ရွှေလက်များ ဆိုတဲ့ လူမှု့ ရေးအဖွဲ့ မိဘမဲ့မိန်ကလေးကျောင်းတွင်စာရေးကိရိယာများလှု

ကလေးမြို့ မှ ကဗျာဆရာများစုစည်းထားတဲ့ ရွှေလက်များ ဆိုတဲ့လူမှု့ရေးအဖွဲ့ဟာ ကလေးမြို့ မှာရှိတဲ့ မိန်ကလေးမိဘမဲ့များထိမ်းသိမ်းရေးကျောင်းကိုသွားပြီး ကလေးတွေအတွက် စာအုပ်နဲ့ စာရေးကိရိယာများကို လှုဒါန်းခဲ့တယ်လို့ သိရပါတယ်။ အဲဒီမိဘမဲ့ကျောင်းဟာ ပင်လုံရပ်ကွက်အတွင်းက သီလရင်ကျောင်းနားလေးမှာရှိပါတယ်။ကလေးဝလမ်းကနေသွားပြီး စိုက်ပျိုးရေးခြံ(အခု ဆည်မြောင်းရိပ်သာ)နဲ့ မျက်နှာချင်းဆိုင်က လမ်း( ဦးတိုက်ကြီးအိမ်ဘေး ) ကနေသွားရပါတယ်။ အဲဒီကျောင်းမှ မိဘမဲ့မိန်ကလေးဦးရ (၂၀) လောက်ရှိပါတယ်။ အခုဆို အီးမေဂျာနဲ့ ကျောင်းတက်တဲ့သူတွေတောင်ရှိနေပါပြီ။
အဲဒီကျောင်းကိုသွားလှုတဲ့ အဖွဲ့ အကြောင်းကိုလဲ ပြောပြချင်သေးတယ်ဗျ။ဒီမြို့ မှာအဲဒီလိုလူမှုရေးအဖွဲ့တွေပေါ်လာကြတာနှစ်အနည်းငယ်ကြာပါပြီ။
လူကြီးလူငယ်၊မိန်းမ၊ယောင်္ကျား ကိုယ်နဲ့ စိတ်တူသဘောတူလူတွေစုပြီး၊တစ်ပိုင်တစ်နိုင်လူနေကြတာပါ။
ရွှေလက်များအဖွဲ့ ဟာလည်း လူငယ်ကဗျာသမားတွေနဲ့ ကလေးမြို့ပေါ်က စာသမားတွေစုထားတာပါ။မိန်းကလေးတွေပါ ပါတယ်။သူတို့ အဖွဲ့ ဟာ (၂၄) ဦးလောက်ရှိပါတယ်။ တစ်လကိုတစ်ထောင်စီစုကြသတဲ့၊။အဲဒီကရတာတွေရယ်စုပြီကဗျာစာအုပ်ထုတ်လို့ ရတာတွေရယ်ကိုလူကြမှာတဲ့။
ဒီအဖွဲ့ ဟာလူငယ်တွေချည်းပါ။ တချို့ က တက္ကသိုလ်တက်နေတဲ့သူတွေ၊ တချို့ ဘွဲ့ ရပြီး အလုပ်ထဲေဲရာက်နေတဲံ့သူတွေပါ။ဒီလိုအဖွဲ့တွေ မြို့တွေတိုင်းမှာပေါ်လာရင်ကောင်မှပဲလို့ တွေးမိတယ်။ဒါပေမယ့်မြို့တိုင်းမှာ အဲဒီလိုအဖွဲ့ တွေ ရှိတယ်လို့ သိရပါတယ်။များများပေါ်ပေါက်ပါစေလို့ လို့လဲဆုတောင်းနေရပါကြောင်းဗျာ။။။။။

No comments:

Post a Comment