Thursday, June 4, 2009
ဆိုင်ကယ်စီးရင်ဦးထုပ်ဆောင်းကြပါ
ကလေးမြို့ မှာ ဆိုင်ကယ်အရေအတွက် များပြားလာတာနဲ့ အတူ ယဉ်တိုက်မှု့ တွေကလည်း မျာပြားလာပါတယ်။ဒီလိုဖြစ်လာတော့ ယဉ်စီးကမ်းထိမ်သိမ်းမှု့ တွေပိုလုပ်လာပါတယ်။ဒါကိုတချို့လူငယ်တွေက စတန့် ထွင်ပြီးရှောင်ပြေးတာတွေရှိကြပါတယ်။ အဲဒီလိုရှောင်ကြ တိမ်းကြရင်းနဲ့ ယဉ်တိုက်မှု့ တွေက ဖြစ်လုနီးနီးပါ။ ဒါ့ကြောင်ရှောင်တခင်စစ်ဆေးမှု့ အနားလေးရောက်ရင် ဆိုင်ကယ်စီးတာ ပိုပြီးဂရုစိုက်ကြ ရပါတယ်လို့ မြို့ ခံတွေက အချင်းချင်းသတိပေးမှု့တွေရှိလာပါတယ်။ ဆိုင်ကယ်စီးကြရင်ဦးထုပ်ဆောင်းတယ်ဆိုတာမိမိအတွက်အန္တရယ်ကင်းရှင်းစေပါတယ်ဒါပေမယ့် လူတွေကမဆောင်းချင်ကြပါဘူး၊ အဲဒါကို စစ်ဆေးတဲ့သူတွေကိုအပြစ်တင်ကြတဲ့သူတွေရှိပါသေးတယ်။ အခုဆို ကလေး၊ကလေးဝ၊ တမူး မြို့ တွေမှာ ယဉ်စည်းကမ်းထိမ်းသိမ်းမှု့ တွေများ များလုပ်လာကြပါတယ်။ ဒါဟာကောင်းတဲ့ကိစ္စမို့ အားပေး၇မှာပါ။ ဆိုင်ကယ်ကိုမဆင်မချင်စီးနင်းမှု့ ကြောင့်သေဆုံးမှု့ တွေမကြာမကြာ ရှိနေသေးပါတယ်။ကလေးမြို့ မှာယဉ်စီးကမ်း ထိမ်းသိမ်းမှု့ လုပ်တဲ့နေရာတွေကတော့ ဗိုလ်ချုပ်လမ်း မှာဆို ရိုးမဘဏ်အနီး တံတားဦးလမ်းဆုံ ခရိုင်ရဲစခန်းရှေ့ နဲ့ ကားကြီးဝင်းလမ်းထိပ် တာဟန်းက ဝေလေး လ္ဘက်၇ည်ဆိုင် အနီးတွေမှာပါ၊နတ်ချောင်းလမ်းက နေရှင်နယ်ဆိုင်အဟောင်း နေရာနဲ့ ဒကစ လမ်းထိပ်နေရာတွေမှာလဲလုပ်တတ်ပါတယ်။ကလေးဝမှတော့ ဘီအိုစီ ရုံးရှေ့ မှာလုပ်တတ်ပါတယ်။ တမူးမှာတော့ မြို့အ၀င်နဲ့ နန်းဖာလုံးဈေးသွားတဲံ့နေရာတွေမှာ လုပ်ကြတယ်လို့သိရပါတယ်ဗျို့းးး။။။။။။။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment