Monday, June 1, 2009

2009 မေလအတွင်း မုံရွာမြို့ က ပဲဈေးကွက်

မုံရွာကုန်စည်ဒိုင် မေလပဲဈေးကွက်နှိုင်းယှဉ်ချက်
မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်ဟာမေလအတွင်း ပဲအများစုတက်ဈေးဖြစ်ပေါ်ရင် အရောင်းအ၀ယ်သွက်လက်ခဲ့တယ်လို့သိရပါတယ်။ အဓိက ပဲတစ်မျိုးဖြစ်တဲ့ ပဲစင်းငုံနီဟာ ယခုနှစ်အတွင်းတစ်တင်း ၂၄၄၀၀ ကျပ် အမြင့်ဆုံးရောက်ရှိခဲ့သလို လက်ကျန်ပဲဟာ ကုန်သလောက်ရှိပြီလို့သိရပါ တယ်။ ဒီလထဲမှာ ဈေးအနိမ့်အမြင့် ကွာခြားပေမယ့် တင်းတစ်သိန်းခန့် အရောင်းအ၀ယ်ဖြစ်ခဲ့တယ်လို့ခန့်မှန်းသိရှိရပါတယ်။

ပဲတီစိမ်းကြီးဈေးကွက်အနေနဲ့ လက်ကျန်ပဲအချို့နဲ့ ရေသွင်းပဲတီအသစ်တွေဝင်ရောက်ခဲ့သလို မန္တလေး၊ ရန်ကုန်ဝယ်လက်ရှိခဲ့လို့ မေလအတွင်း အနိမ့်ဆုံးတစ်တင်း ၁၈၈၀၀ ကျပ်မှ အမြင့်ဆုံး ၂၁၀၀၀ ကျပ်ထိ ဈေးရရှိခဲ့တာတွေ့ရပါတယ်။

ကုလားပဲအုပ်စုဝင် ပဲအများစုတက်ဈေးဖြစ်ပေါ်ခဲ့ကြပြီး V2 အနေနဲ့ ဒေသတွင်းကြိတ်ခွဲစက်၊ လှောင်လက် ရန်ကုန်-မန္တလေး Export လက်နဲ့ တမူးလိုင်းကပါ အဆွဲရှိခဲ့လို့ တက်ဈေးဖြစ်ခဲ့ရာ မေလအတွင်း တစ်တင်းအနိမ့်ဆုံး ၁၃၇၀၀ ကျပ်မှ အမြင့်ဆုံး ၁၅၅၀၀ ကျပ်ထိ ဈေးပေါက်ခဲ့တာ တွေ့ရပါတယ်။

မတ်ပဲဈေးလည်း အခြားတန်ဘိုးမြင့် Export ပဲများနည်းတူ မေလအတွင်း ဈေးလိုက်လာခဲ့ရာ အနိမ့်ဆုံးတစ်တင်း ၁၆၃၀၀ ကျပ်ကနေ အမြင့် ဆုံး ၁၉၀၀၀ ကျပ်ထိဈေးရခဲ့တာတွေ့ရပါတယ်။ မုံရွာကုန်စည်ဒိုင်ရဲ့ ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပဲတစ်တင်းရဲ့ကာလတူ မေလအတွင်းအနိမ့်ဆုံး၊ အမြင့် ဆုံး ပဲဈေးတွေကို လေ့လာကြည့်ရင် အောက်ပါအတိုင်းတွေ့ရပါတယ် -


Ref :
Posted on 29 May, 2009

No comments:

Post a Comment