Friday, November 27, 2009

တစ်ဒေါ်လာ ၉၉၅ ကျပ်

တစ်ဒေါ်လာ ၉၉၅ ကျပ်

27/Nov/2009
သည်တစ်ပတ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၀၁၀ ကနေ ကျပ်

၉၉၅ အထိ ပြန်ကျလာပါတယ်။ သည်တစ်ပတ်ထဲမှာ ဒေါ်လာဈေးက အနိမ့်ဆုံး

တစ်ဒေါ်လာကို ကျပ် ၉၈၅အထိကျခဲ့တာပါ။ အဲသည် ဈေးတုန်းက လုပ်ငန်းသ

မားတချို့က အ၀ယ်ရှိလာတဲ့အတွက် ကျပ် ၁၀၁၀လောက်အထိဖြစ်လာတာပါ။

နိုဝင်ဘာ ၂၃ ရက်မှာတော့ ဒေါ်လာဈေးက ပြန်အေးပါတယ်။ နိုဝင်ဘာ ၂၃ ည

နေဘက်မှာတော့ တစ်ဒေါ်လာကို ၉၉၂ကျပ်နဲ့ ၉၉၅ ကြားမှာရှိပါတယ်။ လက်ရှိ

မှာ အက်ဖ်အီးစီကလည်း အဲသည်ဈေးဝန်းကျင်မှာပဲ ရှိနေကြောင်း ၂၀၀၉ ခုနှစ်

နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

ကမ္ဘာ့ရွှေ စံချိန်တင်၊ တစ်အောင်စ ၁၁၇၆ ဒေါ်လာအထိ ဖြစ်

ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၁၇၆ ဒေါ်လာအထိ ဖြစ်လာတဲ့အတွက်

ရွှေဝယ်သိမ်းသူတချို့ သည်ရက်ပိုင်းရွှေဝယ်ဖို့စိတ်ဝင်စားလာတယ်လို့သိရတယ်။

ရွှေဘုံသာရှိရွှေဝယ်ရောင်းတစ်ဦးက ‘ ကမ္ဘာ့ဈေးကဆက်ပြီးမြင့်တက်မယ်လို့မှန်း

ကြတယ်၊ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးပေါ်လဲမူတည်တော့တက်

မယ်ထင်ပြီး ဝယ်သိမ်းသူတချို့က ပြန်ဝယ်လာကြတယ်၊ ဒါပေမဲ့ ရွှေဝယ်ရောင်း

သူတွေကတော့ လျှော့ရောင်း၊ လျှော့ဝယ်လုပ်ကြတယ်’လို့ပြောပါတယ်။ လက်ရှိ

မှာမြန်မာရွှေဈေးက ၁၆ပဲရည်(အခေါက်) တစ်ကျပ်သားကိုကျပ် ၆၁၀,၀၀၀ ဝန်း

ကျင်ရှိပါတယ်။ (သည်နေ့ဒေါ်လာပေါက်ဈေးတစ်ဒေါ်လာကျပ် ၁၀၀၀နဲ့သည်နေ့

ကမ္ဘာ့ရွှေ ပေါက်ဈေး တစ်အောင်စ ၁၁၇၆ ကို မြောက်ပြီး ၁.၈၇၅ နဲ့စားရင် ကျပ်

၆၂၀,၀၀၀ ကျော်ရှိတဲ့အတွက် မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေ ဈေးထက် နိမ့်နေတာ

တွေ့ရပါတယ်။) လက်ရှိကား ဈေးကျလို့ တချို့ကလည်းရွှေဘကို လှည့်ပြီး ဝယ်

လာကြတာလည်း ရှိတယ်လို့ သိရတယ်။ လသာရှိ ရွှေဆိုင်ရှင် တစ်ဦးကတော့

‘ ကျွန်တော်တို့ရွှေဆိုင်သမားတွေကတော့  အရောင်းအေးနေပါတယ်၊ အထည်

သေးလောက်ပဲနည်းနည်းပါးပါး အရောင်းအဝယ်ဖြစ်တယ်’လို့ပြောကြားကြောင်း

၂၀၀၉ခုနှစ် နိုဝင်ဘာ ၂၇ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထာားပါသည်။

Wednesday, November 25, 2009

ရွေးကောက်ပွဲ မတိုင်မီ မီးရထား၏ ဆောင်ရွက်ဆဲ စီမံကိန်းများ အပြီးသတ် လုပ်ဆောင်မည်

25/Nov/2009


ရထားပို့ဆောင်ရေးဝန်ကြီးဌာန၊ မြန်မာ့မီးရထားမှ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေး

နှစ်တွင် မီးရထားသံလမ်း ၂၅၀ မိုင်အပြီးသတ် ဖောက်လုပ်ရန် လျာထားကြောင်း

ရထားပို့ဆောင်ရေး ၀န်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်အောင်မင်းက သတင်းထောက်

များနှင့် တွေ့ဆုံစဉ်ပြောကြားခဲ့သည်။ “၂၀၁၀ ရွေးကောက်ပွဲအပြီးနောက်အစိုးရ

ကို လွှဲပေးရမယ်။ အဲဒီအတွက် ဒီနှစ်ထဲမှာ ဆောင်ရွက်ဆဲစီမံကိန်းတွေပြီးအောင်

ဖောက်လုပ်ဖို့ လမ်းညွှန်ထားတယ်။ ဒီနှစ် ခါတိုင်းနှစ်တွေထက် လေးဆလောက်

လုပ်ပေးရတယ်” ဟု ၀န်ကြီးက ထပ်မံပြောကြားခဲ့သည်။ ယခု ဘဏ္ဍာရေးနှစ်အ

တွင်း အပြီးသတ် ဖောက်လုပ်၍ ဖွင့်လှစ်ရမည့် မီးရထား လမ်းပိုင်းများမှာ ကံမ -

သရက်၊ ပခုက္ကူ-ကျွန်းချောင်း၊ မကွေး-ကံဗျား၊ပျော်ဘွယ်-ရွာတော်၊ကသာ-မိုးတာ

ကြီး၊ သရက်-မလွန်-မင်းလှ၊ ပြည်-ပေါက်ခေါင်း၊ ပုသိမ်-အိမ်မဲ မီးရထားလမ်းပိုင်း

များဖြစ်ကြသည်။ ယင်းစီမံကိန်း ၈ခုအနက် ကံမ-သရက်နှင် ပခုက္ကူ-ကြံခင်း မီးရ

ထားလမ်းမိုင် အနက်မှ ပခုက္ကူ- ကျွန်းချောင်း မီးရထားလမ်းကို ဖွင့်လှစ်ခဲ့ပြီး ဖြစ်

သည်။ ၁၉၉၈ မှ ၂၀၀၈ ခုနှစ်အထိ အနှစ် ၂၀ ကာလအတွင်း မီးရထားလမ်းမိုင်

ပေါင်း ၁၃၀၄ မိုင် ဖောက်လုပ်ခဲ့ပြီး ပျမ်းမျှ ခန့်မှန်းချက်အရ တစ်နှစ်လျှင် ၆၅ မိုင်

ဖောက်လုပ်ခဲ့ရာမှ ယခုနှစ်သည် သံလမ်းမိုင် ၂၅၀ မိုင်ဖောက်လုပ်ရမည်ဖြစ်ကာ

ယခင်နှစ်များထက် လေးဆဖောက်လုပ်ရမည့်ဖြစ်ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ

၂၆ ရက်နေ့ထုတ် 7Day News ဂျာနယ်တွင် ဖော်ပြထားပါသည်။


မုံရွာ စီးပွားရေးတက္ကသိုလ်တွင် ပညာရေး ဟောပြောပွဲ ကျင်းပ

25/Nov/2009


မုံရွာစီးပွားရေးတက္ကသိုလ်တွင်“Seminar on Environmental Toxicology”

ခေါင်းစဉ်ဖြင့် ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါဟောပြောပွဲတွင်

ပါမောက္ခ ဦးကျော်မြင့်ဦး၊ ပါမောက္ခချုပ် (ငြိမ်း) ဒဂုံတက္ကသိုလ်၊ မြန်မာနိုင်ငံ ၀ိဇ္ဇာ

နှင့် သိပ္ပံပညာရှင်များအဖွဲ့မှဟောပြောပို့ချခဲ့ပြီး၊မုံရွာစီးပွားရေးတက္ကသိုလ်မှဆရာ၊

ဆရာမ ၁၅၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။ ယင်းဟောပြောပွဲကို မုံရွာ

စီးပွားရေး တက္ကသိုလ် ဘက်စုံခန်းမတွင် နိုဝင်ဘာလ ၁၁ ရက်၊ နံနက် ၉ နာရီမှ

စတင်ကျင်းပ ပြုလုပ်ခဲ့ကြောင်း ၂၀၀၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်နေ့ထုတ် 7Day

News ဂျာနယ်တွင် ဖော်ပြထားပါသည်။

အားကစား သတင်းများ

အားကစား သတင်းများ

အိမ်ရှင်လာအိုကြောင့် မထင်မှတ်သည်များဖြစ်လာနိုင်ကြောင်း စင်ကာပူ ယူ-၂၃ အသင်းနည်းပြ သတိပေး

စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု စင်ကာပူ ယူ-၂၃အသင်းနည်းပြဖြစ်သူ ပတ်မန်နသန်က စင်ကာပူပါဝင်သောအုပ်စုတွင် မြန်မာနှင့် အင်ဒိုနီးရှားတို့ကို အဓိကထားယှဉ်ပြိုင်ရမည်ဖြစ်သော်လည်း အိမ်ရှင်လာအိုအသင်း ပါဝင်နေခြင်းကြောင့် ထင်မှတ်မထားသောရလဒ်များ ပေါ်ထွက်လာနိုင်သည်ဟု သတိပေးပြောဆိုလိုက်သည်။
''စာရွက်ပေါ်မှာကြည့်လိုက်မယ်ဆိုရင်တော့ စင်ကာပူဟာ မြန်မာနဲ့ အင်ဒိုနီးရှားလောက်ကိုသာ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ဒါပေမယ့် အိမ်ရှင်အသင်းဖြစ်တဲ့ လာအိုကို ကျွန်တော်တို့ မေ့မထားသင့်ပါဘူး။ သူတို့ဟာ အိမ်ရှင်ပရိတ်သတ်ရဲ့ အားပေးမှုနဲ့ အသင်းတိုင်းကို အနိုင်ကစားနိုင်စွမ်းရှိပါတယ်။ မြန်မာအသင်းဟာ ပြီးခဲ့တဲ့ပြိုင်ပွဲမှာ ငွေတံဆိပ်ရထားတဲ့ အသင်းဖြစ်လို့ ကျွန်တော်တို့ အဓိကယှဉ်ပြိုင်ရဖို့ ရှိပါတယ်''ဟု စင်ကာပူနည်းပြ ပတ်မန်နသန်က ESPN နှင့် တွေ့ဆုံရာ၌ ပြောကြားခဲ့သည်။
http://news-eleven.com/index.php?option=com_content&view=article&id=756:2009-11-25-09-35-06&catid=55:2009-11-13-06-16-17&Itemid=124 မှ ကူးယူဖေါ်ပြသည်။

ဒိုင်လူကြီးများသည် စိတ်နေမြင့် ကြရန်လည်း အရေးကြီး သည်ဟု ဦးခင်မောင်ကြိုင် သုံးသပ်

Saturday, 21 November 2009 18:17

ဒယ်လ်တာ အသင်း၏ စီအီးအို ဖြစ်သူ ဦးခင်မောင်ကြိုင်က မြန်မာ နေရှင်နယ် လိဂ်တွင် တာဝန် ထမ်းဆောင် နေကြသော ဒိုင်များနှင့် ပတ်သတ်၍ ဝေဖန်သုံးသပ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒိုင်တစ်ယောက် ဖြစ်ဖို့ဆိုတာ စည်းမျဉ်း စည်းကမ်းတွေ နားလည်နေရုံနဲ့ မရပါဘူး။ ကိုယ်ကိုယ်တိုင်က စိတ်နေမြင့်တဲ့သူ ဖြစ်ဖို့ လိုပါတယ်။ စိတ်နေမြင့်တယ် ဆိုတာက အခြေခံ စိတ်ထား ကောင်းတာကို ဆိုလိုတာပါ။ ဒိုင်တစ်ယောက်ဟာ ၀မ်းစာ အတွက် အလုပ်လုပ်တဲ့သူ မဖြစ်ရပါဘူး။ ကိုယ့်ရဲ့ ၀မ်းစာ အတွက် ဒိုင်လုပ်နေတာ ဆိုရင်တော့ နည်းနည်းတော့ လွဲနေပြီ ထင်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ပြောကြားခဲ့သည်။

ဦးခင်မောင်ကြိုင်က ၎င်းတို့အသင်း ကမ္ဘောဇကို ရှုံးနိမ့်ခဲ့သည့် ပွဲမှာ ဒိုင်ကြောင့် ပါဝင်သလို ကစားသမား များ၏ အတွေ့အကြုံ နုနယ်သေးသည့် အတွက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယခင်က ဘဏ္ဍာအခွန်ကို ကိုင်တွယ် ခဲ့စဉ်က ကစားသမား များသည် အတွေ့အကြုံ ရင့်ကျက်ကြ သဖြင့် ဒိုင်ဘက်လိုက်လျှင်ပင် အနိုင်ရအောင် မခံချင် စိတ်ဖြင့် ကစားကြလေ့ ရှိကြောင်း ၎င်းကဆိုသည်။ ဒယ်လ်တာ ကစားသမား များမှာမူ အတွေ့အကြုံ နုနယ် သေးသဖြင့် ဒိုင်ဘက်လိုက်လျှင် အားငယ်စိတ် ၀င်ကာ ရှုံးနိမ့်သွား ကြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။ သို့ရာတွင် ဒိုင်လူကြီး၏ ဘက်လိုက်ခဲ့ခြင်း အပေါ် မိမိအနေဖြင့် စိတ်မဆိုးကြောင်း၊ ယင်း အခြေအနေကို ၎င်းအနေဖြင့် ကြိုတွက် ထားခဲ့ပြီး ဖြစ်ကြောင်း အံ့ဖွယ် သုံးသပ် သွားခဲ့သည်။

“ကျွန်တော်တို့ အသင်းဟာ ချန်ပီယံဖြစ်ဖို့ ဆိုတာထက် ထိုက်သင့်တဲ့ အောင်မြင်မှု ရတယ်ဆိုရင်ပဲ ကျေနပ်ပါတယ်။ မဖြစ် နိုင်ဘူး ဆိုပြီးတော့ စိတ်ဓာတ် ကျသွားမှာ မဟုတ်ပါဘူး။ ကိုယ့်ဘက်က ကြိုးစား နေသလို သူများတွေလည်း ကြိုးစား နေကြတယ် ဆိုတာကို ကျွန်တော်တို့ နားလည်ပါတယ်” ဟု ဦးခင်မောင်ကြိုင်က ဆက်လက်ပြောကြား သွားခဲ့သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5212:2009-11-21-12-00-39&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံအား လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း အပေါ် ဇေယျာရွှေမြေ ရှင်းလင်း

Tuesday, 24 November 2009 19:58

ဇေယျာရွှေမြေ အသင်းသည် ရတနာပုံ အသင်း၏ အကယ်ဒမီ လူရွေးပွဲ အတွက် မုံရွာကွင်း မပေးရခြင်း ကိစ္စအပေါ် ရှင်းလင်း ပြောကြားသွား ခဲ့ကြောင်း သိရသည်။

“မုံရွာကွင်းဟာ ကျွန်တော်တို့ အိမ်ကွင်းအဖြစ် ရရှိထားတဲ့ ကွင်းဖြစ်ပါတယ်။ အဲဒီကွင်းကို ကျွန်တော်တို့ အသင်းက ပြန်လည် ပြုပြင်မှုတွေ ပြုလုပ် နေပါတယ်။ ဒါကြောင့် သူတို့ လူရွေးပွဲ လုပ်မှာကို လက်မခံ ခဲ့တာပါ။ ဒါပေမယ့် စစ်ကိုင်းမြို့က စစ်ကိုင်းကွင်းကို သူတို့အတွက် အသုံးပြုခွင့် ပေးထားပါတယ်။ တကယ် ဆိုရင်က ဘောလုံးသမားက မန္တလေး တိုင်းအတွင်း မှာတင် အများကြီး ရှိပါတယ်။ အဲဒီလူတွေ ကုန်အောင် မရွေးဘဲနဲ့ ဘာဖြစ်လို့ တစ်နိုင်ငံလုံး အင်ပါယာ လိုက်ဖြန့်နေ သလဲတော့ ကျွန်တော်လည်း မသိပါဘူး” ဟု အသင်း တာဝန်ရှိသူ တစ်ဦးက ရှင်းလင်း ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် နိုဝင်ဘာ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း အတွက် အကယ်ဒမီ လူရွေးပွဲကို မုံရွာမြို့၊ အားကစား ကွင်း၌ ကျင်းပ ပြုလုပ်ရန် လျာထားခဲ့ သော်လည်း ဇေယျာရွှေမြေ အသင်းဘက်မှ ခွင့်မပြုခဲ့ သဖြင့် ချောင်းဦး ကွင်းသို့ ပြောင်းရွှေ့ကာ ကျင်းပပြုလုပ် ခဲ့ရသည်။ အဆိုပါ လူရွေးပွဲတွင် ရတနာပုံ အသင်းသည် မုံရွာမြို့မှ လူငယ် ကစား သမားလေး နှစ်ဦးကိုသာ ရွေးချယ်ခဲ့ကြောင်း သိရသည်။ ရတနာပုံ အသင်းသည် ၎င်းတို့၏ လူငယ် ဘောလုံး အကယ်ဒမီ အတွက် မြန်မာနိုင်ငံ တစ်နိုင်ငံ လုံးရှိ မြို့ကြီး ၁၃ မြို့မှ အရည်အသွေး ရှိသော လူငယ် ကစားသမား လေးများကို ရှာဖွေ ရွေးချယ်နေခြင်း ဖြစ်သည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5257:2009-11-24-13-40-56&catid=54:myanmar-national-league&Itemid=104 မှ ကူးယူဖေါ်ပြသည်။

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF သဘောထားကို ဥက္ကဋ္ဌ ထုတ်ဖော်ပြောကြား

Sunday, 22 November 2009 18:57

ရတနာပုံ အသင်းနှင့် ပတ်သတ်၍ MFF က ထားရှိသည့် သဘောထားကို ဥက္ကဋ္ဌဖြစ်သူ ဦးဇော်ဇော်က ထုတ်ဖော် ပြောကြား သွားခဲ့ကြောင်း သိရသည်။

“တစ်ချို့ ပရိသတ်တွေက MFF ဟာ ရတနာပုံ အသင်းကို ဖိနှိပ် နေတယ်လို့ အမြင်စောင်း နေကြတာကို တွေ့ရတယ်။ တကယ်တော့ သေသေချာချာ စဉ်းစားကြည့်မယ် ဆိုရင် ခုလို အသင်းတွေ ပေါ်ထွက်လာဖို့ ကျွန်တော် တို့ကပဲ ခက်ခက်ခဲခဲ ကြိုးစား ခဲ့ရတာပါ။ အသင်းတစ်သင်း ပျက်သွားမယ်။ ကျရှုံးသွားမယ် ဆိုရင် ကျွန်တော်တို့ အတွက် ဘာအကျိုး ရှိနိုင်မလဲ။ အဖွဲ့ချုပ် အနေနဲ့ ဘယ်အသင်း ကိုမှ သာစေ နာစေ သဘော မထားဘဲ တန်းတူရည်တူ ဆက်ဆံ နေတာကို အားလုံး သေချာ ပြန်သုံးသပ် ကြည့်ရင် တွေ့ကြ ပါလိမ့်မယ်” ဟု ဦးဇော်ဇော်က ပြောကြားခဲ့သည်။

ရတနာပုံ အသင်း၏ ပရိသတ် များသည် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်အား နည်းပြချုပ် ရိုဟန် ဂါးရတ် လိုင်စင် မရှိမှုကြောင့် နည်းပြရာထူး ရပ်ဆိုင်း စေခဲ့ခြင်း အပေါ် မကျေမနပ် ဖြစ်နေကြခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ်သည် နိုဝင်ဘာ ၁၁ ရက်နေ့တွင် MNL နည်းပြများ အားလုံး လိုင်စင်များ တင်ပြရန် သတ်မှတ်ခဲ့ပြီး ၃ ရက်အတွင်း လိုင်စင် မတင်ပြ နိုင်သူများကို နည်းပြအဖြစ် တာဝန် ထမ်းဆောင်ခွင့် ရပ်ဆိုင်းခဲ့သည်။ ယင်းကာလ မတိုင်မီ အစောပိုင်းက ရတနာပုံ အသင်း၏ နည်းပြချုပ် ရိုဟန်တွင် လိုင်စင် မရှိကြောင်း အတည်ပြု ပြောကြားခြင်း ပြလုပ် ခဲ့ဖူးသည်။

“ရတနာပုံ အသင်းကို စည်းစနစ် တကျ ဖြစ်အောင် ဆောင်ရွက်ပေး နေတာက အကြောင်း ရှိပါတယ်။ သူတို့ အသင်းဟာ လက်ရှိမှာ မြန်မာ နေရှင်နယ်လိဂ် ချန်ပီယံ ဖြစ်ဖို့ အခွင့်အလမ်း အကောင်းဆုံး အသင်းပါ။ ချန်ပီယံ ဖြစ်လာခဲ့မယ် ဆိုရင် နိုင်ငံ ကိုယ်စားပြုပြီး နိုင်ငံတကာ ပွဲတွေ ထွက်ကစား ရတော့မယ်။ ဒီအခါမှာ စည်းမျဉ်း စည်းကမ်းနဲ့ မညီတာတွေ ရှိလာရင် နိုင်ငံတကာမှာ အရေးယူ ခံရပါလိမ့်မယ်။ ဒါကြောင့် သူတို့ကို စည်းမျဉ်း စည်းကမ်းပိုင်း သေချာ ကြပ်မတ် နေတာပါ။ တကယ်ဆိုရင် ရတနာပုံ အသင်းဟာ MNL မှာ လမ်းကြောင်းမှန်ပေါ် အရောက်ဆုံး အသင်း တစ်သင်းလို့ ဆိုနိုင်ပါတယ်။ ကျန်အသင်း တွေလည်း သူတို့လို လမ်းကြောင်းပေါ် ရောက်အောင် တွန်းပို့ ပေးနေပါတယ်” ဟု ဦးဇော်ဇော်က ဆက်လက် ပြောကြားခဲ့သည်။

ရတနာပုံ အသင်းသည် MFF မှ ထုတ်ပြန်သော နှစ်ပတ်လည် အစီရင်ခံစာ အရ ပြီးခဲ့သည့် MNL Cup ပြိုင်ပွဲ၌ တစ်ပွဲပျမ်းမျှ ပရိသတ် အများဆုံး အသင်း ဖြစ်ခဲ့သည်။ ၎င်းတို့၏ တစ်ပွဲပျမ်းမျှ ပရိသတ်သည် ၁၅၀၀၀ ခန့် ရှိသည်ဟု သိရသည်။ ထို့ပြင် ယင်းပြိုင်ပွဲ၌ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့သည့် ပွဲစဉ်မှာ ရတနာပုံနှင့် ရန်ကုန် တို့၏ ဗိုလ်လုပွဲ ဖြစ်ပြီး ယင်းပွဲတွင် ပ၇ိသတ် ၄၀၀၀၀ ကျော် လာရောက် ကြည့်ရှု ခဲ့ကြသည်။
http://soccermyanmar.com/index.php?option=com_content&view=article&id=5218:---mff---&catid=54:myanmar-national-league&Itemid=104 မှကူးယူဖေါ်ပြသည်။

Tuesday, November 24, 2009

ဖြူးဆရာတော် ထိုင်းနိုင်ငံတွင် ဘ၀နတ်ထံပျံလွန်တော်မူ

၂၄ နိုဝင်ဘာ ၂၀၀၉

့ဖြူးဆရာတော် ထိုင်းနိုင်ငံတွင် ဘ၀နတ်ထံပျံလွန်တော်မူသွားပြီဟု သတင်းရရှိပါတယ်။


နိုင်ငံကျော်ဓမ္မကထိက ဖြူးဆရာတော် ဘဒ္ဒန္တနရပတိသည် ယနေ့နံနက် (၇) နာရီခန့်တွင် ရန်ကုန်မြို့ရှိ အာရှတော်ဝင် ဆေးရုံကြီး၌ ပျံလွန်တော်မူသွားပြီဖြစ်သည်။

“ဘန်ကောက်မှာ ဆေးကုပြီး တနင်္ဂနွေနေ့က ပြန်ကြွခဲ့တာပါ။ ဒီနေ့မနက်တော့ ဆရာတော်ကြီး ပျံတော်မူသွားတယ်။ အန္တိမဈာပနအခမ်းအနားကို (၃၀) ရက်နေ့မှာ လုပ်မှာပါ” ဟု ရန်ကုန် ဖြူးမဟာစည်ရိပ်သာမှ သံဃာတော်တပါးက မိန့်သည်။

ဖြူးဆရာတော်သည် လွန်ခဲ့သည့် (၂) နှစ်ခန့်က ကျောက်ကပ်အစားထိုး ကုသမှုခံယူထားရာမှ ကျောက်ကပ်သို့ ရောဂါပိုး ၀င်ရောက်ခြင်းကြောင့် နိုဝင်ဘာ (၂) ရက်နေ့တွင် ဘန်ကောက်ရှိ PRARAM-9 ဆေးရုံကြီးသို့ တက်ရောက်ကုသခဲ့ရသည်။

“ဆရာတော်က နာမည်ကြီး ဓမ္မကထိက ဆရာတော်တပါးပါ။ ထေရ၀ါဒဗုဒ္ဓဘာသာ တရားစစ်စစ်ကို သိနိုင်ကြဖို့ တနိုင်ငံလုံးကို လှည့်လည်ဟောပြောခဲ့တဲ့ ဆရာတော်ပါ။ နာမည်အကြီးဆုံး တရားကတော့ သွေးနဲ့ရေးတဲ့သာသနာ ဆိုတဲ့တရားပါ” ဟု ဘန်ကောက်မှ ဦးဓမ္မပါလက မိန့်သည်။

ဆရာတော်ကို စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပင်စိမ်းကင်းကျေးရွာတွင် အဘ ဦးဘလွင်၊ အမိ ဒေါ်ဒေါ်မေတို့မှ ၁၉၄၁ ခုနှစ်တွင် မွေးဖွားခဲ့ရာ ပျံလွန်တော်မူချိန်တွင် သက်တော် (၆၈) နှစ်၊ သိက္ခာတော် (၄၉) ၀ါ ရှိပြီဖြစ်သည်။

ဖြူးမြို့ ရုံးကြီးရပ်ကွက်တွင် မဟာစည်သာသနာ့ရိပ်သာကျောင်းတိုက်ကို ၁၉၇၇ ခုနှစ်တွင် စတင် တည်ထောင်တော်မူခဲ့ပြီးနောက် ဖြူးဆရာတော်ဟူ၍ ထင်ရှားကျော်ကြားလာခဲ့ကာ နိုင်ငံတ၀ှမ်းသို့ လှည့်လည်၍ တရားဓမ္မများ ဟောကြားခဲ့သည်။

“ဆရာတော်ဟာ ထေရ၀ါဒဗုဒ္ဓဘာသာစစ်စစ်တရားတွေကို ရဲရဲဝံ့ဝံ့ဟောခဲ့တာပါ။ အယူလွဲစေမယ့် နတ်ကိုးကွယ်မှုတွေကိုလည်း ပြင်းပြင်းထန်ထန် ပြောဆိုဆုံးမခဲ့တဲ့ ဆရာတော်ပါ” ဟု ရန်ကုန်မှ ဒကာတဦးက ပြောသည်။

် ဘဒ္ဒန္တနရပတိ
ကျောင်းတိုက် မဟာစည်သာသနာ့ ရိပ်သာ၊ ပင်စင်လမ်း၊ ဖြူး မြို့ ။
သက်တော် (၆၄) နှစ်၊ သိက္ခာတော် (၄၅)၀ါ
၊သုဓမ္မာဂိုဏ်း ၊
မွေးသက္ကရာဇ် ၁၃၀၃ခုနှစ်၊ တပို့တွဲ လပြည့်ကျော် (၈) ရက် စနေနေ့ ။
သာသနာ့ဝင်မှတ်တမ်း ၇/ဖမန (သ) ၀၀၀၁၂၇
ဇာတိ ရပ်ရပ်ရွာ ၊ စစ်ကိုင်းတိုင်း ၊ ရေဦးမြို့ နယ်၊ ပင်စိမ်းကင်းကျေးရွာ၊
ခမည်းတော် ၊မယ်တော်၊ ဦးဘလွင်၊ ဒေါ်ဒေါ် မေ

Saturday, November 21, 2009

ကလေးဒေသခံ စာရေးဆရာများ ၏ စာပေဟောပြော ပွဲ ကျင်းပ

ကလေးဒေသခံ စာရေးဆရာများ ၏ စာပေဟောပြော ပွဲ ကျင်းပ
ကလေးမြို့ မှာ တော့ ကလေးနယ်က ဒေသခံ စာရေးဆရာတွေ က ဟောပြောခဲ့ တဲ့ စာပေဟောပြော ပွဲ ကို ၂၀၀၉-ခုနှစ် နိုဝင်ဘာလ ၂၁ ရက်နေ့ မှာ ကလေးမြို့ ဗိုလ်ချုပ်လမ်းမှာ ရှိတဲ့ နှစ်ခြင်း အသင်းတော်မှာ ကျင်းပ ခဲ့တယ်လို့ သိရပါတယ်။ ကလေးမြို့ မှာ အခါ အားလျော်စွာ စာပေဟောပြောပွဲတွေကို နိုင်ငံ ကျော်စာရေးဆရာကြီးများ ဖိတ်ကြား ပြီး ကျင်းပခဲ့ ပါတယ်။ ဒါပေမယ့် နှစ်စဉ် ကျင်းပ နိုင်ခြင်း မရှိပါဘူး။ နောက်ဆုံးအနေနဲ့ နေသာစာကြည့်တိုက်ဖွင့်ပွဲ အနေနဲ့ ဆရာလယ်တွင်းသားစောချစ်နဲ့ ဆရာမ ဒေါ်သန်းမြင့်အောင် တို့ ဟောပြောတဲ့ ပွဲ ဟာ နောက်ဆုံးကျင်းပ ခဲ့ပါတယ်။ နေသာပညာ ဒါန ရဲ့ (၁၅)နှစ်မြောက်ပွဲမှာ တော့ စာပေဟောပြောပွဲ ကျင်းပ မယ်လို့ တော့  ပြောဆိုသံတွေ ကြားနေရပါတယ်။
အခု လို နှစ်ခြင်းအသင်းတော်မှာ ကျင်းပ တာဟာ နှစ်ကြိမ် မြောက်ရှိပြီလို့ သိရပါတယ်။ အရင်နှစ်တွေတုန်းက လည်း မြို့ ခံ စာရေးဆရာတွေ ပဲ ဟော ပြောခဲ့တာပါ။ စာပေ၀ါသနာပါတဲ့ အသင်းတော် လူကြီးများ က " အခုလို စာပေဟောပြောပွဲကျင်းပါတာ ကျွန်တော်တို့ ချင်းလူမျိုး တွေ စာပေနဲ့ နီးစပ်အောင်ပါ။ စာဖတ်တဲ့ သူနဲလာတယ်။ ချင်စာပေမှာလည်း ဘာသာရေးနဲ့ ပတ်သက်တာတွေ ရှိပေမယ့် ၊ ရသ ၊သုတ စာပေ တွေ ချင်းစာ နဲ့ ရှားသေးတယ်။ အဲဒီ ကွက်လပ်တွေဖြည့်ချင်တယ်။ လူငယ်တွေ စာပေအသိ များများ ရစေချင်တယ်။ ချင်းစာပေမှာလည်း သုတ ၊ ရသ စုံအောင် ဖြစ်စေချင်တယ်" လို့ ပြောပြ ပါတယ်။
အခု စာပေဟောပြောပွဲမှာ ဂျာနယ်လစ်တစ်ဦး ဖြစ်တဲ့ အောင်သူထွန်း(ကလေးမြို့ )က သတင်းများနှင့်ခရီးသွားခြင်း၊ ဆရာသမုတိသစ္စာ က ဘ၀နှင့် အတွေ့ အကြုံ များ၊ ဆရာသန်းရွှေဦး က စာပေအရေးအသားနဲ့ သဘောတရား ၊ ဆရာ ကလေးဝင်းသူ က ကဗျာများအကြောင်းသိကောင်းစရာ စတဲ့ ခေါင်းစဉ် များနဲ့ ဟောပြောခဲ့ပါတယ်။
ကလေးဒေသမှာ တော့ စာပေ အသိုင်းအ၀ိုင်း ကြီးမားပြီး လူငယ် ကလောင်ရှင်များ စွာထွက်ပေါ်နေပြီး ဒီအထဲက သူရ(ကလေး)၊ သော်တာစံ ၊ စတဲ့ ကလောင်တွေ ဟာ မဂ္ဂဇင်းမှာ လက်သွက် နေပါတယ်။ ကြိုးစားနေတဲ့ စာပေ၀ါသနာ ရှင် အများ စု ရှိနေပြီး နေသာပညာဒါန မှာလည်း အပတ်စဉ် စာဖတ်ပွဲတွေကို ပြုလုပ်နေတယ်လို့ နေသာပညာဒါနက ဆရာ အောင်ဆန်းလင်းက ပြောပြပါတယ်။

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

ပုဂ္ဂလိကသို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးပြီ

တက္ကသိုလ်ဝင်တန်းကျောင်းသားများအား ပညာသင်ကြားလျက်ရှိသည့် ACA ပညာရိပ်ငြိမ်ဘော်ဒါဆောင်ကို အခြေံပညာအထက်တန်းကျောင်းအဖြစ် အသိအမှတ်ပြု၍ တရားဝင်ပညာသင်ကြားခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

ပုဂ္ဂလိကသို့ ယခုကဲ့သို့ အခြေခံပညာကျောင်း ဖွင့်ခွင့်ပေးခြင်းနှင့် ပတ်သက်၍ ပညာရေးဝန်ကြီးဌာနသို့ ဆက်သွယ်မေးမြန်းရာ တစ်စုံတစ်ရာ ဖြေကြားခြင်းမရှိပေ။

သက်တမ်း၂၆နှစ်ရှိပြီဖြစ်သော ACA ဘော်ဒါဆောင်၏ အခြေခံပညာအထက်တန်းကျောင်း ဖွင့်လှစ်ခြင်း အခမ်းအနားကို နိုဝင်ဘာ၉ရက်နေ့တွင် ကျင်းပခဲ့ပြီး ကျောင်းသားများကို အချိန်ပြည့် ပညာသင်ကြားခွင့် ရရှိပြီဖြစ်သည်။ ထိုကျောင်းတွင် ပဉ္စမတန်းမှ တက္ကသိုလ်တန်းအထိ ကျောင်းသားများကို ကျောင်းအိပ်၊ ကျောင်းစားပညာသင်ကြားစေလျက်ရှိပြီး ကျောင်းသားဦးရေ တစ်ရာကျော်ရှိကြောင်း သိရသည်။ ပဉ္စမတန်းမှ နဝမတန်းအထိ အတန်းတင်စာမေးပွဲများကို ၎င်းကျောင်းတွင် စစ်ဆေးမည်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲကို သက်ဆိုင်ရာ အခြေခံပညာ အထက်တန်းကျောင်းများတွင် သွားရောက်ဖြေဆိုကြရမည် ဖြစ်သည်။ ACA ပညာရိပ်ငြိမ် ဘော်ဒါဆောင်သည် မြောက်ဥက္ကလာမြို့နယ်တွင် တည်ရှိပြီး ၁၉၈၃ခုနှစ်တွင် စတည်တည်ထောင်ခဲ့သည်။ တက္ကသိုလ်ဝင်တန်းအောင်ချက် အနေဖြင့် ၉၀ရာခိုင်နှုန်းနှင့် အထက်ရှိကြောင်း သိရသည်။ “သတင်းတွေတော့ ကြားနေပါတယ်။ တကယ်ချပေးပြီဆိုရင်တော့ ပြိုင်ဆိုင်မှုပိုများလာပြီပေါ့။ ပြိုင်ဆိုင်မှုပိုများလာလေလေ။ အကျိုးရှိလေလေပါပဲ။ ပညာရေးမှာ သင်ကြားပို့ချနည်းတို့၊ ကျောင်းတက်ချိန်တို့၊ စည်းကမ်းပိုင်းဆိုင်ရာတွေ ကျောင်းသားတွေအတွက် ပိုမိုကောင်းမွန်လာနိုင်စေပါတယ်။ စနစ်ကျဖို့တော့လိုပါတယ်။ အခုမှ စစချင်းလုပ်တဲ့ အချိန်ဆိုတော့”ဟု ရန်ကုန်စီးပွားရေးတက္ကသိုလ် အငြိမ်းစားပါမောက္ခ ဒေါ်လှမြင့်က သုံးသပ်သည်။

ပြင်ဦးလွင်မြို့နှင့် နေပြည်တော်မြို့တွင် ဖွင့်လှစ်လျက်ရှိသော နာမည်ကြီး ဘော်ဒါဆောင်တစ်ခုဖြစ်သည့် စိုးစံဘော်ဒါဆောင်နှင့် စာပန်းအိမ်ဘော်ဒါဆောင်တို့ကို ဆက်သွယ်မေးမြန်းရာ တာဝန်ရှိသူများက အပြောင်းအလဲ တစ်စုံတစ်ရာ မရှိသေးကြောင်း လက်ရှိအချိန်အထိ သက်ဆိုင်ရာ အခြေခံပညာကျောင်းများသို့ ကျောင်းသားများ ကျောင်းခေါ်ချိန်အတိုင်း တက်ရောက်နေရဆဲဖြစ်ကြောင်း ပြန်လည်ဖြေကြားသည်။

Credit: နေလင်းထွန်း၊ ဗိုလ်ဗိုလ်ဝင်း (7Day News Journal, Vol. 8, No. 36)
http://www.planet.com.mm/news/read.cfm/id/14011 မှ ကူးယူဖေါ် ပြသည်။ ။

လာမည့် ၂၀၁၀ -၂၀၁၁ ပညာသင်နှစ်မှစ၍ အခြေခံ ပညာပုဂ္ဂလိက အထက်တန်းကျောင်းများ တရားဝင်ဖွင့်လှစ်ရန် ကြိုတင် ပြင်ဆင်ခွင့် ပေးပြီ...................မှ

ယခုလအတွင်းမှ အစိုးရနှင့် ပူးပေါင်း၍ တရားဝင်ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်းများ ဖွင့်လှစ်ရန်ကြိုတင်ပြင်ဆင်မှုကို ပြင်ဦးလွင်ရှိ စာပန်းအိမ်၊ နေပြည်တော်ရှိ စိုးစံ နှင့် ACA ပုဂ္ဂလိက ပညာရေးလုပ်ငန်းများက ပုဂ္ဂလိက အခြေခံပညာ အထက်တန်းကျောင်း များဖွင့်လှစ်နိုင်ရန် ပညာရေးဝန်ကြီး ဌာနနှင့် ညှိနှိုင်း ပြင်ဆင်နေပြီဟုသိရှိ ရပါသည်။

http://www.news-eleven.com/index.php?option=com_content&view=article&id=623:2009-11-16-04-50-22&catid=42:2009-11-10-07-36-59&Itemid=112 မှ ကူးယူဖေါ် ပြ သည်။
မိုက်ကယ်လန်းစ်အဖွဲ့ မြန်မာပြည်သို့ လာရောက်ဖျော်ဖြေမည်

နှစ်ပေါင်းနှစ်ဆယ်ကျော်သက်တမ်းရှိပြီဖြစ်ပြီး ကမ္ဘာကျော်တေးဂီတ အဖွဲ့တစ်ဖွဲ့ဖြစ်သည့် မိုက်ကယ်လန်းစ်တူရော့ခ်အဖွဲ့သည် မြန်မာနိုင်ငံတွင် လာမည့်ဒီဇင်ဘာလ တတိယပတ်အတွင်း ဖျော်ဖြေပွဲတစ်ခုကို ထူးကုမ္ပဏီအစီအစဉ်ဖြင့် ပြုလုပ်သွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီမှ အမှုဆောင် ဦးပြည့်ဖြိုးတေဇက အတည်ပြုပြောကြားသည်။ အဆိုပါပွဲအား ကျင်းပဖြစ်မည်ဆိုပါက မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာအတွင်း ပထမဦးဆုံးသော ကမ္ဘာကျော်များ၏ လာရောက်ဖျော်ဖြေမှုဖြစ်လာမည် ဖြစ်သည်။ မိုက်ကယ်လန်းစ်အဖွဲ့၏ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံအတွင်းတွင် လာမည့်ဒီဇင်ဘာလ ၁၈ရက်နေ့၌ ကျင်းပသွားရန် အကြမ်းဖျင်းစီစဉ်ထားကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံသို့ လာရောက်ဖျော်ဖြေရန် မိုက်ကယ်လန်းစ်အဖွဲ့နှင့် ထူးကုမ္ပဏီတို့အကြား ညှိနှိုင်းမှုများ ပြီးစီးနေပြီဖြစ်ကြောင်း စုံစမ်းသိရသည်။

မိုက်ကယ်လန်းစ်၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော www.mltr.dkတွင် မိုက်ကယ်လန်းစ်၏ တစ်နှစ်တာဖျော်ဖြေရေး အစီအစဉ်တွင် မြန်မာပြည်ခရီးစဉ်ကိုမူ ဖော်ပြထားခြင်း မရှိသေးပေ။

“သူတို့လို ကမ္ဘာကျော်တွေ လာပြီးဖျော်ဖြေမယ်ဆိုတော့ အရမ်းကောင်းတောပေါ့။ ကျွန်တော်ကလည်း သူတို့ပရိသတ်တစ်ယောက်ပါ။ ခုလို သူတို့လာမယ်လို့ကြားရလို့ အရမ်းဝမ်းသာတယ်။ ပွဲကိုကြည့်ဖြစ်အောင် သွားကြည့်မယ်”ဟု မိုက်ကယ်လန်းစ်၏သီချင်း “Sleeping Child”ကို ပြန်လည်ပုံဖော်ထားသော “သူလေအိပ်နေတယ်” သီချင်းဖြင့် အောင်မြင်မှုရရှိခဲ့သည့် စည်သူလွင်က ပြောသည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် မူလက ဒိန်းမတ်နိုင်ငံသား ဂီတပညာရှင်လေးဦးဖြင့် ဖွဲ့စည်းခဲ့သော ရော့ခ်တေးဂီတအဖွဲ့ ဖြစ်သော်လည်း အဖွဲ့ဝင် ဆိုရမ်မက်ဆမ် နုတ်ထွက်သွားသဖြင့် သုံးဦးသာ ကျန်ရှိတော့သည်။ ၎င်းတို့အဖွဲ့၏ Sleeping Child, Take me to your heart, 25minutes, Blue Night, Eternal Flame, Paint My Love, Somedayစသည့် သီချင်းများမှာ အလွန်ကျော်ကြားသော သီချင်းများဖြစ်ပြီး လူလတ်ပိုင်းမြန်မာပရိသတ်များ အထူးနှစ်သက်ကြသော သီချင်းများဖြစ်သည်။

၎င်းတို့၏ နာမည်ကြီး သီချင်းအားလုံးလိုလိုအား မြန်မာစာသားဖြင့် ထည့်သွင်းသီဆိုထားသော မြန်မာသီချင်းများမှာလည်း ပရိသတ်အကြား အထူးရေပန်းစာခဲ့သည်။ ပရိသတ်ထူးထူခြားခြား အားပေးခံရသော သီချင်းများမှာ မျိုးကြီးပြန်လည်သီဆိုထားသော အပြာရောင်အချစ်ည၊ ဝိုင်းဝိုင်း၏ကြိုးမဲ့စွန်၊ စည်သူလွင်၏ သူလေအိပ်နေတယ်၊ ထွဏ်းထွဏ်း၏ ၂၅မိနစ်စသည့် သီချင်းများဖြစ်သည်။

မိုက်ကယ်လန်းစ်အဖွဲ့သည် ရော့ခ်တေးဂီတအပျော့စား၊ ဘောလက်ခ်ရော့ခ်၊ ပေါ့ခ်ရော့ခ်၊ အော်တာနေးတစ်ပေါ့ခ်စသည့် တေးဂီတ အမျိုးအစားများကို အများဆုံးသီဆိုလေ့ရှိပြီး သူတို့၏ သီချင်းအများစုမှာ အပြင်းစား ပေါက်ကွဲသံစဉ်များ မပါဝင်ဘဲ သီချင်းအေးအေးငြိမ့်ငြိမ့်များသည်။ မြန်မာနိုင်ငံသို့ ကမ္ဘာကျော်ဂီတပညာရှင် လာရောက်မှုအနေနှင့် ၂၀၀၃ခုနှစ် နိုဝင်ဘာလတွင် ကမ္ဘာကျော်ရိုလင်းစတုန်းအဖွဲ့မှ ပင်တိုင်အဆိုတော် မစ်ခ်ဂျက်ကာ လာရောက်ခဲ့ဖူးပြီး ၎င်း၏ခရီးစဉ်သည် အလည်အပတ် သက်သက်သာ လာရောက်ခြင်းဖြစ်ပြီး ဖျော်ဖြေပွဲကျင်းပခဲ့ခြင်း မရှိပေ။

Credit: အေးမြကျော် (7Day News Journal, Vol. 8, No. 36)
http://www.planet.com.mm/news/read.cfm/id/14001 (မှ ကူးယူ ဖေါ် ပြသည်)

Friday, November 20, 2009

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်

မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်
ရန်ကုန်၊ ရခိုင်ပြည်နယ်အတွင်း မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်းစတင်ဆောက်လုပ် နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကမ်းလွန်ရေနံ လုပ်ငန်းတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားရေနံကုမ္ပဏတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ- တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်သည့် အခမ်းအနား ကို အောက်တိုဘာ ၃၁ရက်တွင် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ကျင်း ပခဲ့ရာ ရခိုင်ပြည်နယ်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ ပို့ဆောင်ရေးဝန် ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေနှင့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီနှင့ှ်တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရေနံတင်ဆိပ်ကမ်း ကို ကျောက်ဖြူမြို့နယ် မဒဲ ကျွန်းတွင်ဆောက်လုပ်ခြင်းဖြစ်ပြီရေနံစိမ်းပိုက်လိုင်းကို ယင်းဆိပ် ကမ်းမှတစ်ဆင့် မဒဲကျွန်းအနောက် ဘက်ကိုဖြတ်သန်း၍ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်သို့ ဆက် သွယ်မည်ဖြစ်ပြီး ယင်းပိုက်လိုင်းသည် မိုင် ၄၈၀ (၇၇၁ ကီလိုမီတာ)ဖြစ်သည်။
http://www.yangonmedia.com/news/news_detail.asp?nid=1480 မှ ကူး ယူဖေါ်ပြပါသည်။ ။

တမူမြို့ တွင် ပစ်ခတ်မှု ဖြစ်ပွားဟု ဆို

အိန္ဒိယ - မြန်မာ နယ်စပ်မြို့ တမြို့ဖြစ်သော စစ်ကိုင်းတိုင်း တမူးမြို့ ရပ်ကွက်တစ်ခုအတွင်း အိမ်တအိမ်ကို
အမည်မသိသူများက လာရောက်ပစ်ခတ်မှု ဖြစ်ပွားခဲ့သည်ဟု သိရှိရပါတယ်။

တမူးမြို့ကို ဖြတ်သန်းသွားသော အာရှလမ်းမကြီးဘေးရှိ အဆိုပါ နေအိမ်ကို နိုဝင်ဘာ
၁၆ ရက်နေ့ ည ၇ နာရီ ၀န်းကျင်က ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်တစုံတရာ
မရှိခဲ့ကြောင်း မြို့ခံများက ပြောကြားကြပါတယ်။

“အဝေးကနေ လှမ်းပစ်တာ။ အိမ်ကိုတော့ မထိဘူး။ အိမ်နဲ့ အိမ်နားက အမှတ် (၉)
စာသင်ကျောင်းကြားက မြက်ခင်းမှာကျတာ။ အသံက တော်တော်ပြင်းတယ်။ တမြို့လုံး
ဟိန်းသွားတာ။ တဘက် မိုးရေးကနေတောင် ကြားရတယ်တဲ့။ ဘယ်သူက ဘယ်လိုပစ်တယ်ဆိုတာ ခုထိ
မသိကြဘူး” ဟု တမူးမြို့ခံတဦးက ပြောပြပါတယ်။

တမူးမြို့နယ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ရှိသူတဦးက
ပစ်ခတ်မှုဖြစ်ပွားသည်မှာ ဟုတ်မှန်ကြောင်း၊ ထိခိုက်မှုမရှိကြောင်း
ဖြေကြား ခဲ့ ပါတယ်။

ဇွန်လအတွင်းကလည်း တမူးမြို့ မြို့သစ်ရပ်ရှိ နေအိမ်မှ လက်နက်ခဲယမ်းများ ပေါက်ကွဲမှုကြောင့် နေအိမ် ၃ လုံး
မီးလောင်ခဲ့ပြီး လူတဦး သေဆုံးခဲ့သေးတယ်လို့ သိရှိရပါတယ်။

Thursday, November 19, 2009

မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး သတင်းများ

နယ်စပ်ကုန်သွယ်ရေးက သတင်းတွေပါ http://www.myanmartradenet.com.mm/ မှ ကူးယူ ဖော်ပြ ပေးထားတာပါ။ ဘာပဲ ပြောပြော မြန်မာ-အိန္ဒိယ နယ်စပ်ကုန်သွယ်ရေး ကိုအနီးစပ်ဆုံး ခန့်မှန်းနိုင်မှာပါ။ လက်ရှိ နိုဝင်ဘာလ (၁၉) ရက်မှာတော့ အိန္ဒိယ တစ်ရူပီး ကို မြန်မာကျပ်ငွေ (၂၀) ၀န်းကျင်လောက်ရှိနေပါတယ်။ နယ်စပ်က သိရတဲ့ ပတ်တားလဲလှယ်နှုန်းကို လည်း တတ်နိုင်သလောက် တင်ပေးပါ့မယ်။ ။
ရိဒ်နယ်စပ်က ကလေးကင်းဘတ်ဖိနပ် ပိုမိုတင်ပို့နိုင်

မိုးအကုန်ဆောင်းအကူးကာလဖြစ်တဲ့အတွက် ကလေးစီးကင်းဘတ်ဖိနပ်များတဖက်နိုင်ငံသို့တိုးမြင့်တင်ပို့လျက်ရှိကြောင်း ရိဒ်နယ်စပ်ကုန်သွယ် ရေးစခန်းမှ သတင်းရရှိပါတယ်။ စက်တင်ဘာလမှာ ကလေးစီးဖိနပ် ကျပ် ၂ သန်းဖိုးတင်ပို့နိုင်ခဲ့ပြီး အနီးစပ်ဆုံးကာလထက် ကျပ် ၁ သန်းကျော်ဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ စက်တင်ဘာလအတွင်း အများဆုံးတင်ပို့နိုင်တဲ့ ပို့ကုန်တွေကတော့ ဆေးရိုး၊ ဆေးကြေမှုန့်၊ ချင်းတောင်ပန်းသီး၊ ချင်းပဲ (ပဲယင်း) ငြုပ်သီးစိမ်း၊ ၀က်အရှင်၊ စက်မှုကုန်ချောထွက်ကုန်၊ ပလပ်စတစ်အိတ်၊ အီလန်ဆပ်ပြာမှုန့်၊ မုန့်မျိုးစုံ၊ ဓါတ်ဘူး၊ မတ်ခွက်၊ ကလေးနဲ့ အမျိုးသမီးစီး Canvas ဖိနပ်များ တင်ပို့နိုင်ခဲ့တယ်လို့ သိရပါတယ်။ သွင်းကုန်ပိုင်းမှာ တော့ပိုတက်နဲ့ယူရီးယား ဓါတ်မြေသြဇာများ င်သွင်းလျက် ရှိတယ်လို့သတင်းရရှိပါတယ်။
ခင်မိုးသူ
ပို့ကုန်အမယ်သစ် မြန်မာ့ငရုပ်သီးစိမ်း

အိန္ဒိယနိုင်ငံရဲ့ အဓိကဟင်းလျာအစားအစာတွေနဲ့ ရိုးရာသရေစာ (ဘယာကြော်၊ ဆမူဆာ) တွေမှာ တွင်တွင်ထည့်သုံးကြတဲ့ ငရုပ်သီးစိမ်း တွေကို ရိဒ်ဒေသမှာ အရောင်းအ၀ယ်ဖြစ်နေတယ်လို့ သိရပါတယ်။ ရိဒ်ဒေသထွက် ငရုပ်သီးစိမ်းတွေကို တစ်ကီလိုလျင် ၁၈ ရူပီးလောက်နဲ့ ၀ယ်ယူ ကြပြီး တစ်ဖက် ဇိုခေါဒါရ်မှာ တစ်ကီလို ၂၁ ရူပီးခန့် ဈေးနဲ့ပြန်လည်ရောင်းချလျက်ရှိကြပါတယ်။

ပြည်မနဲ့ ဝေးကွာပြီး အိမ်နီးချင်းနိုင်ငံက လယ်ယာထွက်ကုန်ကိုသာ အဓိက အမီသဟဲပြုနေကြရတဲ့ ဇိုခေါဒါရ်နေ ပြည်သူအများကတော့ မြန်မာ နိုင်ငံ ရိဒ်ဒေသတ၀ိုက်က ထွက်ရှိတဲ့ ငရုပ်သီးစိမ်းကိုလည်း ယခု အခါမှာ အ၀ယ်လိုက်လျက်ရှိတဲ့အတွက် ပို့ကုန်တိုးမြှင့်ရေး အစီအစဉ် လိုင်စင် လျှောက်ထား တင်ပို့နိုင်ဖို့ ရိဒ်နယ်စပ် ကကုန်သည်တွေပြင်ဆင်နေကြတယ်လို့သိရပါတယ်။

ငရုပ်သီးစိမ်းဟာ ရိဒ်နယ်စပ်အတွက် အမယ်သစ်ပို့ကုန်ဖြစ်လာတော့မှာဖြစ်ပါတယ်။ လတ်တလောမှာ ရိဒ်နယ်စပ်က တဆင့်တစ်ဖက်နိုင်ငံကို တင်ပို့နေရတဲ့ လယ်ယာထွက်ကုန်တွေကတော့ ကွမ်းသီး၊ ဆေးရိုး၊ ချင်းတောင်ပန်းသီး၊ နနွင်းတက်၊ ဆေးကြေမှုန့်ဖြစ်ပါတယ်။
စမ်းစမ်းအေး

Wednesday, November 18, 2009

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

ပုသိမ်မြို့ အနီး ရေပြင်၌ ခရီးသည် တင်ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲပါတွန်းရေယာဉ်တစ်စင်းတို့တိုက်မိ

18/Nov/2009

ပုသိမ်မြို့အနီး ရေပြင်၌ ခရီးသည်တင် ရေယာဉ်တစ်စင်းနှင့် ဆီတင်တွဲရေယာဉ်
တစ်စင်းတို့ နိုဝင်ဘာ ၁၅ရက် ညပိုင်းက တိုက်မိသဖြင့် ခရီးသည်တင်ရေယာဉ်
ပေါ်တွင် လိုက်ပါလာသူအများစုအား ကယ်တင်နိုင်ခဲ့သော်လည်း ခရီးသည်အချို့
သေဆုံး၊ ပျောက်ဆုံးမှုရှိခဲ့ကြောင်း၊ ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများဆက်လက်
ဆောင်ရွက်လျက်ရှိကြောင်းသိရှိရသည်။ ပုသိမ်-သက္ကယ်သောင်ပြေးဆွဲသည့် ခရီး
သည်နှင့်ရေယာဉ်ဝန်ထမ်း ၁၇၆ဦးလိုက်ပါလာသော ပုဂ္ဂလိက ခရီးသည်တင်ရေယာဉ်
နေမျိုးထွန်းကြီးသည် နိုဝင်ဘာ ၁၅ရက်ည၇နာရီတွင် ပုသိမ်ဆိပ်ကမ်းမှ ထွက်ခွာလာ
ရာ ည၈နာရီခန့်တွင် ပုသိမ်မြို့နှင့် ၆မိုင်ခွဲအကွာရှိ ရှမ်း ငူကျေးရွာအနီး၌ ပုသိမ်မြို့သို့
ဝင်ရောက်လာသည့် ဒီဇယ်ဆီများတင်ဆောင်လာသော ဆီတင်တွဲပါတွန်းရေယာဉ်
ဓနနှင့် တိုက်မိခဲ့ကြောင်း၊ ခရီးသည်တင်ရေယာဉ် နေမျိုးထွန်းကြီ့းသည် ယင်းနေရာ၌
ပင် ဦးပိုင်းကြေမွပြီး နစ်မြုပ်သွားခဲ့ကြောင်း၊ ရေယာဉ်နစ်မြုပ်ကြောင်း သိလျှင်သိချင်း
ရှမ်းငူကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများသည် စက်လှေများဖြင့်
လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများ၊
ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်းများနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များသည် ရှပ်ပြေး
ရေယာဉ်များဖြင့် လည်းကောင်း ရောက်ရှိလာကြပြီး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်
ရွက်ခဲ့သဖြင့် ခရီးသည်တင်ရေယာဉ်တွင် ပါရှိသူ ၁၇၆ဦးအနက် ၁၂၆ဦးအားကယ်ဆယ်
နိုင်ခဲ့ကာ နိုဝင်ဘာ ၁၆ရက်အထိ သေဆုံးသူ၃၁ဦး၏ အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ပြီး ပျောက်ဆုံးသူ၁၉ဦးအားဆက်လက်ရှာဖွေလျက်ရှိကြောင်း သိရသည်။ ခရီးသည်တင်
ရေယာဉ်ပေါ်မှ ကယ်တင်ရရှိခဲ့သူ ၁၂၆ဦးအားပုသိမ်မြို့သို့ပို့ဆောင်ပေးခဲ့ရာ ဧရာဝတီတိုင်း
အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အနောက်တောင်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်ချုပ်ကျော်ဆွေနှင့် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနမှ
တာဝန် ရှိသူများက ကြိုဆိုနေရာချထားပေးပြီး လိုအပ်သည့်ဆေးဝါးကုသမှုနှင့် ကူညီ
ထောက်ပံ့မှုများ ဆောင်ရွက်ပေးကာ နေရာအသီးသီးသို့ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း
၂၀၀၉ခုနှစ်နိုဝင်ဘာ ၁၈ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာတွင်ဖော်ပြထားပါသည်။
http://www.khitlunge.net.mm/news/news_detail.aspx?info_id=17126 မှ ကူးယူ ဖေါ် ပြပါသည်။

Monday, November 16, 2009

ချင်းပြည်နယ်ရိဒ်ရေကန်-အိန္ဒိယ နယ်စပ်သို့ လမ်းများတိုး ချဲ့

ချင်းပြည်နယ်ရိဒ်ရေကန်-အိန္ဒိယ နယ်စပ်သို့ လမ်းများတိုး ချဲ့
အောက်တိုဘာလ ဒုတိယ အပတ်တွင် ဖလမ်းမြို့ အနီးရှိ ရိဒ်ရေကန် မှ အိန္ဒိယ နယ်စပ်သို့ လမ်းများချဲ့ ထွင်ခြင်းကို စတင်ပြုလုပ်နေကြောင်းဒေသခံ တစ်ဦးမှ သစ္စာဂျာနယ် သို့ ပြောပါသည်။
စက်တင်ဘာ၂၈ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် မှ ကျောင်းသား များ ရိဒ်ရေကန်သို့ ပျော်ပွဲ စား ထွက်ရာမှ အပြန် လမ်းခရီး တွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီး (၃)ဦး အခင်းဖြစ်ပွား နေရာ တွင် သေဆုံးခဲ့ သည်။ ထိုမတော်တဆ ဖြစ်ပွားမှုနောက်ပိုင်း တွင်မီဇိုရမ်ပြည်နယ်နှင့်မြန်မာနိုင်ငံ တို့ ပူးပေါင်းကာ လမ်းတိုးချဲ့ ခြင်း ကို စတင်ပြုလုပ်ကြခြင်းဖြစ်သည်။ “ မီဇိုရမ်ပြည်နယ်မှာ လမ်းဖောက်လုပ်ရာတွင် အသုံးပြုသော ဘူဒိုဇာကားများ ဖြင့် လမ်းများကို တိုးချဲ့ နေကြကြောင်း ဒေသခံများမှ ပြောပြသည်။
ယခင်လမ်း၏ အကျယ်အ၀န်းမှာ ၁၀ ပေသာရှိရာ ယခု အခါတွင် ပေ၃၀ အထိ တိုးချဲ့ ရန်လုပ်ဆောင်နေကြကြောင်း သိရသည်။ ချင်းပြည်နယ်၏သင်္ကေတ ဖြစ်သော အသည်းနှလုံး ရိဒ်ရေကန်သည်ခရီး သွားဧည့် သည်များစိတ်ဝင်စားသော နေရာတစ်ခု လည်းဖြစ်သည်ဟု သိရှိရပါသည်။
http://issuu.com/truenews/docs/true_news_2-14?viewMode=magazine အဆိုပါလင့်မှ ကူးယူ ဖေါ်ပြပါသည်။

Saturday, November 14, 2009

မုံရွာ-ဟုမ္မလင်းခရီးစဉ်သွား ရှော်တယ်တစ်စင်းတိမ်းမှောက် ခရီးသည် ၆၀ ၀န်းကျင်ပါဝင်ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေ

မုံရွာ-ဟုမ္မလင်းခရီးစဉ်သွား ရှော်တယ်တစ်စင်းတိမ်းမှောက် ခရီးသည် ၆၀ ၀န်းကျင်ပါဝင်ပြီး ၁၅ ဦးခန့် ပျောက်ဆုံးနေ
မုံရွာမြို့မှ ဟုမ္မလင်းမြို့ အထက်ဘက်ရှိ ဆယ်စင်းရွာသို့ သွားရောက်မည့် ရှော်တယ်တစ်စင်းသည် ဟုမ္မလင်းအောက်ဘက်မင်းကင်းမြို့နယ် ငအုံရွာအနီးတွင် တိမ်းမှောက်ခဲ့ကြောင်း သတင်းရရှိပါသည်။
....အမည်ရှိသော အဆိုပါရှော်တယ်သည် နိုဝင်ဘာ လ ၁၂ ရက်နေ့ နံနက် ၃နာရီခန့်က ရေယာဉ်ချို့ယွင်းမှုကြောင့် တိမ်းမှောက်ခဲ့ရခြင်းဖြစ်ကြောင်းနှင့် ရေယာဉ်တွင် ခရီးသည် ၆၀ ဦးဝန်းကျင်နှင့် ကုန်တန်ချိန် ၃၃တန်ခန့် တင်ဆောင်လာကြောင်း သိရသည်။
'' ရှော်တယ်ရဲ့ သင်္ဘောနောက်ဘက်က ရေဆင်းပိုက်ပြုတ်ပြီး ရေ၀င်ပြီးနစ်သွားတာပါ။ ရေယာဉ်ချို့ယွင်းမှုကြောင့်ပါ။ ရှော်တယ်ကလည်း လိုင်စင်မဲ့မောင်းတာလို့ သိရပါတယ်။ ပြီးတော့ ကုန်တွေ၊ ခရီးသည်တွေကိုလည်း ပိုပြီးတင်ခဲ့တယ်လို့ သိရပါတယ်။ အခုကြားမိသလောက်တော့ ၁၅ယောက်လောက် ပျောက်နေတယ်လို့ ကြားရပါတယ်''ဟု ဒေသခံတစ်ဦးက ဆိုပါသည်။
လက်ရှိတွင် တိမ်းမှောက်မှုဖြစ်ခဲ့သည့် ရှော်တယ်မောင်းနှင်သည့်အဖွဲ့အား ပိတ်ခဲ့ပြီး အဆိုပါနေရာသို့ မုံရွာခရိုင်မှ တာဝန်ရှိသူများနှင့် သက်ဆိုင်ရာမှ တာဝန်ရှိသူများ သွားရောက်၍ ကယ်ဆယ်ရေးဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။
ရေယာဉ်တိမ်းမှောက်မှုဖြစ်ပွားသည့် နေရာမှာ ရေစီးကြမ်းပြီး ၀ဲအန္တရာယ်ရှိသည့်နေရာတစ်ခုဖြစ်ကာ မုံရွာမှ နေ့လည်တစ်နာရီခန့်တွင် ထွက်ခွာလာသော ရှော်တယ်ရေယာဉ်များသည် အဆိုပါနေရာကို ညအချိန်ရောက်ရှိပါက ခေတ္တရပ်နားကြပြီး နံနက်လင်းအားကြီးချိန်မှ ဖြတ်သန်းသွားလာလေ့ရှိကြောင်း သိရသည်။
မုံရွာမြို့တွင် မုံရွာ-ဟုမ္မလင်းခရီးစဉ်ကို ပြေးဆွဲပေးနေသော ရှော်တယ်အမြန်ယာဉ်အသင်းဖွဲ့ပေါင်း ၁၈ သင်းခန့်ရှိပြီး အဆိုပါအသင်းများတွင် တရားဝင်ပြေးဆွဲခွင့်ရရှိထားသည့် အသင်းများပါဝင်သကဲ့သို့ လိုင်စင်မဲ့မောင်းနှင်နေသည့် အသင်းများလည်းရှိကြောင်း မုံရွာမြို့ဒေသခံတစ်ဦးက ဆိုပါသည်။
http://www.news-eleven.com/index.php?option=com_content&view=article&id=578:2009-11-14-13-26-38&catid=44:2009-11-10-07-31-38&Itemid=113 နှင့် www.news-eleven.com မှ ကူးယူ ဖေါ် ပြသည်။ ။

Thursday, November 12, 2009

ချင်းတွင်းမြစ် ခရီးစဉ်များကို သွားလာနေသော ဒေသခံများ ခရီးစရိတ် သက်သာသော သင်္ဘောခရီးကိုသာ စီးနင်းမှုများ
Written by အောင်သူထွန်း (ကလေးမြို့)
Thursday, 12 November 2009 16:19
ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ ချင်းတွင်းမြစ်ဘေးရှိ ခရီးစဉ် များကို သွားလာနေသော ဒေသခံ များအနေနှင့် ခရီးစရိတ်သက်သာ သော သဘောင်္ခရီးကိုသာ လိုက်ပါ မှုများနေသည်ဟု ဒေသခံများနှင့် ခရီးသည်များထံမှ သိရသည်။ ချင်း တွင်းခရီးစဉ်များမှာ မုံရွာမြို့မှခန္တီး၊ မုံရွာ-ဟုမ္မလင်းနှင့် မုံရွာ-ကလေးဝ ခရီးစဉ်များ ဖြစ်ကြကြောင်း၊ ခရီးစဉ် များအနက်မှ မုံရွာ-ခန္တီး ခရီးစဉ်ကို ရေနည်းပါးမှုကြောင့် ရပ်နားထား ကြောင်းသိရသည်။ ''မုံရွာကနေ အထက်ချင်းတွင်းကို တက်မယ်ဆို ရင် သင်္ဘောကိုပဲ စီးချင်တယ်။ နေရထိုင်ရတာလဲ လွတ်လပ်တယ်။ ခရီး စရိတ်လဲရှော်တယ်တွေထက်ခြောက် ဆလောက်သက်သာတယ်။ လုံခြုံ စိတ်ချမှုလဲရှိတယ်ဗျ။ ရှော်တယ်တွေ က မုံရွာ-ဟုမ္မလင်းကို နှစ်ရက်ခရီး စီးရတယ်။သက်သောင့် သက်သာမရှိ ဘူး''ဟု အထက်ချင်းတွင်းမှ ဒေသခံ တစ်ဦးက ပြောကြားသည်။

ချင်းတွင်းမြစ်ဘေးရှိ မြို့ရွာများမှ ကုန်စည်များသည်လည်း တစ် မြို့နှင့်တစ်မြို့ သယ်ယူပို့ဆောင်ရာ တွင်သင်္ဘောတန်ဆာက ပိုမိုသက် သာကြသည်ဟု သိရပါသည်။

''အထက်ချင်းတွင်းဖြစ်တဲ့ ဟုမ္မလင်းနဲ့ ဖောင်းပြင်မြို့နယ်တွေက ငါးကျပ်ခြောက်တွေက သင်္ဘောနဲ့ လာကြတယ်၊ တန်ဆာသက်သာ တယ်။ မော်တော်တွေ၊ စက်လှေတွေ နဲ့ဆိုရင် တန်ဆာက ဈေးများတယ် လေ၊ ဒါကြောင့်သင်္ဘောကိုပဲ အား ထားလာကြရတယ်။ အထက်ကို ဆန်တဲ့ကုန် အများစုလဲ သင်္ဘောကိုပဲ စောင့်တင်ကြတယ်''” ဟုဒေသခံ ကုန်သည်များက ပြောကြားပါသည်။

''သင်္ဘောမရှိလို့ ရှော်တယ်စီးရင် ခရီးတစ်ခုကို ပိုက်ဆံ တအားတောင်းတယ်။ လိုက်ရတာက ကပ်ကပ်သပ်သပ်ရယ်။ရေနည်းခါ သင်္ဘောမရှိရင် ပိုဆိုးတယ်''ဟု ဖောင်းပြင်မြို့နယ်မှ ဒေသခံတစ်ဦးက ပြောကြားသည်။
Last Updated on Thursday, 12 November 2009 16:19
http://www.news-eleven.com/index.php?option=com_content&view=article&id=573:2009-11-12-09-50-32&catid=45:2009-11-10-07-45-41 မှ ကူးယူဖေါ်ပြသည်။ ။

Friday, November 6, 2009

အရွယ်မရောက်သူ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ခေါ်ဆောင်မှုများရှိ

အရွယ်မရောက်သူ မိန်းကလေးများကို ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ခေါ်ဆောင်မှုများရှိ


အရွယ်မရောက်သေးသူ မိန်းကလေးများကို ကာမလိမ်လည် ရယူသည့်အပြင် ပြည့်တန်ဆာ အဖြစ် သိမ်းသွင်းရန် လိမ်လည်ခေါ်ဆောင်မှုလည်း ရှိနေကြောင်း ဖြစ်စဉ်များအရ သိရသည်။
အရွယ်မရောက်သေးသူ မိန်းကလေးများ၏ ကာမကို လိမ်လည်ရယူခြင်း ခံရသည် ဆိုရာတွင် အချို့မှာ လက်ထပ်ပါမည်ဟုပြော၍ အသက် ၁၆နှစ် မပြည့်သေးသူ မိန်းကလေးအား ကာမကို ရယူခြင်းနှင့် အချို့မိန်းကလေးငယ်များအား လိမ်လည်ခေါ်ယူကာ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် ဖျားယောင်းခံရခြင်းအချို့ ပါဝင်ခဲ့ကြောင်း သိရသည်။
အရွယ်ရောက်ပြီး မိန်းကလေးအချို့ ကာမကို လိမ်လည်ရယူခြင်း ဆိုရာတွင် ခင်မင်ရင်းနှီးသူ အမျိုးသားများနှင့် အရက်အတူ ထိုင်သောက်မိရာမှ အရက်မူးနေချိန်တွင် တည်းခိုခန်းသို့ ခေါ်သွားကာ ကာမကို ရယူရန် ကြံစည်ခြင်းနှင့် ကာမစိတ်ကြွဆေးများ ထည့်ထားသော အစား အသောက်များကို စားသုံးမိရာမှ ကာမကို ရယူခြင်း ခံရသည့် ဖြစ်စဉ်အချို့လည်း ရှိခဲ့ကြောင်း သိရသည်။
၁၃နှစ်ကျော်သာရှိသေးသည့် မိန်းကလေးငယ်တစ်ဦး ကာမကိုလိမ်လည်ရယူရန် ကြံစည်ခြင်း ခံရမှုတစ်ခု အောက်တိုဘာလအတွင်းက တောင်ဒဂုံမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း ဖြစ်စဉ်နှင့် နီးစပ်ရာ အသိုင်းအဝိုင်းမှ သိရသည်။
ဖြစ်စဉ်တွင် ကာမကို လိမ်လည် ရယူခြင်းခံရသည့် မိန်းကလေးမှာ အသက် ၁၃နှစ် ၄လ သာရှိသေးပြီး ဒဂုံတောင်မြို့နယ်၊ ----- ၊ ရပ်ကွက်တွင် နေထိုင်သူဖြစ်ကာ တစ်ရပ်ကွက်တည်း နေသူ အသက် ၁၈နှစ်ရှိ အမျိုးသား တစ်ဦးက လက်ထပ်ယူပါမည်ဟု ပြောကာ ခေါ်ဆောင်သွားပြီး သားမယားအဖြစ် တစ်ကြိမ်ပြုကျင့်ခဲ့ကြောင်း သက်ဆိုင်ရာက ကျူးလွန် သူကို အရေးယူခဲ့ရကြောင်း သိရသည်။
“မိန်းကလေးဆိုရင် ငယ်ငယ်ကြီးကြီး အုပ်ထိန်းသူက သတိထား စောင့်ကြည့်နေသင့်တယ်။ ဘယ်ကိုသွားမယ်၊ ဘယ်ကိုလာမယ်ဆိုတာကအစ မိန်းကလေး အဖေါ်နဲ့ဖြစ်ဖြစ် ဆွေမျိုး သားချင်း ယောက်ျားလေး အဖေါ်နဲ့ဖြစ်ဖြစ် လွှတ်သင့်တယ်။ လိင်ပိုင်းဆိုင်ရာ ပညာပေးမှုတွေ ကိုလည်း နားလည်အောင် ရှင်းပြသွန်သင် ဆုံးမထားသင့်တယ်။ အရွယ်ရောက်ပြီး မိမိကိုယ်ကို မိမိ ထိန်းသိမ်းနိုင်တဲ့ မိန်းကလေးတွေအထက်စာရင် အရွယ်မရောက်သေးတဲ့ အပျိုဖေါ် ဝင်ကာစ ၁၃နှစ်၊ ၁၄နှစ်၊ ၁၅နှစ် အဲဒီအရွယ်တွေကို ပိုပြီး သတိထား စောင့်ရှောက်သင့်တယ်” ဟု အငြိမ်းစား အထက်တန်း ကျောင်းဆရာမ တစ်ဦးက ဆိုပါသည်။
ကာမကို လိမ်လည်၍ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းရန် သွေးဆောင်ခြင်း ခံရသည့်ဖြစ်စဉ် တစ်ခုမှာ ယခုနှစ်အတွင်း၌ပင် တာမွေမြို့နယ် အတွင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်ပွားပုံမှာ မေလ ၁၄ရက် နံနက် ၈နာရီအချိန်တွင် အသက် ၁၅နှစ်အရွယ် မိန်းကလေးသည် ယင်းနေထိုင်ရာ ဒဂုံတောင်မြို့နယ်၊ ----- ၊ ရပ်ကွက်မှ အဒေါ်ဖြစ်သူထံသွားရန်း နေအိမ်မှ ထွက်ခဲ့ကြောင်း သိရသည်။
ဒဂုံမြို့သစ်တောင်ပိုင်း ပြည်ထောင်စုလမ်းမရှိ သစ်ဆိုင်ကွေ့ ကားမှတ်တိုင်တွင် ကားစောင့် နေစဉ် အသက် ၄၂နှစ်အရွယ်နှင့် ၂၄နှစ်အရွယ်ရှိ ယင်းနှင့် တစ်လမ်းတည်းနေ အမျိုးသမီး တစ်ဦးနှင့် တွေ့ဆုံခဲ့ကြောင်း ယင်းတို့ နှစ်ဦးလုံးက မြို့ထဲသို့ သွားမည်ဖြစ်၍ လမ်းကြုံကြောင်း ပြောကာ အငှားကားဖြင့် တာမွေမြို့နယ်၊ ----- လမ်းရှိ နေအိမ်တစ်ခုသို့ ခေါ်ဆောင် သွားခဲ့ကြောင်း ယင်းနေအိမ်ရှိ အမျိုးသမီး တစ်ဦးထံ အပ်နှံထားခဲ့ပြီး မိန်းကလေးငယ်အား ခေါ်ဆောင်လာသူ အိမ်နီးချင်း အမျိုးသမီး နှစ်ဦးက ----- လမ်းနေအိမ် အမျိုးသမီးထံမှ ငွေကြေးရယူပြီး ပြန်သွားခဲ့ကြောင်း၊ ----- လမ်းနေအိမ်မှ အမျိုးသမီးက မိန်းကလေးငယ်အား ယောက်ျားများနှင့် ကာမစပ်ယှက်ရန် သွေးဆောင် စည်းရုံးခဲ့ကြောင်း သိရသည်။
ယင်းက မလုပ်လိုကြောင်း ပြောရာ ပြန်ချင်ပြီဆိုပါက နားကပ်တစ်ရန် ပေးရမည်ဟု ပြောခဲ့ကြောင်း၊ ထို့ကြောင့် သွေးဆောင်ခံရသည့် မိန်းကလေးက နားကပ်တစ်ရန် ချွတ်ပေး ခဲ့ရပြီး အိမ်သို့ ပြန်ရောက်စဉ် ဖခင်ဖြစ်သူကိုပြောကာ သက်ဆိုင်ရာတွင် အမှုဖွင့်ခဲ့ကြောင်း သိရသည်။
“ခုဟာက မိန်းမကောင်း ကလေးတွေကိုပါ စည်းရုံးပြီး ဘဝပျက်အောင် ကြံစည်လာကြတယ်။ ပြည့်တန်ဆာလုပ်ဖို့ လူရောင်းတဲ့ပုံစံပါ လုပ်လာကြတယ်။ အဲဒီနေရာမှာ စိတ်ဓာတ် ခိုင်မာတဲ့ မိန်းကလေးတွေက အချိန်မှီ ထိန်းသိမ်းနိုင်ပေမဲ့ ဘဝအခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့ မိန်းကလေးတွေ အတွက်တော့ ပန်းကောင်း အဘညွှန့်ကျိုး ဘဝရောက်ဖို့ ပိုလွယ်ကူပါတယ်။”
“အခု သက်ဆိုင်ရာကလည်း အဲဒီလို အဖြစ်တွေကို သိလျင်သိချင်း ထိထိရောက်ရောက် အရေးယူနေပါပြီ။ အုပ်ထိန်းသူတွေ ဘက်ကလည်း မိမိတို့ရဲ့ ကလေးငယ်တွေကို အဲဒီလိုအဖြစ် မျိုးနဲ့ မကြုံရဖို့ ပညာပေးမှုတွေ၊ ဂရုစိုက် စောင့်ရှောက်မှုတွေ ပြုလုပ်သင့်ပါတယ်” ဟု ဖြစ်စဉ်များအပေါ် မိခင်တစ်ဦးက သုံးသပ်ပါသည်။
အရွယ်ရောက်ပြီး မိန်းကလေးတစ်ဦး ခင်မင်သူ မိန်းကလေး တစ်ဦးနှင့် ဘီယာအတူ သောက်မိ ရာမှ ကာမကို ကြံစည်ခြင်း ခံရသည့် ဖြစ်ရပ် အောက်တိုဘာလ ၈ရက်နေ့က သုဝဏ္ဏမြို့နယ်၌ ဖြစ်ပွားခဲ့သည်။
ကာမကို ကြံစည်ခြင်းခံရသူ အမျိုးသမီးမှာ သာကေတမြို့နယ်တွင် နေထိုင်သူ တစ်ဦးဖြစ်ပြီး ယခင် ယင်းနှင့် ခင်မင်ခဲ့ဖူးသူ အသက် ၄၉နှစ်အရွယ် အမျိုးသားနှင့် သုဝဏ္ဏလမ်းဆုံတွင် တွေ့ရှိခဲ့ပြီး အနီးရှိ ဘီယာဆိုင်သို့သွားကာ ဘီယာ အတူသောက်ခဲ့ကြောင်း သိရသည်။ ဘီယာ မူးလာ၍ မိန်းကလေးက အိမ်သို့ပို့ပေးရန် ပြောသော်လည်း အမျိုးသားက တစ်နေရာသို့ ခေါ်ဆောင်သွားပြီး ကာမကို ရယူရန် ကြံစည်ခဲ့သဖြင့် အမျိုးသမီးက ထွက်ပြေးခဲ့ရကြောင်းနှင့် သက်ဆိုင်ရာက အမှုဖွင့် အရေးယူခဲ့ရကြောင်းသိရသည်။
ယခုကဲ့သို့ ဖြစ်စဉ်များအပေါ် ဥပဒေပညာရှင် တစ်ဦးက “အသက် ၁၄နှစ် မပြည့်သေးတဲ့ မိန်းကလေး တစ်ဦးကို ကာမရယူတယ်ဆိုရင် မိန်းကလေးက အလိုတူတယ် ဆိုရင်တောင် မုဒိမ်းမှု မြောက်ပါတယ်။ အနိုင်အထက်ပြုခြင်းနဲ့ ကာမကို သွေးဆောင် အကျင့် ပျက်စီးအောင် ဖြစ်စေ အသက် ၁၈နှစ်အောက် မိန်းကလေးတစ်ယောက်ကို အခြားသူ တစ်ဦးတစ်ယောက်နဲ့ မတရားသဖြင့် ကာမစပ်ယှက်ဖို့ တစ်နေရာသို့ ထွက်သွားစေရန် သွေးဆောင် ခေါ်ယူရင် အဲဒီသူကို ၁၀အထိ ထောင်ဒါဏ် ချမှတ်နိုင်သလို ငွေဒဏ်လည်း ချမှတ်နိုင်ပါတယ်။”
“အဲဒီလို လုပ်တာကို ကာမပွဲစားအဖြစ် အရွယ်မရောက်သေးတဲ့ မိန်းကလေးကို ရှာပေးတာလို့ အဓိပ္ပါယ် ဖွင့်လို့ရပါတယ်။ နောက်ပြီး ပြစ်မှုပုဒ်မ ၃၆၃မှာ လူခိုးမှုကို ကျူးလွန်ရင် ထောင်ဒါဏ် ၇နှစ်အပြင် ငွေဒဏ်လည်း ချမှတ်လို့ ရတယ်လို့ ဆိုထားပါတယ်။ ဒီလို မိန်းကလေးငယ်တွေကို ကာမနဲ့ ပတ်သက်ပြီး လိမ်လည် ရယူတာဖြစ်စေ ပြည့်တန်ဆာအဖြစ် သိမ်းသွင်းဖို့ ကြံစည်တာ ဖြစ်စေ ပြုလုပ်ခဲ့တာတွေနဲ့ မကြုံရဖို့ အုပ်ထိန်းသူတွေက ကြိုတင် ကာကွယ်သင့်တယ်။ ဖြစ်ပေါ်လာရင်လည်း ရှက်ကြောက်မနေဘဲ သက်ဆိုင်ရာကို အကြောင်းကြားပြီး ထိထိ ရောက်ရောက် အရေးယူသင့်တယ်။ ဒါမှဒီလို ဖြစ်ရပ်မျိုးတွေ လျော့နည်းသွားမှာပါ” ဟုအကြံပြု ပြောကြားခဲ့သည်။



Bi Weekly Eleven ( No-31, Vol-12, Friday October 23 2009)

ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ ရလဒ်များ ပြန်လည်သုံးသပ်

ရောဂါသုံးမျိုးရန်ပုံငွေအဖွဲ့ ရလဒ်များ ပြန်လည်သုံးသပ်


ငှက်ဖျား၊ တီဘီနှင့် အိပ်ခ်ျအိုင်ဗီ (အေ့ဒ်စ်) ရောဂါသုံးမျိုး လျော့ပါးစေရေးအတွက် သရီးဒီအက်ဖ် (Three Diseases Fund -3DF)မှ ငွေကြေးထောက်ပံ့လျက်ရှိရာ အဆိုပါအစီအစဉ်သည် မြန်မာနိုင်ငံအတွင်း လူ့အသက်ပေါင်းများစွာ ကယ်ဆယ်ရေးအတွက်များစွာ အထောက်အကူ ဖြစ်ကြောင်း အောက်တိုဘာလ ၁၄ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟိုတယ်တွင် ကျင်းပသော ၂၀၀၈ ခုနှစ်အတွက် လုပ်ငန်းစဉ်ရလဒ်များ ပြန်လည်သုံးသပ် ဆန်းစစ်ခြင်း အစည်းအဝေးတွင် သရီးဒီအက်ဖ် ရန်ပုံငွေအဖွဲ့၏ ဥက္ကဋ္ဌ ဘက်အက်ကမန်က ပြောကြားသည်။

၂၀၀၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံးရှိ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဝေဒနာရှင်ပေါင်း ၆,၈၀၄ ဦးကို အေအာရ်တီဆေးများ ထောက်ပံ့ပေးနိုင်ခြင်း၊ တီဘီဝေဒနာသည်ပေါင်း ၂၇,၈၀၀ နှင့် ငှက်ဖျားရောဂါသည် ပေါင်း ၇၁၂,၆၀၀ တို့အား အောင်မြင်စွာ ဆေးကုသပေးနိုင်ခြင်း စသည်တို့ကို သရီးဒီအက်ဖ် ရန်ပုံငွေ အဖွဲ့အနေဖြင့် ဆောင်ရွက်ပေးနိုင်ခဲ့သည်။

ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ကာကွယ်ရေးနှင့်ပတ်သက်၍ လူပေါင်း ၆၃၃,၅၀၀ ဦးကို အသိပညာပေးနိုင်ခြင်း၊ အဆုတ်နာဝေဒနာသည် ၁၃၁,၆၁၀ ဦးကို အပြုအမူပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲစေရန် ပညာပေး နိုင်ခြင်းစသည်တို့ ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

၂၀၀၆ ခုနှစ်၊ အောက်တိုဘာလမှ စတင်ခဲ့သော ရောဂါသုံးမျိုးတိုက်ဖျက် ရေးစီမံကိန်းအတွက် သရီးဒီအက်ဖ် အနေဖြင့် စီမံကိန်းပြီးဆုံးမည့် ၂၀၁၁ အထိ အမေရိကန်ဒေါ်လာ ၁၁၄ သန်း သုံးစွဲရန်လျာထားပြီး ယခုနှစ်အထိ ကန် ဒေါ်လာ ၇၁ ဒသမ ၅ သန်းသုံးစွဲပြီးဖြစ်သည်။

ယင်းလျာထားချက် ပမာဏသည် မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍတွင် တစ်ခုတည်းသော အမြင့်မားဆုံး ရန်ပုံငွေဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် အိပ်ခ်ျအိုင်ဗီဝေဒနာ ရှင်ပေါင်း ၂၄၀,၀၀၀ ၀န်းကျင်နှင့် ငှက်ဖျားဖြစ်ပွားမှု အများဆုံးသော ဒေသများတွင် လူပေါင်း ၃၉ သန်းရှိသည့်အတွက် ၎င်းပမာဏမှာ မြင့်မားသည်ဟု မဆိုသာဘဲ ရန်ပုံငွေများစွာ လိုအပ်လျက်ရှိနေသေးကြောင်း သိရသည်။



မြန်မာတိုင်းမ် - အတွဲ ၂၂၊ အမှတ် ၄၃၈ (၅၊ ၁၁၊ ၂၀၀၉)

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ပြီးစီးသော အစိတ် အပိုင်းကို အိန္ဒိယနိုင်ငံ BRTF လမ်း ဖောက်လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးသို့လွှဲ ပြောင်း ပေးအပ်ခဲ့ပြီး အဆိုပါလမ်း ပိုင်းအား အေးအေးခိုင် ကုမ္ပဏီမှ ဆက်လက်တာဝန်ယူ၍ ဆောင်ရွက် မည်ဟု သိရှိရပါသည်။
အဆိုပါလမ်းကို ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ၁၃ရက်နေ့တွင် ဖွင့် လှစ်ခဲ့ပြီး တမူး-ကလေး-ကလေးဝ မြို့များသို့ ဆက်သွယ်ထားပြီး လမ်း အရှည် ၁၀၀မိုင်ရှည်လျားကြောင်း၊ အဆိုပါလမ်းမကြီးသည် အိန္ဒိယ နိုင်ငံအတွင်းမှ လမ်းမကြီးဖြစ်သော NH-39 ကို အိန္ဒိယနိုင်ငံမိုးရေးမြို့မှ တစ်ဆင့်ချိတ်ဆက်ထားကြောင်း သိရသည်။ ''ဒီလမ်းမကြီးပြီးသွားရင် တော့ ကုန်သွယ်မှုလမ်းကြောင်းတွေ တော်တော် အဆင်ပြေသွားပါမယ်၊ အခုဆို လမ်းပိုင်းက တော်တော် ကောင်းနေပါပြီ၊ ကျွန်တော်တို့က ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအတွင်း မှာ နေတာလေ၊ ဈေးကွက်အတွက်ပူ စရာမလိုဘူး၊ မြန်မာနိုင်ငံဟာ ပထ၀ီ အနေအထားအရ စီးပွားရေးလုပ် ကောင်းတဲ့နိုင်ငံတစ်ခုပါ''ဟု မြန်မာ - အိန္ဒိယ နယ်စပ်မှကုန်သည် တစ် ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှလည်း တမူးမြို့၊ ကလေးမြို့၊ ကလေးဝမြို့ များမှတစ်ဆင့် မြန်မာနိုင်ငံ အလယ် ပိုင်းမန္တလေးမြို့သို့ ဆက်သွယ်နိုင်ပြီး မန္တလေးမြို့မှတရုတ်နိုင်ငံ နယ်စပ်မြို့ များသို့ဆက်သွယ်နိုင်ကာအာရှတိုက် ၏ အင်အားကြီးနိုင်ငံနှစ်ခုကို ဆက် သွယ်ရာတွင် အရေးပါသော လမ်း ကြောင်းတစ်ခုဖြစ်လာမည်ဟု နယ် စပ်ကုန်သွယ်ကုန်သည်များ အသိုင်း အ၀ိုင်းက သုံးသပ်ကြပါသည်။
အဆိုပါလမ်းပိုင်းမှ တမူး-ကျီ ကုန်း-ကလေးမြို့လမ်းပိုင်းကို ထပ် ပိုးလွှာ ခင်းပြီးပြီဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ BRTF လမ်းဖောက် လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံပြည်သူ့ ဆောက်လုပ်ရေးသို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းတွင်လွှဲ ပြောင်းပေးအပ်ခဲ့သည်ဟုသိရသည်။
''အခုပြီးသွားတဲ့ လမ်းပိုင်းဖြစ်တဲ့ တမူး-ကျီကုန်း-ကလေးမြို့လမ်း ပိုင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။မြန်မာဘက်ကလဲ လက်ခံပြီးပါပြီ၊ ကျန်တဲ့ကျီကုန်း-ကလေးဝလမ်းပိုင်း ကို ဆက်လက် ထပ်ပိုးလွှာခင်းရ အောင်BRTF အဖွဲ့က ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ကျီကုန်း-ကလေးဝလမ်းပိုင်းကို အရင်ဆုံးပြု ပြင်မယ်လို့ သိရှိရပါတယ်''ဟု အင် ဂျင်နီယာတစ်ဦးကပြောကြားသည်။ကျီကုန်း-ကလေးဝလမ်းပိုင်းကို ပြင် ဆင်၍ထပ်ပိုးလွှာခင်းပြီးပါက ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ အပြီးသတ် လွှဲပြောင်းပေးသွားမည် ဟု သိရသည်။
www.news-eleven.com မှကူးယူဖေါ်ပြသည်။

ကလေးမြို့နယ်အတွင်းရှိ ရေနံမှော်အချို့ ရေနံ တင်ဒါပွဲကျင်းပ

ကလေးမြို့နယ် မြစ်သာရွှေ ရည် ရေနံစက်မှုလက်မှု ကုန်ထုတ် သမ၀ါယမအသင်း လီမီတက် လုပ်ကွက်အတွင်းရှိ ရေနံမှော်များအား ၂၀၀၉ ခုနှစ်အောက်တိုဘာလ ၁၇ ရက်နေ့တွင် ရေနံတင်ဒါပွဲ ကျင်းပ ခဲ့သည်ဟု သတင်းရရှိပါသည်။
အဆိုပါ လုပ်ကွက်များမှာ ဥယျာဉ်ရေနံမှော်၊ ကျောက်ခုပ်ရေနံ မှော်၊ ချောင်းကျဉ်းရေနံမှော်၊ ငါး ချဉ်-ဒိုးပင်ပိတောက်ရေနံမှော်၊ မိုး ကောင်း၊ ၀လစွာ၊ ထောင်လောင် ရေနံမှော်၊ ကျောက်စိမ်း၊ ကျောက် တစ်လုံး ရေနံမှော်၊ နန်းဇလိန်ရေနံ မှော်၊ လုံးဖုံးရေနံမှော်၊ ကိုင်းချောင်း၊ ဒန့်ဒင်ရေနံမှော်နှင့်ဖြစ်ပြီး ရေနံမှော် ကိုးမှော်ကို တင်ဒါစနစ်ဖြင့် လေလံပွဲ ကျင်းပခဲ့သည်ဟု သိရှိရပါသည်။
အဆိုပါ တင်ဒါကို ချက်ဖိုရှိ သော အသင်းသား များကိုသာ တင်ဒါ ဆွဲခွင့်ပြုသည်ဟု သိရှိရပါ သည်။
[ကလေးမြို့နယ်ရှိ ရေနံမှော် လုပ်ငန်းခွင်တစ်ခု အတွင်းမှ လုပ်သားများ] ''ကလေးမြို့နယ် အတွင်းမှာ ရေနံမှော်တွေအများကြီးရှိပါတယ်။ ကုမ္ပဏီတွေနဲ့ ဒေသခံတွေရဲ့ မြစ် သာ ရွှေရည်အသင်းက တာဝန်ယူ လုပ်ကိုင်နေကြတာပါ။ အခုနှစ် လေလံပွဲကို သိပ်စိတ်မ၀င်စားကြဘူး ဗျာ။ ဘာလို့လဲဆိုတော့ ကုမ္ပဏီသုံးခု လုပ်ကိုင်နေတဲ့ ရေနံမှော်တွေက အထွက် အားကောင်းပြီး ရေနံတူး တဲ့သူတွေကလည်း များတယ်လေ။ အခု တင်ဒါခေါ်တဲ့ ရေနံမှော်တွေက မှော်ဟောင်းတွေများပြီး ရေနံအ ထွက်လည်းနည်းတယ်။ တချို့မှော် တွေက တွင်းဟောင်းတွေပဲ ရေနံပြန် ခပ်နေရတာ''ဟု ရေနံတင်ဒါဆွဲသူ တစ်ဦးက ပြောကြားခဲ့ပါသည်။
အဆိုပါတင်ဒါပွဲတွင် ရေနံမှော် ကိုးမှော်အတွက် ရေနံစိမ်း အလုံးရေ ၃၁၂ ပေပါနှင့် တင်ဒါအောင်ခဲ့ပြီး ရေနံမှော် အလိုက် တင်ဒါအောင်သော ရေနံစိမ်းလုံး အရေအတွက်ဖြင့် ရေနံ စိမ်းတစ်လုံးလျင် ကျပ် ၁၀၀၀၀ ဖြင့် မြစ်သာရွှေရည်သို့ လစဉ် ပေးသွင်း ရမည်ဟု သိရှိရပါသည်။
ရေနံမှော် ကိုယ်စားလှယ်များ သည် ရေနံစိမ်းရောင်းဈေး (ဒေသ ပေါက်ဈေး)၏ ၆၀ ရာခိုင်နှုန်းကို ရေနံမှော်အတွင်း ရေနံစိမ်းဝယ်ဈေး အဖြစ် ရေနံတူးသော တွင်းသားများ ထံမှ ၀ယ်ယူရမည်ဟု သိရှိရပါ သည်။
ရေနံမှော်အတွင်း ရေနံစိမ်း ပေါက်ဈေး တစ်ပေပါကျပ် ၅၀၀၀၀ ၀န်းကျင်ရှိပြီး ကလေးမြို့ပေါ်ရှိ ရေနံ စိမ်းပေါက်ဈေးမှာ တစ်ပေပါလျင် ကျပ်တစ်သိန်းကျော်ရှိသည်ဟု သိရှိ ရပါသည်။
www.news-eleven.com မှ ကူယူဖေါ်ပြပါသည်။

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ
မြန်မာ-အိန္ဒိယ နယ်စပ်ကုန် သွယ်ရေးအတွက် အဓိကသွားလာ နေကြသော ကလေးမြို့-ကလေးဝ ကားလမ်းတွင် လမ်းမြေသားများ ပြတ်ရွေ့များ ဖြစ်ပေါ်လျက်ရှိနေဆဲ ဖြစ်သည်ဟု သိရှိရပါသည်။ ''ဒီလမ်းက တောင်နံရံတွေနဲ့ မြစ်သာမြစ်အကြားကိုဖြတ်ဖောက် ထားရတော့ တောင်ပြိုတာ၊ လမ်း သားတွေပဲ့ပါသွားတာ၊ လမ်းမြေ သားတွေ နိမ့်ကျသွားတာတွေအမြဲ ဖြစ်ပေါ်နေပါတယ်။ မိုးများလာတော့ တောင်ပေါ်ကနေစီးလာတဲ့ ရေတွေ က တောင်ပေါ်မြေတွေကိုတိုက်စား ပြီး ကားလမ်းပေါ်ကို ရောက်လာတာ ပါပဲ''ဟု ကလေးမြို့-ကလေးဝမြို့ သို့ အမြဲသွားလာလျက်ရှိသော ခရီး သွားတစ်ဦးက ပြောကြားခဲ့ပါသည်။
ကလေးမြို့-ကလေးဝ ကား လမ်းတွင် မြေသားပြတ်ရွေ့ နိမ့်ကျ၊ ခြင်းများ ဖြစ်ပေါ်နေသော နေရာ များမှာ ရေဆန်ကျွန်းဘုရားရှေ့ လမ်းပိုင်း၊ ကျောက်ခုပ်နေရာအနီး၊ (၇) မိုင်နေရာ၊ ချောင်းကျဉ်းကျေး ရွာနေရာနှင့် သစ်ချောက်ကျေးရွာ အထွက်နေရာများဖြစ်သည်ဟု သိရှိ ရပါသည်။ အဆိုပါနေရာများသည် မိုးများ သောအချိန်များတွင် ကားများသွား လာရန်ခက်ခဲသော နေရာများဖြစ် သည်ဟု သိရှိရပါသည်။
ကျီကုန်းကျေးရွာနှင့် ကလေးဝ မြို့လမ်းပိုင်းကိုလည်း အိန္ဒိယနိုင်ငံ BRTF လမ်းဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ ပြင်ဆင်နေဆဲဖြစ်သည် ဟု သိရှိရသည်။
''ဒီနေရာတွေက ပြင်လိုက်ပျက် လိုက်ဖြစ်နေမှာပဲဗျ။ ကျောက်ခုပ် နေရာဆို လမ်းမြေတွေ နိမ့်ကျသွား ပါတယ်၊ မြေကျင်းနဲ့တွက်မယ်ဆို ရင် ကျင်းပေါင်း ၃၅၀ လောက်ရှိ မယ်ဗျ။ ဒီလိုနေရာတွေ များလာရင် လမ်းက ခဏခဏပိတ်မယ်။ ရေဆန် ကျွန်းနေရာနဲ့ ချောင်းကျဉ်းနေရာ လည်း ဒီအတိုင်းပါပဲ။ ဒီလမ်းပိုင်းကို ဘူမိဗေဒနဲ့ပတ်သက်တဲ့ လေ့လာမှု တွေ လုပ်သင့်တယ်''ဟု ဒေသခံ အင်ဂျင်နီယာတစ်ဦးက ပြောကြား ခဲ့သည်။ မြေသားများပြတ်ရွေ့နေ သော လမ်းပိုင်းများကိုပြင်ဆင်လျက် ရှိသည်ဟု ပြည်သူ့ဆောက်လုပ်ရေး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါလင့်မှ ကူးယူဖေါ်ပြသည်။။
http://www.news-eleven.com/index.php?option=com_content&view=article&id=371:2009-10-26-07-56-35&catid=45:local&Itemid=114