ချင်းပြည်နယ်ရိဒ်ရေကန်-အိန္ဒိယ နယ်စပ်သို့ လမ်းများတိုး ချဲ့
အောက်တိုဘာလ ဒုတိယ အပတ်တွင် ဖလမ်းမြို့ အနီးရှိ ရိဒ်ရေကန် မှ အိန္ဒိယ နယ်စပ်သို့ လမ်းများချဲ့ ထွင်ခြင်းကို စတင်ပြုလုပ်နေကြောင်းဒေသခံ တစ်ဦးမှ သစ္စာဂျာနယ် သို့ ပြောပါသည်။
စက်တင်ဘာ၂၈ ရက်နေ့တွင် မီဇိုရမ်ပြည်နယ် မှ ကျောင်းသား များ ရိဒ်ရေကန်သို့ ပျော်ပွဲ စား ထွက်ရာမှ အပြန် လမ်းခရီး တွင် ယာဉ် တိမ်းမှောက်မှု ဖြစ်ပွားပြီး (၃)ဦး အခင်းဖြစ်ပွား နေရာ တွင် သေဆုံးခဲ့ သည်။ ထိုမတော်တဆ ဖြစ်ပွားမှုနောက်ပိုင်း တွင်မီဇိုရမ်ပြည်နယ်နှင့်မြန်မာနိုင်ငံ တို့ ပူးပေါင်းကာ လမ်းတိုးချဲ့ ခြင်း ကို စတင်ပြုလုပ်ကြခြင်းဖြစ်သည်။ “ မီဇိုရမ်ပြည်နယ်မှာ လမ်းဖောက်လုပ်ရာတွင် အသုံးပြုသော ဘူဒိုဇာကားများ ဖြင့် လမ်းများကို တိုးချဲ့ နေကြကြောင်း ဒေသခံများမှ ပြောပြသည်။
ယခင်လမ်း၏ အကျယ်အ၀န်းမှာ ၁၀ ပေသာရှိရာ ယခု အခါတွင် ပေ၃၀ အထိ တိုးချဲ့ ရန်လုပ်ဆောင်နေကြကြောင်း သိရသည်။ ချင်းပြည်နယ်၏သင်္ကေတ ဖြစ်သော အသည်းနှလုံး ရိဒ်ရေကန်သည်ခရီး သွားဧည့် သည်များစိတ်ဝင်စားသော နေရာတစ်ခု လည်းဖြစ်သည်ဟု သိရှိရပါသည်။
http://issuu.com/truenews/docs/true_news_2-14?viewMode=magazine အဆိုပါလင့်မှ ကူးယူ ဖေါ်ပြပါသည်။
Monday, November 16, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment