Friday, November 6, 2009

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ

ကလေး-ကလေးဝ ကားလမ်းတွင် လမ်းမြေသား ပြတ်ရွေ့များ ဖြစ်ပေါ်နေဆဲ
မြန်မာ-အိန္ဒိယ နယ်စပ်ကုန် သွယ်ရေးအတွက် အဓိကသွားလာ နေကြသော ကလေးမြို့-ကလေးဝ ကားလမ်းတွင် လမ်းမြေသားများ ပြတ်ရွေ့များ ဖြစ်ပေါ်လျက်ရှိနေဆဲ ဖြစ်သည်ဟု သိရှိရပါသည်။ ''ဒီလမ်းက တောင်နံရံတွေနဲ့ မြစ်သာမြစ်အကြားကိုဖြတ်ဖောက် ထားရတော့ တောင်ပြိုတာ၊ လမ်း သားတွေပဲ့ပါသွားတာ၊ လမ်းမြေ သားတွေ နိမ့်ကျသွားတာတွေအမြဲ ဖြစ်ပေါ်နေပါတယ်။ မိုးများလာတော့ တောင်ပေါ်ကနေစီးလာတဲ့ ရေတွေ က တောင်ပေါ်မြေတွေကိုတိုက်စား ပြီး ကားလမ်းပေါ်ကို ရောက်လာတာ ပါပဲ''ဟု ကလေးမြို့-ကလေးဝမြို့ သို့ အမြဲသွားလာလျက်ရှိသော ခရီး သွားတစ်ဦးက ပြောကြားခဲ့ပါသည်။
ကလေးမြို့-ကလေးဝ ကား လမ်းတွင် မြေသားပြတ်ရွေ့ နိမ့်ကျ၊ ခြင်းများ ဖြစ်ပေါ်နေသော နေရာ များမှာ ရေဆန်ကျွန်းဘုရားရှေ့ လမ်းပိုင်း၊ ကျောက်ခုပ်နေရာအနီး၊ (၇) မိုင်နေရာ၊ ချောင်းကျဉ်းကျေး ရွာနေရာနှင့် သစ်ချောက်ကျေးရွာ အထွက်နေရာများဖြစ်သည်ဟု သိရှိ ရပါသည်။ အဆိုပါနေရာများသည် မိုးများ သောအချိန်များတွင် ကားများသွား လာရန်ခက်ခဲသော နေရာများဖြစ် သည်ဟု သိရှိရပါသည်။
ကျီကုန်းကျေးရွာနှင့် ကလေးဝ မြို့လမ်းပိုင်းကိုလည်း အိန္ဒိယနိုင်ငံ BRTF လမ်းဆောက်လုပ်ရေးအဖွဲ့မှ တာဝန်ယူ ပြင်ဆင်နေဆဲဖြစ်သည် ဟု သိရှိရသည်။
''ဒီနေရာတွေက ပြင်လိုက်ပျက် လိုက်ဖြစ်နေမှာပဲဗျ။ ကျောက်ခုပ် နေရာဆို လမ်းမြေတွေ နိမ့်ကျသွား ပါတယ်၊ မြေကျင်းနဲ့တွက်မယ်ဆို ရင် ကျင်းပေါင်း ၃၅၀ လောက်ရှိ မယ်ဗျ။ ဒီလိုနေရာတွေ များလာရင် လမ်းက ခဏခဏပိတ်မယ်။ ရေဆန် ကျွန်းနေရာနဲ့ ချောင်းကျဉ်းနေရာ လည်း ဒီအတိုင်းပါပဲ။ ဒီလမ်းပိုင်းကို ဘူမိဗေဒနဲ့ပတ်သက်တဲ့ လေ့လာမှု တွေ လုပ်သင့်တယ်''ဟု ဒေသခံ အင်ဂျင်နီယာတစ်ဦးက ပြောကြား ခဲ့သည်။ မြေသားများပြတ်ရွေ့နေ သော လမ်းပိုင်းများကိုပြင်ဆင်လျက် ရှိသည်ဟု ပြည်သူ့ဆောက်လုပ်ရေး မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
အဆိုပါလင့်မှ ကူးယူဖေါ်ပြသည်။။
http://www.news-eleven.com/index.php?option=com_content&view=article&id=371:2009-10-26-07-56-35&catid=45:local&Itemid=114

No comments:

Post a Comment