Friday, November 6, 2009

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး

မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ လမ်းပိုင်းအချို့ ဖောက်လုပ်ပြီးစီး၍ မြန်မာဘက်သို့ လွှဲပြောင်းပေး
မြန်မာ-အိန္ဒိယ ချစ်ကြည်ရေး လမ်းမကြီး၏ပြီးစီးသော အစိတ် အပိုင်းကို အိန္ဒိယနိုင်ငံ BRTF လမ်း ဖောက်လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံ ပြည်သူ့ဆောက်လုပ်ရေးသို့လွှဲ ပြောင်း ပေးအပ်ခဲ့ပြီး အဆိုပါလမ်း ပိုင်းအား အေးအေးခိုင် ကုမ္ပဏီမှ ဆက်လက်တာဝန်ယူ၍ ဆောင်ရွက် မည်ဟု သိရှိရပါသည်။
အဆိုပါလမ်းကို ၂၀၀၁ခုနှစ် ဖေဖော်ဝါရီလ၁၃ရက်နေ့တွင် ဖွင့် လှစ်ခဲ့ပြီး တမူး-ကလေး-ကလေးဝ မြို့များသို့ ဆက်သွယ်ထားပြီး လမ်း အရှည် ၁၀၀မိုင်ရှည်လျားကြောင်း၊ အဆိုပါလမ်းမကြီးသည် အိန္ဒိယ နိုင်ငံအတွင်းမှ လမ်းမကြီးဖြစ်သော NH-39 ကို အိန္ဒိယနိုင်ငံမိုးရေးမြို့မှ တစ်ဆင့်ချိတ်ဆက်ထားကြောင်း သိရသည်။ ''ဒီလမ်းမကြီးပြီးသွားရင် တော့ ကုန်သွယ်မှုလမ်းကြောင်းတွေ တော်တော် အဆင်ပြေသွားပါမယ်၊ အခုဆို လမ်းပိုင်းက တော်တော် ကောင်းနေပါပြီ၊ ကျွန်တော်တို့က ကမ္ဘာ့လူဦးရေ အများဆုံးဖြစ်တဲ့ တရုတ်နိုင်ငံနဲ့အိန္ဒိယနိုင်ငံအတွင်း မှာ နေတာလေ၊ ဈေးကွက်အတွက်ပူ စရာမလိုဘူး၊ မြန်မာနိုင်ငံဟာ ပထ၀ီ အနေအထားအရ စီးပွားရေးလုပ် ကောင်းတဲ့နိုင်ငံတစ်ခုပါ''ဟု မြန်မာ - အိန္ဒိယ နယ်စပ်မှကုန်သည် တစ် ဦးက ပြောကြားခဲ့သည်။
မြန်မာနိုင်ငံအတွင်းမှလည်း တမူးမြို့၊ ကလေးမြို့၊ ကလေးဝမြို့ များမှတစ်ဆင့် မြန်မာနိုင်ငံ အလယ် ပိုင်းမန္တလေးမြို့သို့ ဆက်သွယ်နိုင်ပြီး မန္တလေးမြို့မှတရုတ်နိုင်ငံ နယ်စပ်မြို့ များသို့ဆက်သွယ်နိုင်ကာအာရှတိုက် ၏ အင်အားကြီးနိုင်ငံနှစ်ခုကို ဆက် သွယ်ရာတွင် အရေးပါသော လမ်း ကြောင်းတစ်ခုဖြစ်လာမည်ဟု နယ် စပ်ကုန်သွယ်ကုန်သည်များ အသိုင်း အ၀ိုင်းက သုံးသပ်ကြပါသည်။
အဆိုပါလမ်းပိုင်းမှ တမူး-ကျီ ကုန်း-ကလေးမြို့လမ်းပိုင်းကို ထပ် ပိုးလွှာ ခင်းပြီးပြီဖြစ်သောကြောင့် အိန္ဒိယနိုင်ငံ BRTF လမ်းဖောက် လုပ်ရေးအဖွဲ့မှ မြန်မာနိုင်ငံပြည်သူ့ ဆောက်လုပ်ရေးသို့ ၂၀၀၉ ခုနှစ် အောက်တိုဘာလအတွင်းတွင်လွှဲ ပြောင်းပေးအပ်ခဲ့သည်ဟုသိရသည်။
''အခုပြီးသွားတဲ့ လမ်းပိုင်းဖြစ်တဲ့ တမူး-ကျီကုန်း-ကလေးမြို့လမ်း ပိုင်းကို လွှဲပြောင်းပေးခဲ့ပါတယ်။မြန်မာဘက်ကလဲ လက်ခံပြီးပါပြီ၊ ကျန်တဲ့ကျီကုန်း-ကလေးဝလမ်းပိုင်း ကို ဆက်လက် ထပ်ပိုးလွှာခင်းရ အောင်BRTF အဖွဲ့က ဆက်လက်ပြီး ဆောင်ရွက်နေပါတယ်။ ကျီကုန်း-ကလေးဝလမ်းပိုင်းကို အရင်ဆုံးပြု ပြင်မယ်လို့ သိရှိရပါတယ်''ဟု အင် ဂျင်နီယာတစ်ဦးကပြောကြားသည်။ကျီကုန်း-ကလေးဝလမ်းပိုင်းကို ပြင် ဆင်၍ထပ်ပိုးလွှာခင်းပြီးပါက ပြည် သူ့ဆောက်လုပ်ရေးလုပ်ငန်းသို့ အပြီးသတ် လွှဲပြောင်းပေးသွားမည် ဟု သိရသည်။
www.news-eleven.com မှကူးယူဖေါ်ပြသည်။

No comments:

Post a Comment