တစ်ဒေါ်လာ ၉၉၅ ကျပ်
27/Nov/2009
သည်တစ်ပတ် ဒေါ်လာဈေးက တစ်ဒေါ်လာကို ကျပ် ၁၀၁၀ ကနေ ကျပ်
၉၉၅ အထိ ပြန်ကျလာပါတယ်။ သည်တစ်ပတ်ထဲမှာ ဒေါ်လာဈေးက အနိမ့်ဆုံး
တစ်ဒေါ်လာကို ကျပ် ၉၈၅အထိကျခဲ့တာပါ။ အဲသည် ဈေးတုန်းက လုပ်ငန်းသ
မားတချို့က အ၀ယ်ရှိလာတဲ့အတွက် ကျပ် ၁၀၁၀လောက်အထိဖြစ်လာတာပါ။
နိုဝင်ဘာ ၂၃ ရက်မှာတော့ ဒေါ်လာဈေးက ပြန်အေးပါတယ်။ နိုဝင်ဘာ ၂၃ ည
နေဘက်မှာတော့ တစ်ဒေါ်လာကို ၉၉၂ကျပ်နဲ့ ၉၉၅ ကြားမှာရှိပါတယ်။ လက်ရှိ
မှာ အက်ဖ်အီးစီကလည်း အဲသည်ဈေးဝန်းကျင်မှာပဲ ရှိနေကြောင်း ၂၀၀၉ ခုနှစ်
နိုဝင်ဘာ ၂၇ ရက်နေ့ထုတ် မော်ဒန်သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။
ကမ္ဘာ့ရွှေ စံချိန်တင်၊ တစ်အောင်စ ၁၁၇၆ ဒေါ်လာအထိ ဖြစ်
ကမ္ဘာ့ရွှေဈေးက တစ်အောင်စကို ၁၁၇၆ ဒေါ်လာအထိ ဖြစ်လာတဲ့အတွက်
ရွှေဝယ်သိမ်းသူတချို့ သည်ရက်ပိုင်းရွှေဝယ်ဖို့စိတ်ဝင်စားလာတယ်လို့သိရတယ်။
ရွှေဘုံသာရှိရွှေဝယ်ရောင်းတစ်ဦးက ‘ ကမ္ဘာ့ဈေးကဆက်ပြီးမြင့်တက်မယ်လို့မှန်း
ကြတယ်၊ မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေဈေး၊ ဒေါ်လာဈေးပေါ်လဲမူတည်တော့တက်
မယ်ထင်ပြီး ဝယ်သိမ်းသူတချို့က ပြန်ဝယ်လာကြတယ်၊ ဒါပေမဲ့ ရွှေဝယ်ရောင်း
သူတွေကတော့ လျှော့ရောင်း၊ လျှော့ဝယ်လုပ်ကြတယ်’လို့ပြောပါတယ်။ လက်ရှိ
မှာမြန်မာရွှေဈေးက ၁၆ပဲရည်(အခေါက်) တစ်ကျပ်သားကိုကျပ် ၆၁၀,၀၀၀ ဝန်း
ကျင်ရှိပါတယ်။ (သည်နေ့ဒေါ်လာပေါက်ဈေးတစ်ဒေါ်လာကျပ် ၁၀၀၀နဲ့သည်နေ့
ကမ္ဘာ့ရွှေ ပေါက်ဈေး တစ်အောင်စ ၁၁၇၆ ကို မြောက်ပြီး ၁.၈၇၅ နဲ့စားရင် ကျပ်
၆၂၀,၀၀၀ ကျော်ရှိတဲ့အတွက် မြန်မာ့ရွှေဈေးက ကမ္ဘာ့ရွှေ ဈေးထက် နိမ့်နေတာ
တွေ့ရပါတယ်။) လက်ရှိကား ဈေးကျလို့ တချို့ကလည်းရွှေဘကို လှည့်ပြီး ဝယ်
လာကြတာလည်း ရှိတယ်လို့ သိရတယ်။ လသာရှိ ရွှေဆိုင်ရှင် တစ်ဦးကတော့
‘ ကျွန်တော်တို့ရွှေဆိုင်သမားတွေကတော့  အရောင်းအေးနေပါတယ်၊ အထည်
သေးလောက်ပဲနည်းနည်းပါးပါး အရောင်းအဝယ်ဖြစ်တယ်’လို့ပြောကြားကြောင်း
၂၀၀၉ခုနှစ် နိုဝင်ဘာ ၂၇ရက်နေ့ထုတ် မော်ဒန်ဂျာနယ်တွင်ဖော်ပြထာားပါသည်။
Friday, November 27, 2009
Subscribe to:
Post Comments (Atom)
No comments:
Post a Comment