မြန်မာ-တရုတ် ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်
ရန်ကုန်၊ ရခိုင်ပြည်နယ်အတွင်း မြန်မာ-တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်းစတင်ဆောက်လုပ် နေပြီဖြစ်ကြောင်း သိရသည်။
ရခိုင်ပြည်နယ် ကမ်းလွန်ရေနံ လုပ်ငန်းတွင် စွမ်းအင်ဝန်ကြီးဌာနနှင့် တရုတ်အမျိုးသားရေနံကုမ္ပဏတို့ ပူးပေါင်းဆောင်ရွက်သည့် မြန်မာ- တရုတ်ရေနံစိမ်းပိုက်လိုင်းစီမံကိန်းနှင့် ရေနံတင်ဆိပ်ကမ်း စတင်ဆောက်လုပ်သည့် အခမ်းအနား ကို အောက်တိုဘာ ၃၁ရက်တွင် ကျောက်ဖြူမြို့ ရမ္မာဝတီခန်းမ၌ ကျင်း ပခဲ့ရာ ရခိုင်ပြည်နယ်အေးချမ်းသာယာ ရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌ အ နောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်သောင်းအေး၊ ပို့ဆောင်ရေးဝန် ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဆွေနှင့် စွမ်းအင်ဝန်ကြီးဌာန၀န်ကြီး ဗိုလ်မှူးချုပ် လွန်းသီနှင့ှ်တာဝန်ရှိသူ များ တက်ရောက်ကြသည်။
ရေနံတင်ဆိပ်ကမ်း ကို ကျောက်ဖြူမြို့နယ် မဒဲ ကျွန်းတွင်ဆောက်လုပ်ခြင်းဖြစ်ပြီရေနံစိမ်းပိုက်လိုင်းကို ယင်းဆိပ် ကမ်းမှတစ်ဆင့် မဒဲကျွန်းအနောက် ဘက်ကိုဖြတ်သန်း၍ မြန်မာနိုင်ငံကို ဖြတ်ကာ တရုတ်နိုင်ငံ ယူနန်သို့ ဆက် သွယ်မည်ဖြစ်ပြီး ယင်းပိုက်လိုင်းသည် မိုင် ၄၈၀ (၇၇၁ ကီလိုမီတာ)ဖြစ်သည်။
http://www.yangonmedia.com/news/news_detail.asp?nid=1480 မှ ကူး ယူဖေါ်ပြပါသည်။ ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment